သိမ်မွေ့သော ဒိဋ္ဌိကြောင့် ဝိစိကိစ္ဆာ မကင်းကြောင်း
-----
သမ္မသနညာဏ်နဲ့ ပြည့်စုံတဲ့ ယောဂီဟာ ဒိဋ္ဌိဝိသုဒ္ဓိ သင်္ခါရဝိတရဏဝိသုဒ္ဓိ တို့ကို ရခြင်းကြောင့် စင်ကြယ်သော အမြင်အယူရှိသည်ကား မှန်ပါပေတယ် ။ သို့သော်လဲ မဂ်ဖြင့် အကြွင်းမဲ့ မနုတ်မပယ်ရသေးသောကြောင့် သိမ့်မွေ့တဲ့ ဒိဋ္ဌိအလိုအရ ((( ငါက ရှုတယ် ။ ငါ့ရဲ့ ရှုမှုလို့ စွဲလမ်းတယ် ))) ဆိုတဲ့ အဲ့ဒီ့စကားကို အဋ္ဌကထာဆရာတို့က ဆိုပါတယ် ။
ငါကောင် မဟုတ်တဲ့ သင်္ခါရတရားတို့ကိုတာ ငါကောင် မဟုတ်တဲ့ သင်္ခါရတရားတွေကိုရှုမှတ်သိမြင်နေတယ်လို့ မှတ်ခိုက် မှတ်ခိုက်မှာ ထင်မြင်သဘောကျရင် အဲ့ဒီ့ယောဂီရဲ့ ရှုမှတ်မှုဟာ ((( ဒိဋ္ဌိကို ပယ်နုတ်နိုင်သောကြောင့် ))) ဒိဋ္ဌိဥဂ္ဃါဋန မည်ပါတယ် ။ အထူးကို ထက်ထက်သန်သန်ဖြစ်တဲ့ အနတ္တာနုပဿနာပဲ ဖြစ်တယ် ။
ဧဝံ သင်္ခါရေ အနတ္တတော ပဿ ဒိဋ္ဌိသမုဂ္ဃါဋနံ နာမ ဟောတိ ။ ( ဝိသုဒ္ဓိမဂ် ၂-၂၆၄ )
အဲ့ဒီ့ မှတ်အပ် မှတ်အပ်တဲ့ နှစ်ရပ်သော သင်္ခါရတို့ကို ငါကောင်မဟုတ်တဲ့ သဘောတရားမျှသာပဲဆိုပြီး ရှုမြင်တဲ့ ယောဂီဟာ အဲ့ဒီ့ ရှုမြင်မှုက ဒိဋ္ဌိသမုဂ္ဃါဋန ဖြစ်ပါတယ် ။
အကြင်အခါမှာ အနတ္တာနုပဿနာဟာ အတ္တကောင်မဟုတ် ငါကောင်မဟုတ်လို့ အဲ့ဒီ့ ရှုမြင်မှုက ထက်မြတ် ရဲရင့်သန့်ရှင်းပါတယ် ။ အနိစ္စာနုပဿနာ / ဒုက္ခာနုပဿနာ ၂ ပါးလဲ ဖြစ်တယ် ။ အနတ္တာနုပဿနာ ဆီ လိုက်ပြီး ဖြစ်ကုန်တယ် ( ရှေးဦးစွာ အနတ္တဟု သိမြင်သဘောကျသည် ။ နောက်မှ အနိစ္စ ဒုက္ခ ဟု ဆင်ခြင်သည်ကို ဆိုလိုသည် ) ။ အနတ္တာနူပဿနာ အထူးထက်သန်ပြီးဖြစ်တဲ့အခါ အဲ့ဒီ့ ယောဂီသည် ဒိဋ္ဌိကို ပယ်နုတ်ခြင်း ပြုအပ်ပါပေတယ် ။ ( မဟာဋီကာ ၂ - ၄၁၆ )
#htoohtoolay

Comments
Post a Comment