Skip to main content

အမေရိကန်များနှင့် သရဲများ တွေ့ဆုံခြင်း !

အမေရိကန်များနှင့် သရဲများ တွေ့ဆုံခြင်း
----
သရဲတို့သည် မြန်မာသော ဗြိတိသျှသော ဂရုမစိုက်ပေ ။ မစ္စတာလုစ်ဝေါလင်စကီသည် အမေရိကန်လူမျိုးဖြစ်၏ ။ သူသည် ကာလအတန်ကြာသော် မြန်မာနိုင်ငံအစိုးရ၏ စီးပွားရေး အကြံပေးပုဂ္ဂိုလ်ဖြစ်လာ၏ ။ မြန်မာနိုင်ငံ၏ ရာထူးခန့်ထားသည့်အတွင်းမှာ သူသည် ရုက္ခစိုးနတ်နှင့် အလွန်ထူးခြားသည့် အတွေ့ကြုံကို ရရှိလေသည် ။

၁၉၅၈ ခုနှစ်တုန်းက ကျွန်ပ်တို့သည် အင်းလျားကန်ဘေးရှိ အိမ်ကလေး၌ တတိယမြောက်နှစ်အတွက် နေထိုင်ကြပါသည် ။ ထိုနှစ်ထဲ၌ ရှေးဦးစွာ ခြစ်သံများ ရှပ်တိုက်သံများ ရိုက်နှိပ့်သံများ စသည့် ထူးဆန်းသောဆူညံသံများက ကျွန်ပ်တို့ကို ရပ်သတ္တပတ်များစွာ ကာလကြာအောင် နှောက်ယှက်ခဲ့ကြသည် ။ ဤဆူညံသံများသည် ညသန်ခေါင်ချိန်မှာ ရောက်လာပြီး ကျွန်ပ်တို့ကို ခဏခဏ နိုးလိုက်အောင်ပင် အသံပြင်းထန်ကြပါ၏ ။ ကျွန်ပ်တို့သည် ထိုအသံများကိုရေတွက်ရန် အကြိမ်ကြိမ် ကြိုးစားကြပါသော်လဲ မတက်နိုင်ကုန် ။ အိမ်အစေအပါးတို့လဲ မရေတွက်နိုင်ပေ ။ နောက်ဆုံးတွင် အလွန်ဆိုးဝါးလာသောကြောင့် ကျွန်ပ်တို့သည် မြန်မာနိုင်ငံ၌ နေရမည့် ကျန်အချိန်ကာလအတွက် ကမ္ဘောဇ နန်းတော် ( ဝါ ) စထရင်း ဟိုတယ်သို့ ရွေ့ပြောင်းအရေးတကြီး စဉ်းစားရတော့သည် ။ ကျွန်ပ်တို့သည်အိပ့်ရေး အကြီးအကျယ်ပျက်ခဲ့၍ ပိန်ချုံ့လာကြသည် ။ ဤကာလအတွင်းက ၅ နှစ် ၆ နှစ်မျှသာရှိသေးသော 'လူဝစ်' ကလေးက တစ်ညတွင် သူနိုး၍ သူ့ပြတင်းပေါက်၍ သူရပ်နေစဉ် အပြင်ဘက်၌ တည်ရှိသော သစ်ပင်မှ သူ့ကို စိုက်ကြည့်နေသည့် လူတစ်ယောက်၏ မျက်နှာကို မြင်လိုက်ရ၏ဟု တစ်နေ့တစ်၌ ဒေါ်ရော်သီကို ပြောပြလေ၏ ။ နောက်တစ်ခါ ဒေါ်ရော်သီသည် ကလေးများအခန်းသို့ ရှင်းလင်းပြင်ဆင်ရန် သွားသောအခါ ခရစ်ယန်ဘာသာဝင် ကရင်လူမျိုး 'နန်နီ' ခေါ် အမျိုးသမီးသည် ကလေးများ၏ အခန်းထဲ၌ အိပ့်နေ၏ ။ နန်နီသည် ခေါင်းအုန်းအောက်၌ သူ့ ဗိုက်ဗယ် ( သမ္မာကျမ်းစာ ) စာအုပ်ကို ထိုးသွင်းထားသည်အား တွေ့ရှိရ၏ ။ အကာအကွယ်တအတွက် ဖတ်နေသလားဟု မေးကြည့်သော် နန်နီက ထိုမေးခွန်းကို တိုကိရိုက်ဖြေဆိုရန် ငြင်းပယ်၏ ။ ကျွန်ပ်တို့သည် ဤ ကမောက်ကမဖြစ်မှုများနှင့် ပတ်သတ်၍ အစေခံတို့ကို မပြောဖူးချေ ။ သူတို့သည် ဖြစ်ပျက်နေသည့် ကိစ္စများနှင့် ပတ်သတ်၍ သိရှိပြီးဖြစ်တယ်ဆိုတာ ထင်ရှား၏ ။ တစ်နေ့သ၌ ကျွန်ပ်တို့၏ ဒရဝမ် တောသားကလေး ဟန်စိန်သည် ကျွန်ပ်တို့ကို မပြောကြားပဲ သူ့ဘာသာသူ ကြံဆပြီး သစ်ပင်၌ နေ၏ဟု သူ အသေအခြာယုံကြည်အပ်သော သရဲအား ပူဇော်ပသရန် သူ့ဘာသာသူ တာဝန်ယူ လုပ်လေသည် ။ ထို့နောက် မကြာမှီ ကျွန်ပ်တို့သည် ထူးဆန်းသော အတွေ့အကြုံများကို တွေ့ရှိကြရလေတော့၏ ။

ကျွန်ပ်သည် အလွန်ထူးခြားသည့် ခံစားမှုဖြင့် ညသန်ခေါင်ချိန်မှာ နိုး၍ အိပ့်ယာထဲ၌ လုံးဝ ဖြောင့်မတ်စွာ ထိုင်နေ၏ ။ တစ်စုံတစ်ရာ တိုက်တွန်းသော ခံစားချက်က ကျွန်ပ်တို့အိပ့်ယာ အပြင်ဘက်ရှိ ဆင်ဝင်ကို ကြည့်စေရန် ကျွန်ပ်ခေါင်းကို အတင်းလှည့်ခိုင်းလေသည် ။ ဆင်ဝင်သို့သွားသည့် တံခါးပေါက်၌ ထူးဆန်းသည့်ပုံသဏ္ဍာန်တစ်ခုကို ကျွန်ပ် မြင်ရ၏ ။ ယင်းသည် ငါးပေခန့် မြင့်သည့် ဖြူပြာရောင်ရှိသော အုလုံးကြီး ( ဝါ ) အပေါ်ပိုင်းနှင့် သဏ္ဍာန်တူ၏ ။ ကျွန်ပ်သည် ကြောက်လန့်ခံစားချက်နှင့် တစ်ကိုယ်လုံး အေးစက်နေလျက် ထိုဝတ္ထုကြီးကို ထိုင်ကြည့်နေ၏ ။ ထိုအခါမှာပင် ဒေါ်ရော်သီသည် ကျွန်ပ် ( သို့ ) သရဲက ဘာအသံမျှ မပြုပါလျက် လန့်ပြီး နိုးလေ၏ ။ သူက ကျွန်ပ်အားကြည့်လျက် ဘာဖြစ်နေတာလဲ ဟု မေးလေသည် ။ ကျွန်ပ်က စကား မပြောနိုင်ပဲ သရဲကို လက်ဖြင့်ညွှန်ပြလေသည် ။ သူမသည် ကြည့်၏ ။ မြင်လဲ မြင်၏ ။ ထိုအခါမှာပင် ထိုဝတ္ထုကြီးသည် ကျွန်ပ်တို့ မြင်ရာ လမ်းကြောင်းမှ ခွါ၍ ကလေးများ၏ ဆင်ဝင်ဆောင်သို့ ရွေ့လျားသွား ( ဝါ ) ပေါလောမျောသွားလေ၏ ။ ဒေါ်ရော်သီသည် အိပ့်ရာမှ ခုန်ထ၍ ကလေးများကို ကာကွယ်ရန် ကလေးများအိပ့်ခန်းသို့ သွားရာ ကော်ရီဒါ(corrider) သို့ ဆင်းပြေးလေ၏ ။ သို့သော် သရဲကား ပျောက်သွားလေပြီ ။ ကျွန်ပ်တို့ ထိုညမှာ ထက်အိပ့်၍ မရတော့ပေ ။ ထိုအခါကျမှသာလျှင် ဒေါ်ရော်သီက မနေ့ညနေက မိမိသည် ထူးခြားသည့် ခံစားချက်ဖြင့် နိုး၍ ထူးဆန်းသည့် အတွေ့အကြုံကိုလည်း တွေ့ရှိခဲ့ရ၏ ဟု ကျွန်ပ်ကို ပြောပြလေသည် ။ ကုက္ကိုင်းလမ်းပေါ်ရှိ ခပ်ဝေးဝေးမှ လမ်းမီးသည် ကျွန်ပ်တို့အိပ့်ယာ တံတွင်းပေါက်ထဲသို့ အလင်းရောင် အတော်ကလေး ဝင်ရောက်စေ၍ ကျွန်ပ်တို့အိပ့်ယာများနှင့် မျက်နှာချင်းဆိုင်ရှိ ( Almyra ) ပေါ်၌ ကျရောက်လေ့ ရှိ၏ ။ သူမနိုးသည့် ဤည၌ကား ထူးဆန်းသည့် အရိပ့်များသည် ငှက်ပျောပင် အရွက်ကြီးများကဲ့သို့ Almyra ပေါ်မှာ ယိမ်းထိုးနေသည် ။ သို့ရာတွင်ထူးဆန်းသည်မှာ ကားလမ်းမီးနှင့် ကျွန်ပ်တို့ အိပ့်ယာတံတွင်းပေါက် ကြားတွင် ထိုကဲ့သို့ အရိပ့်ကို ဖြစ်စေနိုင်သည့်အရာ ဘာမျှ မရှိခြင်းပင်တည်း ။ ကျွန်ပ်သည် ဒေါ်ရော်သီအား ဒါကို ထူးဆန်းသည်ဟု အထင်ဘူးလား ။ အဘယ်ကြောင့် ငါ့ကို မနိုးခဲ့သနည်းဟု မေးသောအခါ သူမက ရှင်ဟာ အလွန်ပင်ပန်းစွာ အလုပ်လုပ်နေရပြီး လွန်ခဲ့သော ရက်များအတွင်းက အလွန့်အလွန် အိပ့်ရေးပျက်ထားသည် ဖြစ်သောကြောင့် ကျွန်မသည် ရှင့်အား ဤဖြစ်ရပ်နှင့် ဒုက္ခမပေးလိုဘူးဟု ပြန်ပြောလေသည် ။

ဤအတွေ့အကြုံတွေ့ရပြီးနောက် မကြာမီပင် ကျွန်ပ်တို့သည် တစ်ညနေမှာ မိတ်ဆွေများနှင့် အစည်းအဝေးမှာ တွေ့စုံကြရာ ဒေါ်မြစိန်နှင့်အတူထိုင်နေကြရာ ကျွန်ပ်က ကျွန်ပ်၏ အတွေ့အကြုံကို ပြောပြလေ၏ ။ သူမက " အို ဒါသိပ့်ရှင်းပါတယ် ။ သင့်မှာ သင့်သစ်ပင်တွင်နေသည့် သရဲရှိတယ် ။ အဲ့ဒီ့သရဲက သင်နဲ့ဆက်သွယ်ဖို့ ကြိုးစားတာဖြစ်တယ် ။ သို့သော် သင့်အစေခံက ထိုသရဲကို ပူဇော်ပသတဲ့အခါ သရဲက ကိုယ်ထင်ပြတာဖြစ်တယ် " လို့ ဆို၏ ။ ဒါနဲ့ပတ်သတ်၍ ကျွန်ပ်တို့ ဘာလုပ်သင့်သလဲဟု မေးသောအခါ ဒေါ်မြစိန်က ဤသို့ ပြောကြားလေ၏ ။ " အလွန်ကျမ်းဂန်တက်တဲ့ သီလနဲ့ ပြည့်စုံတဲ့ သူကြည်ညိုလှတဲ့ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးနှင့်နောက်ပါ ရဟန်း နှစ်ပါး အိမ်သို့ ပင့်ပေးနိုင်ပါတယ် ။ ကျွန်ပ်တို့က ရဟန်းအား ဆွမ်းကပ်ရပါမည် ။ ထိုသရဲက ကျွန်ပ်တို့အား နောင်တွင် မနှောက်ယှက်နိုင်အောင် ကျွန်ပ်တို့အတွက် သရဲနှင့် ဖြန်ဖြေပေးရန် ထိုရဟန်းများကို သူမက လျှောက်ထားပေးပါမည် ။ အနောက်တိုင်း၌ ပညာသင်ခဲ့ပြီး ဒေါက်တာဘွဲ့ရခဲ့သော အမျိုးသမီးဖြစ်သူ ဒေါ်မြစိန်က ကျွန်ပ်တို့၏ အဖြစ်အပျက်ကို အခိုင်အမာ လက်ခံပြီး ယင်းနှင့်ပတ်သတ်၍ ထိုကဲ့သို့ ရှင်းပြနိုင်ဘိ၏ဟု ကျွန်ပ် သဘောကျ အားရသွား၏ " ။ ထို့ကြောင့် ကျွန်ပ်သည် ကျေးဇူးတင်စွာဖြင့် သူမ၏ ကမ်းလှန်းချက်ကို လက်ခံလိုက်၏ ။

နောက်တစ်ရက်နှစ်ရက်အကြာတွင် အစီအစဉ်များကို ပြုလုပ်သော် ရဟန်းများ ကျွန်ပ်အိမ်သို့ ရောက်လာပါသည် ။ ဒေါ်မြစိန် ပြန်ပြောပြသော မထေရ်တို့၏ ဆုတောင်းမှုသည် " ကျွန်ပ်သည်မြန်မာနိုင်ငံ၏ မိတ်ဆွေကြီး လူကောင်းတစ်ယောက်ဖြစ်၏ ။ ကျွန်ပ်သည် နိုင်ငံနှင့် နိုင်ငံသားများအကျိုးအတွက် အစွမ်းကုန်ကြိုးစားပြီး အလွန်ပင်ပန်းစွာ အလုပ် လုပ်နေသူဖြစ်၏ ။ ကျွန်ပ်သည် သရဲကလုပ်သည့် ဆူညံသံများကြောင့် ညပေါင်းများစွာ အိပ့်ရေးပျက်ခဲ့ရ၏ ။ ယနေ့မှစ၍ ကျွန်ပ်တို့အား အေးအေးချမ်းချမ်းနေခွင့်ပေးလျှင် သရဲအား အလွန်ကျေးဇူး ဥပကာရတင်ရှိပါမည် " ဟု ပြောလေသည် ။ ထို့နောက်ရဟန်းများ မကြာမီ ထွက်ခွါသွားကြလေတော့၏ ။ ဤနောက်မှစ၍ ရက်ပေါင်းများစွာတိုင်အောင် ကျွန်ပ်တို့သည် ဘာဆူညံသံမျှ မကြားရတော့ပေ ။

( ဦးနု နှင့် မိတ်ဆွေတို့ ပြောဆိုကြသော မှတ်တမ်း ) ( " လမ်း " အမည်ရှိ ဦးနု စီရင်ပြုစုသော ကျမ်း - စာ -၅၅ မှ ၅၉ အား မှီငြမ်းရေးသားသည် )

#htoohtoolay

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...