ဟာရီပရိုက်စ်နှင့် ခေတ်ပေါ် သရဲဖမ်း ကိရိယာ
-----
သရဲဖမ်းတယ်ဆိုတာဟာ သရဲခြောက်တယ်လို့ သတင်းပို့တဲ့ ( ကျော်ကြားနေတဲ့ ) နေရာများကို ထောက်လှမ်းတာပဲဖြစ်ပါတယ် ။ ဟာယ်ရီပရိုက်စ်ကို ၁၈၈၁ ခုနှစ်က လန်ဒန်မြို့မှာ မွေးဖွါးခဲ့ပါတယ် ။ ဖခင်ကတော့ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ပြီး နယ်လှည့်ပြီး ဈေးရောင်းတဲ့ ဈေးသည်တစ်ဦးလဲ ဖြစ်တယ် ။ ပရိုက်စ်ဟာ ၈ နှစ်သားအရွယ်က မျက်လှည့်ပွဲတစ်ခုကို ကြည့်ခဲ့ဖူးတယ် ။ အဲ့ဒီ့မျက်လှည့်မှ သဘာဝလွန်ဖြစ်ရပ်တွေကို သိပ့်ကိုစိတ်ဝင်စားခဲ့တယ်လို့ဆိုကာ ထိုအချိန်ကနေစပြီး မှော်ပညာရပ်တွေကို သူဟာ အပြင်းအထန် လေ့လာတော့တာပါပဲ ။ ပရိုက် ဘွဲ့ရပြီးချိန်မှာ အလုပ်မျိုးစုံလုပ်ခဲ့ပြီး ဂျာနယ်လစ်တစ်ယောက်လဲ ဖြစ်ခဲ့တယ် ။ အဲ့ဒီ့အချိန်က ပစ္စည်းအမြောက်အများ အမွေဆက်ခံရရှိသူ ကွန်စတင့်မေရီနိက်ထ် နဲ့ တွေ့ကြကာ လက်ထပ်ခဲ့ပါတယ် ။ အဲ့ဒီ့ နောက်မှာတော့ သူဟာ အလွန်စိတ်ဝင်စားလှတဲ့ သဘာဝလွန်ကို ဇောက်ချလုပ်ကိုင်ခွင့်ကို အပြည့်အဝ အကောင်အထည်ဖေါ်ပါတော့တယ် ။ အဲ့ဒီ့နောက်တော့ သူဟာ ၁၉၂၀ ဝန်းကျင်မှာ အင်္ဂလန် တစ်နိုင်ငံလုံးက အကျော်ကြားဆုံး သဘာဝလွန်ဖြစ်ရပ်ကို လေ့လာသူတစ်ယောက်အဖြစ်ယောက် ဖြစ်လာပါတော့တယ် ။
သူ့ရဲ့ ထူးဆန်းတဲ့ အတွေ့အကြုံတွေကို နည်းနည်းပြောရရင်တော့ စတယ်လာကို နတ်ဝင်သည်အဖြင့်ထားပြီး ဝိညာဉ်ခေါ် စမ်းသပ်ခြင်းကို ပြုလုပ်ခြင်းပါပဲ ။ စမ်းသပ်မှုအစမှာ စတယ်လာကို ပါလ်မာအမည်ရှိတဲ့ ဝိညာဉ်တစ်ကောင်က ပူးကပ်လာပြီး စားပွဲကို လက်နဲ့ခေါက်ပြီး အချက်ပေးပါတော့တယ် ။ အဲ့ဒီ့ဝိညာဉ်ဟာ ထိုအရာတင်မက အချက်ပြတဲ့အနေနဲ့ အခန်းအတွင်းမှာရှိတဲ့ အရာဝတ္ထုတွေကို ရွေ့လျားမှုတွေ ပြုလုပ်ပြခဲ့တယ် ။ အဲ့ဒါအပြင် ပရိုက်စ်ရဲ့ တာမိုမီတာကိရိယာမှာလဲ အပူချိန် ချက်ခြင်းကျသွားတာကို မှတ်တမ်းတင်နိုင်ခဲ့တယ် ။ နောက်ဆုံးမှာ ဒီ့ထက် အလွန်ကို အံ့သြစရာကောင်းတဲ့ အပြုအမူမျိုးကို လုပ်ပြခဲ့ပါတယ် ။ အဲ့ဒါဟာ ပါဝင်စမ်းသပ်သူများ ဝိုင်းထိုင်နေကြတဲ့ ဝက်သစ်ချသားနဲ့ ပြုလုပ်ထားသော အလွန်လေးလံတဲ့ စားပွဲကြီးကို အခန်းအတွင်း အမြင့်ကြီးမြောက်ပြီး လွှတ်ချလိုက်ခြင်းပါပဲ ။ စားပွဲဟာ ထောက်များကျိုးသွားတာနဲ့တစ်ပြိုင်နက် စမ်းသပ်သူတွေဟာလဲ အထိတ်တလန့်တွေ ဖြစ်သွားခဲ့ပါတယ် ။ အဲ့ဒီ့ စမ်းသပ်ချက်များကနေ စတယ်လာမှာ ထူးခြားစွမ်းအားရှိပြီး အရာဝတ္ထုများကို စိတ်နဲ့ ရွေ့လျားနိုင်တယ်လို့ ပရိုက်စ်က မှတ်ချက်ချခဲ့တယ် ။ အဲ့ဒီ့နောက်မှာတော့ National Laboratory for Psychical Research ကို တည်ထောင်လိုက်ပါတော့တယ် ။ ၁၉၂၆ ခုနှစ်နောက်ပိုင်းမှာ စမ်းသပ်မှုများကို ဓါတ်ခွဲခန်းမှာ ပြုလုပ်ခဲ့တယ် ။
ဟာရီပရိုက်စ်ဟာ သရဲခြောက်တယ်လို့ နာမည်ကျော်တဲ့ ဘော်လီအိမ်တော်ကို ၁၉၂၉ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်အထိတိုင်အောင် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစပိုင်းမှာ နာမည်ကျော် ဂျာနယ်လစ်ဖြစ်သူ ဗွီစီဝေါလ် နဲ့ သူရဲ့ ကိုယ်ရေးအရာရှိ မစ်စ်လူစီကေးတို့နဲ့အတူ သွားရောက်စမ်းသပ်ခဲ့တယ် ။ နောက်ပိုင်းမှာတော့ လူ ၄၀ ကျော်ပါဝင်တဲ့ စမ်းသပ်မှုတွေ ပြုလုပ်ပါတယ် ။ တစ္ဆေခြေသံ / ထူးဆန်းတဲ့ အလင်းရောင်တွေ / တီးတိုးစကားပြောသံတွေ / ခေါင်းပြတ်ပုံတွေ / အဖြူရောင်မိန်းကလေး / မြင်းလှည်းမောင်းသံ / အိမ်ဆောက်ခဲ့သူ ဟင်နရီဘူးလ်က ကိုယ်ထင်ပြမှုတွေ / တစ္ဆေသီလရှင်တွေ / ထူးဆန်းတဲ့ ခေါင်းလောင်းသံတွေ စတာတွေကို တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ် ။ အဲ့ဒီ့အကြောင်းလဲ သူဟာ စာအုပ်တစ်အုပ် ထုတ်ဝေခဲ့တယ် ။ စာအုပ်အမည်က The End of Borley Rectory ဖြစ်ပါတယ် ။
အဲ့ဒီ့ သရဲ ရယ် နတ်ဝင်သည်ရယ် စတဲ့ ထူးဆန်းစွာ ဆက်သွယ်ပုံကို သိပ္ပံနည်ကျ သက်သေပြဖို့အတွက် ကိရိယာတွေ တီထွင်ခဲ့ပါတော့တယ် ။ သူဟာ အင်ဂျင်နီယာ တစ်ယောက်မဟုတ်သော်လဲ လျှပ်စစ်ပညာနဲ့ စက်မှုအင်ဂျင်နီယာအတက်ပညာတို့မှာ ဆရာတစ်ဆူနီးပါး ဗဟုသုတ စုံလင်သူဖြစ်ပါတယ် ။ ကိရိယာတစ်ခုမှာ ခလုတ်များနဲ့ မီးလုံးအနီတစ်လုံးတို့ဆက်နွယ်ထားပြီး ခလုတ်များကို ဖန်ထည်အဖုံးနဲ့ အသေအုပ်ဆိုင်းထားပါတယ် ။ စမ်းသပ်မှုပြုစဉ် တစ်စုံတစ်ယောက်မှာ ခလုတ်ကို လျှို့ဝှက်စွာ မထိနိုင်အောင်ဖြစ်တယ် ။ စမ်းသပ်ပုံကတော့ ဝိညာဉ်ကို အဲ့ဒီ့ခလုတ်နှိပ့်ခိုင်းဖို့ ပါဝင်တာကြောင့်ပဲဖြစ်ပါတယ် ။ အခါပေါင်းများစွာ နှိပ်ပါမှ မီးနီက လင်းမှာဖြစ်တယ်။
ဒါနဲ့အတူပဲ နောက်ကိရိယာတစ်ခုမှာ ဝိညာဉ်ခေါ်ပွဲလုပ်ရာမှာအသုံးပြုတဲ့ စားပွဲကိုလဲ နှစ်ထပ်ဖြစ် ကာပြီး သာမန်လက်နဲ့ မထိတွေ့နိုင်အောင် အတွင်းပိုင်း အထပ်မှာ တူရိယာ ခလုတ်များ ထည့်သွင်းထားတယ် ။ စမ်းသပ်ရာမှာတော့ ဝိညာဉ်ကို ထို တူရိယာ တီးခိုင်းဖို့ပဲ ဖြစ်ပါတယ် ။ စမ်းသပ်ချက်တွေ ပြုလုပ်တဲ့အခါမှာတော့ အံ့သြစရာကောင်းလောက်အောင် ထိုခလုတ်တွေဟာ အလုပ် လုပ်လာတာကို တွေ့ကြရပါတယ် ။ အဲ့ဒီ့အပြင် ရုပ်သေ ရုပ်ရှင် ကင်မရာများ အသံဖမ်းစက်များအပြင် စုံစမ်းစစ်ဆေးနေစဉ် တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ဖို့ ကိရိယာတွေလဲ ပါဝင်ပါတယ် ။
သရဲ့ဖမ်းရာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုတဲ့ ကိရိယာကတော့ အီအမ်အက်ဖ် မီတာဖြစ်တယ် ။ သူဟာ သရဲခြောက်တယ်လို့ ဆိုတဲ့ နေရာများမှာ ရှင်းလင်းပြခြင်း မရနိုင်တဲ့ထူးခြားစွာ လျှပ်စစ်သံလိုက်လှိုင်း အနှောက်အယှက် ဖြစ်ပေါ်လေ့ရှိတယ်ဆိုတာ တိုင်းတာနိုင်တာပါပဲ ။ အဲ့ဒါအပြင် အသံများကို ဖမ်းဆီးနိင်တဲ့ ဒစ်ဂျစ်တယ် အနာလော့ခ် အသံဖမ်းစက်ကိုလဲ အသုံးပြုခဲ့ပါတယ် ။ ဖြာထွက်လာတဲ့ အလင်းတွေအတွက်တော့ ဂိုင်ဂါကောင်တာ ကိရိယာနဲ့ ဖမ်းယူနိုင်ခဲ့တယ် ။
ဒါ့အပြင် ပတ်ဝန်းကျင် အခြေအနေများမှာ ပိုလျှံနေတဲ့ လျှပ်စစ် သတ္တိကြွအမှုန့်များကိုတိုင်းတာတဲ့ အိုင်ယွန်မီတာ / သာမန်နားနဲ့ မကြားနိုင်တဲ့ အသံကို အင်ဖရာဆောင်းခေါ် အသံဖမ်းကိရိယာတွေနဲ့ အသုံးပြုခဲ့ကြပါတယ်။ သဘာဝလွန်ဖြစ်ရပ်တွေကို သိပ္ပံနည်းကျ လက်ဆုတ်လက်ကိုင်ပြနိုင်အောင်ကြိုးစားခဲ့ပါတယ် ။ ရလဒ်များကတော့ ယခုချိန်ထိတိုင်အောင် သဘာဝလွန်လျက်ပါ !
#htoohtoolay

Comments
Post a Comment