Skip to main content

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ကရုဏာဖြင့် အသိပေးခြင်း !

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ကရုဏာဖြင့် အသိပေးခြင်း !
-----
ခင်ဗျားတို့က ဘုရားနားသွားပြီး ရှေ့ကနေ ပိတ်ထိုင်။ ပြီးတော့ ကျယ်လောင် ကျယ်လောင် ဘုရား ရှိခိုး ကြတယ်။ တကယ် ဆို ခင်ဗျားတို့ ဟာက ကျက်ထားတဲ့ စာ မေ့မှာစိုးလို့၊ ဘုရားရှေ့သွား စာပြန်နေတာနဲ့ တူနေ တယ်။ ဘာလို့လဲ ဆို၊ ပါးစပ်ကသာ ဆိုနေတာ၊ စိတ်က ဘုရားဆီ ရောက်မှ မရောက် ကပဲ။ နှုတ်တက် ရနေ လို့သာ စာက ဆုံးသွားတာ၊ ဒီတော့ စာပြန်နေတာနဲ့ အတူတူ ပဲ။ ပြီးတော့ ဆု က တောင်းကြသေးတာ။ ဒီလို ဘုရား ရှိခိုးရတဲ့ အတွက်ကြောင့် ပဋိသန္ဓေ အို၊ နာ၊ သေ ဘေးက လွတ်ရပါလို၏၊ လွတ်ပါရစေ တဲ့။ ဒီဆုမျိုးကို ဘယ် ဘုရား က ပေးလိမ့်မလဲ။ ဘုရားက ပေးနိုင်တာ မှ မဟုတ် ပဲ။ ဒါကို ခင်ဗျား တို့ ဇွတ်တောင်း တယ်။ ဘုရား ကို နားပူနားဆာ လုပ်တယ်။ ရုပ်ထုတော် ချည်း မို့လို့ သာပေါ့ဗျာ၊ သက်တော် ထင်ရှား ဘုရားသာ ဆို "နားငြီးတယ်" ဆိုရင်း ခြေထောက် နဲ့ ဆီးပြီး ကန်ချင်စရာ။ အဲ့တော့ ... ခင်ဗျားတို့ဟာ အင်မတန် အတောင်း အရမ်း ထူတဲ့လူတွေ။ အတောင်းအရမ်း ထူတဲ့ လူ ဆိုတာ ဘာအမျိုးတုံး ဆို - သူတောင်းစားမျိုး ဗျ။ ဒါမျိုးက ဆုတောင်း ယူလို့ ရတာ မဟုတ်ဘူး။ လုပ်ယူ၊ ကြိုးစား ယူမှ ရပါတယ်။ ဒါ့ကြောင့် တစာစာ တောင်းမနေ ကြပါနဲ့။ တန်ရာ တန်ကြေး လုပ်အားပေးပြီး ယူကြပါ။ ( မိုးကုတ် (၁) နှာ - ၃၀၄ )

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...