Skip to main content

ထားခဲ့ချင်သေးတယ် !

ထားခဲ့ချင်သေးတယ် !
-----
ငါသေတဲ့အခါ ဒီကမ္ဘာပေါ်မှာ ကောင်းတဲ့အရာလေးတစ်ခုတော့ ထားသွားချင်ပါတယ် ။ တစ်ကြောင်းသောအသိတရားစာလေးကို ရေးထားခဲ့ချင်တယ် ။ ဟိုးးးး ကောင်းကင်ပြာကြီးထဲမှာ ရေးခဲ့ချင်တယ် ။ ရေးနိုင်တဲ့အခြေအနေတွေ အချိန်အခါတွေ ရှိနေတယ် ။ ကောင်းကင်တောင်ဘယ်ကမလဲ ဂြိုလ်ကမ္ဘာ အပြင်ထိတိုင် ရေးသားပြီး ဖိုင်တစ်ခုနဲ့ ထည့်ထားလိုက်မယ် ။ လုံခြုံသွားပြီး ။ တည်တံ့သွားပြီလေ ။ ဒီစာရွက်အပေါ်မှာလဲ ရေးခဲ့အုန်းမယ် ။ မှင်လေးတွေ စွန်းသွားတဲ့ စာရွတ်လေးတွေအထက်က တစ်ကြောင်း - တစ်ကြောင်းသော ခဲခြစ်ရာလေးတွေကိုဆက်စပ်ပြီး တရားအသိတွေ ထားခဲ့အုန်းမယ် ။ ပုံနှိပ်မယ် ။ ထုတ်ဝေမယ် ။ တစ်ကမ္ဘာလုံးကို ဖြန့်လိုက်မယ် ။ အဲ့ဒီ့စာလေး တည်တံ့သွားပြီ ။

 တရားအသိတွေ ရသွားကြမှာပဲ ။ လုံးခြုံသွားပြီ ။ ပင်လယ်ပြင်ကြီးထဲမှာ တိမ်မြုပ်ပါစေ ။ ငါ ကျောက်သားမှာ စာတစ်ခု ထွင်းထားလိုက်မယ်။ ကျောက်ဆစ်လက်ရာနဲ့ သေသေသပ်သပ်လေး ရေးထားလိုက်မယ် ။ နစ်မြုပ်နေပါစေ ။ ကြာညောင်းသွားပါစေ ။ တည်တံ့သွားပြီ ။ ရှာဖွေ ဆယ်ယူသူတွေတွေ့ပြီးဖတ်မိတဲ့အခါ အသိတရားတစ်ခုတော့ ရကြမှာပါပဲလေ ။ လုံခြုံသွားပြီ ။ငါစိတ်ချသွားပြီ ။ ငါတည်တံ့နေအောင် ဖန်တီးလိုက်နိုင်ပါပြီ ။

 သို့သော် . . .

ငါတစ်ခု မေ့နေခဲ့တယ်လေ ။
တည်တံ့အောင် ဖန်တီးနေတဲ့ ငါကိုယ်၌က ထာဝရတည်တံ့နိုင်စွမ်းမှ မရှိတာပဲ ။

ဒါကြောင့် ပြောကြတယ် ထင်ပါရဲ့ ။ ကွန်ပျူတာက မှတ်သားနိုင်စွမ်း အကောင်းဆုံး ဦးနှောက်ပိုင်ရှင်ကြီးတဲ့ ။ သို့သော်လဲ ကွန်ပျူတာဦးနှောက်မှတ်ညာဏ်ကို လူကပဲ ထွင်ပေးခဲ့တာမဟုတ်လား ။

လူလဲသေတက်သလို ကွန်ပျူတာလဲ ပျက်အုန်းမှာပဲလေ ။

ငါတည်တံ့အောင် လုပ်ခဲ့သမျှလဲ တစ်ချိန်ကျ ပျက်ဆီးမှာပါပဲ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...