Skip to main content

ထူးဆန်းသော ပြပွဲ !

ထူးဆန်းသော ပြပွဲ!
------

ဝါးခယ်မမြို့နယ်၌ မြို့ကလေး တစ်မြို့ရှိ၏ ။ ဤမြို့ကလေးမှာ အရာရှိများအတွက် ဗိုလ်တဲတစ်ခု ရှိ၏ ။ ထိုဗိုလ်တဲကား သရဲ ကျက်စားရာ နေရာဖြစ်၏ ။ သန်ခေါင်အချိန်လောက်မှာ သရဲသည် အရာရှိ အိပ့်ခန်းထဲဝင်၍ သူ့ကိုနှိုးပြီး အရာရှိကို ထွက်ပြေးအောင် ခြောက်လှန့်ရန် ကြောက်ဖွယ်ကောင်းသည့် အသွင်သဏ္ဍာန် အဆင်းများကို ပြပေလိမ့်မည် ။ ဤ ကြောက်ဖွယ်ကောင်းသည့် အသွင်သဏ္ဍာန်များတွင် အောက်ဖေါ်ပြပါများနှင့် အခြားသော အရာတချို့ ပါဝင်ကြ၏ ။

- သူ၏ အရပ်သည် အိပ့်ခန်း၏ မျက်နှာကြပ်ထိအောင် ကြီးမြင့်လိမ့်မည် ။ ထိုအခြေနေမှတစ်ဖန် အရပ်သည် ကြမ်းပြင်ပေါ်မှ တစ်ပေခန့်တာ ရှိသည်အထိ ကျုံ့(ပု) သွားလိမ့်မည် ။

- သူ့၏ ဦးခေါင်းသည် စူထွက်နေသည့် မျက်လုံးကြီး နှစ်လုံးနှင့်တကွ အလွန်ကြီးမားသည့် သပိတ်လုံးကြီးနှင့် တူသည်အထိ ကြီးထွားလိမ့်မည် ။

- သူသည် မိမိလျာကို ကြမ်းပြင်ထိသည်အထိ ဆွဲထုတ်ပြလိမ့်မည် ။

- သူသည် မိမိပါးစပ်ကို ဖွင့်ဟ၍ ကြောက်ဖွယ် အံ့ဖွယ်များကို ပြလိမ့်မည် ။

မြန်မာလူမျိုး အိန္ဒိယလူမျိုးများ ဖြစ်ကြသည့် မည်သည့်အရာရှိများမှ ထိုပြပွဲတစ်ခုလုံးကို အစအဆုံး တောက်လျှောက် ထိုင်မကြည့်နိုင်ပေ ။ ထိုသူအများစုသည် ပြပွဲ၏ ပထမအစီစဉ် မဆုံးခင်မှာပင် အော့အန်ပြီး ထွက်ပြေးကြလိမ့်မည်ဖြစ်၏ ။

တစ်နေ့သ၌ နယ်ပိုင် အရာရှိအသစ်သည် ထိုဗိုလ်တဲသို့ ရောက်လာ၏ ။ သူသည်ကား ဗြိတိသျှလူမျိုး ဖြစ်လေသည် ။ ညသန်ခေါင်လောက်မှာ တစ္ဆေသည် ထုံးစံအတိုင်း ရောက်လာ၏ ။ သူသည် ဗြိတိသျှ အရာရှိကို နှိုး၍ ကြောက်ဖွယ်အသွင်သဏ္ဍာန်များကို စတင်ပြလေတော့၏ ။

ဗြိတိသျှ အရာရှိသည် အနှိုးခံရသဖြင့် စိတ်ဆိုးသွား၏ ။ သို့ရာတွင် သူသည် တစ္ဆေခြောက်ပွဲကို မြင်ရသည်နှင့် တစ်ပြိုင်နက် မိမိစိတ်ဆိုးတာကို မေ့ပျောက်သွား၏ ။ သူသည် ထို ပြပွဲကို ကြည့်ရှုနေစဉ်မှာ တစ္ဆေသရဲကို ပဉ္စလက်ဆရာအဖြင့် ထင်သွားကာ " ဒီလောက်ငယ်သည့် မြို့ကလေးသည် အံ့ဖွယ်ကောင်းသည့် ပဉ္စလက်ဆရာကို ဘယ်လို မွေးထုတ်နိုင်တယ်ဆိုတာ အံ့သြသွာမိ၏ ။ ထိုမျှ အံ့ဖွယ်ကောင်းသည့် ပဉ္စလက်ဆရာကို ကမ္ဘာကျော်အောင် လုပ်နိုင်စွမ်းမရှိသည့်အတွက် မြန်မာများကို သူက တိတ်တဆိတ်ပင် ကျိန်ဆဲနေမိသေး၏ ။ သူသည် ပြပွဲအစီစဉ် တစ်ခုပြီးတိုင်း တအားကုန် သြဘာပေးခြင်းဖြင့် ပြပွဲ၌ ရိုးစားဖြောက်မတ်သည့် စိတ်ဝင်စားမှုကို ပြခဲ့သည် " ။

 တစ်နာရီလောက်ကြာသော် တစ္ဆေသည် ခြောက်လှန့်နေရသဖြင့် မောပန်းသည့် လက္ခဏာများကို ထင်ထင်ရှားရှားပြလာပြီး ဗြိတိသျှ အရာရှိကို အံ့သြစွာဖြင့် စိုက်ကြည့်လေတော့သည် ။ ထိုအခြင်းရာကို ဗြိတိသျှ အရာရှိက ပြပွဲပြီးပြီဟု ထင်သွားလေ၏ ။ ထိုအခါ သူက တစ္ဆေကို ပဉ္စလက်ဆရာအထင်နှင့် ဆုချရန် ငွေ ၅၀ ကို သွားယူလေသည် ။ သူသည် ငွေ ၅၀ နှင့် အတူ နီးကပ်စွာ ရောက်ရှိလာသောအခါ တစ္ဆေမှာ ရုတ်တရက် ပျောက်ကွယ်သွားလေ၏ ။ ထိုအခါမှပင် ဗြိတိသျှအရာရှိက " ပဉ္စလက်ဆရာသည် ပြပွဲ၏ အဆုံးသတ်အဖြင့် အထူးအစီအစဉ်အရ ဒါလုပ်ပြသွားခြင်း ဖြစ်၏ " ဟု ထင်လေ၏ ။

တစ္ဆေသည် အတန်ကြာသည့်တိုင် ထပ်မပေါ်လာသောအခါ ဗြိတိသျှအရာရှိသည် အိပ့်ခန်းတံခါးကို ဖွင့်၍ -

 " ပဉ္စလက်ဆရာကြီး ငါမနက်ဖြန် ဒီမှာ ရှိအုန်းမယ် ။ တစ်ခါလာပါဦး ။ ကျွန်ပ်၏ ထက်သန်ဖြူစင်ဆုံးသော ဝမ်းသာစကား ပြောကြားချက်များကို လက်ခံပါဦး " ဟူ၍ အော်ပြောလိုက်လေသတဲ့ ။

#htoohtoolay

myothetzaw23.blogspot.com

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...