Skip to main content

လာဘ်ရကြောင်းတရား !

လာဘ်ရကြောင်း
-----
လာဘ်ရလိုတဲ့ သူတွေဟာ အမှန်တော့ စကတည်းက ကိုက လောဘနဲ့ အစပြုပြီမို့ ဖြစ်သမျှတိုင်းအမှုတွေဟာလဲ လောဘနဲ့တာ စွမ်းဆောင်ကြပါတယ် ။ တချို့တွေအတွက် အလွန်အံ့သြနိုင်ပေမယ့် တချို့တွေအတွက်တော့ ဒါဟာ အမှန်တရားဖြစ်တယ်လို့ ဒီလို နားလည်ကြပြီးဖြစ်တယ် ။ တစ်ခါက အရှင်သာရိပုတ္တရာကို ရဟန်းတစ်ပါးဟာ လာဘ်ရကြောင်း တရားဟောဖို့ တိုက်တွန်းခဲ့ပါတယ် ။ အဲ့အခါမှာ အရှင်သာရိပုတ္တရာဟာ -

((( မိမိကိုယ်ကို ရဟန်းလို့ မထင်မမှတ်ပဲ မရူးသော်လဲ ရူးချင်ယောင် ဆောင်ခြင်း / မဟုတ်မမှန်ကို အဟုတ်အမှန်ဖြစ်အောင် ကုန်းတိုက်စကားဆိုခြင်း / ကချေသည် ( သဘင်သည် ( or ) အခုခေတ် ရုပ်ရှင်မင်းသား မင်းသမီး ) နှင့်တူအောင် အမူအယာ လုပ်တက်ခြင်း / အတည်မဟုတ် ဖရိုဖရဲစကားကို အလွဲလွဲ ဆိုတက်ခြင်း တို့ဟာ လာဘ်ရကြောင်း တရားတွေဖြစ်တယ် ))) လို့ ဒီလို မိန့်ဆိုခဲ့ပါတယ် ။ ( အဗ္ဘန္တရဝဂ် / လာဘဂရဟ )

ဒါကြောင့် မိမိကိုယ်ကို ပြန်ဆင်ခြင်သင့်တာမှာ မိမိဟာ -

#တစ်ပါးသူပေးကမ်းလာတာကိုမျှော်ကိုးနေသလား ?
#တစ်ပါးသူလေးစားလာတာကိုမျှော်လင့်နေသလား ?
#တစ်ပါးသူရဲ့အထင်ကြီးမှုကိုတောင်းတနေသလားဆိုတာကို

ပြန်လည်သုံးသပ်ဆင်ခြင်ပြီး မိမိမှာရှိတဲ့ လာဘ်ရကြောင်း တရားတွေဟာ အဲ့ဒီ့အတိုင်းတွေချည်း ဖြစ်နေတယ်လို့ ဒီလို သဘောကျမိမယ်ဆိုရင် သင်ဟာ ထိုအကြောင်းအရာတွေကို ရှုပ်ချကာ မသင့်လျော်ပါတကားဆိုခြင်းဖြင့် ငြီးငြူမိမှာ သေခြာပါတယ်မိတ်ဆွေ ။

#htoohtoolay

myothetzaw23.blogspot.com

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...