Skip to main content

ဘဝသံသရာ ( ဟိႏၵဴ ) 

ဘဝသံသရာ ( ဟိႏၵဴ )
---
ရုပ်လောက ကမ္ဘာလောကကြီးမှာ ရုပ်ကိုအမှီပြုပြီး အသက် စိတ်နဲ့ ဝိညာဉ်တို့ဟာ ဖြစ်ပေါ်လာရတာဖြစ်ပါတယ် ။ သတ္တဝါတို့ရဲ့ ဝိညာဉ်ဟာ ရုပ်ကိုယ်ထည် ရယူလိုက်တာကြောင့် မွေးဖွားခြင်းဆိုတဲ့ ဇာတိဖြစ်ပေါ်လာရခြင်းသာ ဖြစ်ပါတယ် ။ ရုပ်လောကကြီးမှာ လူုပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အဖြင့် ထင်ရှားရပ်တည်နိုင်ဖို့အတွက် အခုလို မွေးဖွါးခြင်း ဇာတိကို ရယူခြင်းတာဖြစ်ကြောင်း ဒီလိုဆိုပါတယ် ။

ဒါပေမယ့် အခုလို ရုပ်ခန္ဓာကိုယ်ကို ရယူလိုက်တာဟာ မတော်တဆ ရုတ်တရက် ရုပ်လောကကြီးထဲကို ရောက်ရှိလာခဲ့တာလိုတော့မဟုတ်ပါဘူး ။ သတ္တဝါတိုင်းမှာ အတိတ်ဘဝနဲ့ အနာဂတ်ဘဝတို့က ရှိနေကြသည်သာဖြစ်ကြောင်း ဆိုပါတယ် ။ အသက်ဝိညာဉ်ဆိုတာမှာ လူသတ္တဝါအပေါင်းတို့ရဲ့ မွေးဖွါးခြင်းကြောင့် ထူးခြားစွာ ပေါ်ထွက်လာတဲ့ အရာတစ်ခုဖြစ်ပြီး ကွယ်လွန်တဲ့အခါမှာလဲ ထူးဆန်းစွာပဲ ပျောက်ကွယ်သွားတက်တဲ့ အရာဝတ္ထုမျိုးတော့ မဟုတ်ပါဘူး ။ ပုဂ္ဂိုလ်သတ္တဝါတို့ရဲ့စိတ်နဲ့ ကိုယ်တို့ဟာ အမြဲတစေပြောင်းလဲနေတက်တဲ့ သဘောရှိပါတယ် ။ လက်ရှိဘဝဟာ အတိတ်ဘဝက ကူးပြောင်းလာခဲ့ရတယ်ဆိုတဲ့ ကိစ္စများမှာဖြစ်စေ / နောင်အနာဂတ်ဘဝကို ကူးပြောင်းသွားရမဲ့ အလားအလာရှိတယ်ဆိုတဲ့ ကိစ္စမှာဖြစ်စေ သတ္တဝါတို့ရဲ့ ဝိညာဉ်က ပြောင်းလဲခြင်း မရှိကြပါဘူးလို့ဒီလိုဆိုပါတယ် ။

ရုပ်ခန္ဓာကိုယ်မှာ အမှီပြုရပေမယ့် ဝိညာဉ်ရဲ့ သဘောသကန်ယမှာ စိတ်ပိုင်းအခြေနေရှိနေပါတယ် ။ ပုဂ္ဂိုလ်သတ္တဝါတွေမှာ ရှိတဲ့အရာများအနက် ဝိညာဉ်ဟာ ထာဝရ တည်မြဲနေပါတယ် ။ လူရဲ့ ဝိညာဉ်ဟာ ရုပ်ခန္ဓာကိုယ်ကြောင့် ပေါ်ပေါက်လာရတဲ့ အကျိုးဆက်တစ်ခုတော့ မဟုတ်ပါဘူး ။ ရုပ်ခန္ဓာကိုယ် လှုပ်ရှားမှုရဲ့ အသွင်သဏ္ဍာန်တစ်ခုလဲ မဟုတ်ပါဘူး ။ ဒါပေမယ့် ဝိညာဉ်ဟာ ဒီလောကကြီးမှာ မိမိရဲ့ အလုပ်များကို လုပ်ကိုင်နိုင်ဖို့အတွက် ရုပ်ခန္ဓာကိုယ်ကြီးလိုအပ်တာမှာ အမှန်ဖြစ်တယ် ။

မျက်မှောက်ဘဝ ခန္ဓာကိုယ်မှာ သက်ဝင်လှုပ်ရှားမှု မရှိသေးမီ အချိန်ကတည်းက ဝိညာဉ်ဟာ တည်ရှိနေပြီဖြစ်တဲ့အပြင် လက်ရှိဘဝ ရုပ်ခန္ဓာကိုယ် ချုပ်ငြိမ်းသွားပြီး နောက်ကာလတွင်လဲ ဆက်လက်တည်ရှိနေလိမ့်မှာဖြစ်တယ်လို့ ဒီလိုဆိုပါတယ် ။ ရုပ်ဒြပ်ကြီး ပျက်ဆီးပြိုကွဲမှုနဲ့ ရုပ်ရဲ့အသွင်သဏ္ဍာန် ပြောင်းလဲသွားမှုတို့မှာ သက်ရှိ သတ္တဝါတိုင်း အမြဲတွေ့ကြုံရတဲ့ ကိစ္စတာဖြစ်တယ် ။ ဘဝတစ်ခု အဆုံးသတ်သွားခြင်းဟာ အခြားဘဝတစ်ခု ဖြစ်ပေါ်လာဖို့ လမ်းခင်းပေးခြင်းတာ ဖြစ်ပါတယ် ။

သံသရာရဲ့ လွတ်မြောက်ရေးမှာ ဘဝ တစ်ခုတည်းနဲ့ မရပါဘူး ။ ဒီဘဝမှာ ကြိုးစားသလိုပဲ နောက်ဘဝတွေမှာလဲ ကြိုးစားရမှာဖြစ်တယ် ။ ထာဝရဘုရားသခင်ရဲ့ မေတ္တာကရုဏာတော်မှာ အကန့်အသတ်မရှိတာကြောင့် သံသရာမှာ လွှတ်မြောက်ရေးကို ဆောင်ရွက်ဖို့ တစ်ဘဝမှာ မရလိုက်ပါက လွတ်မြောက်ရေးကို ဆောင်ရွက်ပြီးနိုင်တဲ့အထိ အခြားဘဝများမှာလဲ ကြိုးပမ်းရမယ်လို့ ဆိုတယ် ။

ပုဂ္ဂိုလ်သတ္တဝါတို့ရဲ့ ဝိညာဉ်ဟာ တစ်ဘဝမှ တစ်ဘဝကို ပြောင်းရွေ့သွားလာနေတယ် ။ မိမိရဲ့ ယခုဘဝမှာ တွေ့ကြုံရတဲ့ ကောင်းကျိုး ဆိုးကျိုးတို့ဟာ အတိတ်ဘဝက လုပ်ငန်းများကို အမှီပြုနေခြင်းတာဖြစ်ပါတယ် ။ အတိတ်ဘဝက ပြုခဲ့တဲ့ ကောင်းမှု မကောင်းမှုတို့ဟာ ပျောက်ကွယ်ခြင်း မရှိဘူးလို့ ဆိုတယ် ။ လူတို့သေဆုံးပြီး ခန္ဓာကိုယ် ပျက်ဆီးသွားတဲ့အခါ အဲ့ဒီ့လူနောက်ကို အစဉ်တစိုက် လိုက်နေခြင်းဟာ ဓမ္မတရားပင်ဖြစ်တယ်လို့ ဒီလိုယုံကြည်ကြပါတယ် ။ ယခုဘဝမှာ တွေ့ခွင့်ရတဲ့ အကျင့် စာရိတ္တနဲ့ အသိညာဏ်အမြင် ပညာတို့နဲ့အတူ နောက်ဘဝကို ရောက်ရှိသွားတယ် ။ ယခုဘဝမှာ ပြုလုပ်ခဲ့တဲ့ အလုပ်များကပဲ နောက်ဘဝမှာ အမိန့်ပေးနေခြင်းဖြစ်နေပါတယ် ။ ယခုဘဝမှာ တွေ့ကြုံရတဲ့ အခြေအနေမျိုးကို နောက်ဘဝမှာ တွေ့ကြုံရတယ် ။ လူသားတို့သေဆုံးတဲ့အခါ ယင်းရဲ့ မျိုးစေ့ကျန်ခဲ့တယ် ။ အဲ့ဒီ့မျိုးစေ့ကနေ အပင်ပေါက်တာပါပဲ လို့ ဒီလိုယုံကြည်ကြပါကြောင်း . . . . . . .

#htoohtoolay

myothetzaw23.blogspot.com

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...