ဘယ်လို ရိုက်ချိုးမလဲ ?
----
ကမ္ဘာပေါ်မှာ ဘာသာရေးနဲ့ပတ်သတ်တဲ့ စာအုပ်တွေဟာ အင်မတန်မှ များပြားလှပါတယ် ။ နှစ်ပေါင်းများစွာ ချီပြီး လေ့လာစူးစမ်းကြကာ အချိန်ကုန် လူပန်းခံရုံတာမက သတ်ဆိုင်ရာ ကဏ္ဍအလိုက် သီးခြား ကျမ်းပြုစုမှုတွေကိုလဲ ဘာသာရေးခေါင်းဆောင်ကြီးများက ဖေါ်ထုတ်ကြပါတယ် ။ အားလုံးကို ခြုံငုံကြည့်လိုက်မယ်ဆိုရင် ခေါင်းစဉ်တစ်ခုအောက်မှာ ရှိနေတာကို တွေ့ရမှာဖြစ်တယ် ။ အဲ့ဒီ့ ခေါင်းစဉ်ကတော့ " သေခြင်းတရားကို ရိုက်ချိုးခြင်း " ပါပဲ ။ သေပြီးနောက် ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ်မလဲ ? ။ ဒီခေါင်းစဉ်ကို ဖေါ်ထုက်ကာ တစ်ချို့က ကောင်းကင်ဘုံကို ရည်ညွှန်းတယ် ။ တစ်ချို့က ထာဝရ ငြိမ်းချမ်းမှုကို ဖေါ်ပြတယ် ။ တစ်ချို့ကတော့ ဘာတွေမှ မစဉ်းစားပဲ လက်ရှိဘဝမှ ပျော်အောင်နေလိုက်မယ်ဆိုတဲ့ အသိနဲ့ သေခြင်းတရားကို ရင်ဆိုင်ကြတယ် ။ သေပြီး ပျက်တယ်ပေါ့ ။ တကယ်တော့ ဒါတွေဟာ သူ့နည်း သူ့ဟန်နဲ့ သေခြင်းတရားတွေကို ရိုက်ချိုးနေကြတာပဲဖြစ်တယ် ။
လူဖြစ်စေ တိရိစ္ဆာန်ဖြစ်စေ အသက်ကလေး ရှိလာရင်တော့ သေရမယ်ဆိုတဲ့ ဥပဒေကြီးဟာ ပါလာမြဲဖြစ်တယ် ။ ဒီဥပဒေကို တစ်နေ့မဟုတ် တစ်နေ့ ရင်ဆိုင်ကြရမှာဖြစ်တဲ့အတွက် ဒီ ဥပဒေကို ရင်မဆိုင်ချင်တဲ့ သူတွေဟာ ဒီဥပဒေကြီးကို ရိုက်ချိုးဖို့အတွက် ပြင်ဆင်ခြင်းဟာ တရားမျှတမှု ရှိပါတယ် ။ သိပ္ပံပညာအရ သတ္တဝါတွေဟာ ရေကနမှတစ်ဆင့် ပေါက်ပွားလာရတယ်လို့ ဆိုကာ အတွေးအခေါ် အသိညာဏ်ပညာ အမြင့်ဆုံး သတ္တဝါကတော့ လူသားဖြစ်တယ်လို့ ဆိုတယ် ။ လူသားတဲ့ ။ တကယ့် လူသားပါပဲ ။ ဒီလူသားတွေဟာ အမျိုးမျိုး ညာဏ်ကွန့်မြူးမှုကို နှစ်သတ်ကြတယ် ။ ဒါဟာ သိပ္ပံပညာရဲ့ အသိညာဏ်အမြင့်မားဆုံးအဖြင့် ဖေါ်ပြခြင်းကို ထောက်ခံနေခြင်းဖြစ်တယ် ။ သို့သော် ညာဏ်ကွန့်မြူးမှုတိုင်းဟာ ကောင်တဲ့ လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး ။
နောင်တမလွန်ဘဝကောင်းစားရေးနဲ့ လက်ရှိပစ္စုပ္ပန်ဘဝ တိုးတက်ရေးဟာ ဒီလူတွေရဲ့ ညာဏ်ကွန့်မြူးမှုကို အကောင်းဆုံး ပံ့ပိုးပေးတယ် ။ ဒါဟာ ဗီဇတစ်မျိုးပဲဖြစ်တယ် ။ လူတိုင်း သေရမှာ ကြောက်ကြပါတယ် ။ ဒီကြောက်ခြင်းကို ရိုက်ချိုးဖို့တော့ လက်နက်တစ်ခု ကောင်းကောင်း လိုအပ်လျက်ရှိတယ် ။ အဲ့ဒီ့ လက်နက်ဟာ ညာဏ်ကွန့်မြူးခြင်းပဲ ။ ဒါကြောင့်လဲ အနော်ရထာက သထုံကို သိမ်းစဉ်မှာ သထုံဘုရင် မနူဟာရဲ့ ညာဏ်ကွန့်မြူးမှုကတော့ ဗျက်ဝိ အရိုးကို မြို့ရိုးတံတိုင်း လေးမျက်နှာမှာ မြှပ်ပြီး ဗျက်ဝိ ဝိညာဉ်က မြို့ကို ကာကွယ်သတဲ့ ။ အဲ့ဒီလို သူ့သထုံတပ်သားတွေရဲ့ စိတ်ဓါတ် အင်အား မြှင့်တင်ပေးနိုင်ခဲ့တာလေး သမိုင်း ရှိခဲ့တယ်မဟုတ်လား ။ ဒီလိုပါပဲ ညာဏ်ကွန့်မြူုးခြင်းနဲ့ ပတ်သတ်ပြီး တိရိစ္ဆာန်တွေထက် ဒီလူသားတွေဟာ အတော်ဆုံးဖြစ်ရုံတာမက အဲ့ဒီ့ ညာဏ်ကွန့်မြူးမှုရဲ့ အောက်မှာလဲ အညံ့ဆုံး လက်အောက်ခံတွေလဲ ဖြစ်ကြတယ် ။
တစ်ချို့ရဲ့ ညာဏ်ကွန့်မြူးမှုဟာ သေခြင်းတရားကို ရဲရဲကြီး တွန်းလှန်နိုင်တယ် ။ ဘာကြောင့်တွန်းလှန်နိုင်လဲဆိုရင် လူဟာ ကုသိုလ်အမှုရှိတဲ့အခါ သေတာနဲ့ အထက်ကောင်းကင်က တမန်တော်အနားမှာ ငြိမ်းချမ်းစွာ ခစားခွင့်ရမယ်လို့ ဆိုတယ် ။ ဒါပေမယ့် အဲ့ဒီ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ သူတွေအတွက်တော့ မချောင်တဲ့ တရားပါပဲ ။ မကောင်းတာ လုပ်ထားရင်တော့ မြေအောက်ငရဲမှာ ထောင်တန်းချခံရမတဲ့ ။ ဒီလိုအတွေးအခေါ်တွေဟာ လွန်ခဲ့တဲ့ အေဒီ ၆၂၂ လောက်ကတည်းက ပေါ်ပေါက်ခဲ့ပြီးဖြစ်တယ် ။ ဒါ့အပြင် လူ(ဝိညာဉ်) ဆိုတာဟာ ထာဝရ ပျောက်ပျက်မသွားဘူးလို့ ယူပြီး ကြောက်စိတ်ကို တွန်းလှန်ကြတယ် ။ တစ်ချို့ကလဲ အမျိုးမျိုး ညာဏ်ကွန့်မြူးကြပြန်ပါတယ် ။ လူ့ခန္ဓာဟာ သေပေမယ့်လဲ အဲ့ခန္ဓာရဲ့ ဆဲ(လ်) တွေက မြေကို ကျေးဇူးပြုပြီး အဲ့ဒီ့မြေကနေ အပင်ဖြစ်ကာ အပြင်ကနေ အသီးဖြစ် အသီးကို သတ္တဝါတွေက ပြန်စား ဝမ်းထဲရောက် အသွေးဖြစ် ( ဆဲ (လ်) ) ဖြစ် ဆဲလ် ကနေ သန္ဓေယူ ပြန်ပြီး သတ္တဝါမွေးဖွား / ဒီလို စိတ်ဓါတ်ခွန်အားကို မြှင့်တင်ကာ သူ့ရဲ့ သေခြင်းတရားကို ရိုက်ချိုးကြပြန်တယ် ။ ငါသေတာဟာ တစ်ဖန် ငါဖြစ်လာရေးပဲ ။
ကမ္ဘာ့ လူဦးရေအရ သေခြင်းတရားကို အမျိုးမျိုး ရိုက်ချိုးကြတာမှာ အများဆုံး ရိုက်ချိုးပုံစံကတော့ လေးမျိုး လေးစားက အထင်ကရပါပဲ ။ ဟိန္ဒူ ရိုက်ချိုးနည်း ။ ဗုဒ္ဓရိုက်ချိုးနည်း ။ ခရစ်ရိုက်ချိုးနည်း ။ အစ္စလာမ်ရိုက်ချိုးနည်း တဲ့ ။ ဒီနည်းတွေနဲ့ ရိုက်ချိုးမှုက စံတင်ရတယ် ။ ဘာကြောင့်လည်းဆိုတော့ ဒီနည်းတွေဟာ ယဉ်ကျေးမှု အမွေအနစ်ကိုပါ ချန်ခဲ့နိုင်တာကြောင့်ဖြစ်တယ် ။
မျိုးချစ်စိတ်ထက် မြို့ချစ်စိတ်က ထင်ရှားနေကြတဲ့ အချိန်အခါမှာ ဒီ အကြောက်တရားက လူ့ယဉ်ကျေးမှုကို လက်တွဲခေါ်
ဲခဲ့ကြတယ်မဟုတ်လား ။ လူတွေရဲ့ ကြမ်းတမ်းခက်ထန်မှုတွေကို လျော့ကျလာစေတယ် ။ ကိုယ်ချင်းစာလာစေတယ် ။ ကောင်းတာနဲ့ မကောင်းတာကို ခွဲခြားမြင်စေတယ် ။ ယဉ်ကျေးမှုတစ်ရပ်ကို အခြေချစေတယ် ။တရား မျှတမှုကို ပုံဖေါ်စေခဲ့ကြပါတယ် ။ ဒါကြောင့် သေခြင်းတရားကို ရိုက်ချိုးခြင်းဟာ အင်မတန် ကောင်းတဲ့အကျိုးကို ဖြစ်ထွန်းစေပါတယ် ။
သို့သော် သေခြင်းတရားရဲ့ ရိုက်ချိုးနည်းကို စရိတ်စက တင်လိုက်ရင်တော့ ဒုက္ခများတော့တာပဲ ။ အဲ့ဒီ့အခါအစွန်းရောက်လို့ ဒီခေတ်အရ အမည်တပ်ကြတယ် ။ ဒါကြောင့် စနှစ်တကျ ရိုက်ချိုးတက်ဖို့တော့ လိုတယ် ။ တစ်နေ့ ရိုက်တော့ ရိုက်ချိုးရပါလိမ့်မယ် ။ ဒါပေမယ့် ဘယ်လိုရိုက်ချိုးမလဲ ?
#htoohtoolay

Comments
Post a Comment