Skip to main content

နတ်နဲ့ ပြိတ္တာဟာ အတူတူပဲ !

နတ်နဲ့ ပြိတ္တာဟာ အတူတူပါပဲ
----
နတ်သားတစ်ယောက်က ဒီလိုပြောပါတယ် ။ နတ်တွေဟာ ကာမဂုဏ် အာရုံကို အလိုရှိတိုင်း ရနိုင်ပေမယ့် ဝ တယ်လို့ မရှိဘူး ။ ဆာနေတာပဲ / ဒါကြောင့် နတ်တွေဟာ ပြိတ္တာနဲ့ တူတယ်တဲ့ ။ ပြိတ္တာဆိုတာ ပြိတ္တာဘုံ ရောက်ကတည်းက တစ်ခါမှ မစားရမသောက်ရဘူး ။ အလွန်ဆာနေမှာပေါ့ ။ အဲ့ဒါနဲ့ တူတယ်တဲ့ ။

အဲ့ဒါဟာ တော်တော်သဘာဝကျတဲ့စကားပါပဲ ။ နတ်တွေဟာ သူ့ဘုံအလျောက် သက်တမ်းတွေ ရှည်လျားကြပါတယ် ။ အဲ့ဘုံတိုင်းကနတ်တွေဟာ အဲ့ဒီ့လောက်ထိ ရှည်လျားကြတဲ့ ကာလပတ်လုံး ကာမဂုဏ်အာရုံတွေကို မပျက်ခံစားနေရတယ် ။ သူတို့မှာ ဒိ့ပြင်လုပ်စရာလဲ မရှိဘူး ။ ဒီအာရုံခံစားတဲ့အလုပ်ပဲ ရှိတယ် ။ ဒီလိုနှစ်ပေါင်းတွေ အတော်ကြာအောင် ခံစားနေပေမယ့်လို့ ဝတယ်လို့ မရှိဘူးတဲ့ ။ ဒါကြောင့် နတ်တွေဟာ အမြဲတမ်း အာရုံဆာနေတဲ့ ပြိတ္တာတွေနဲ့ တူတယ်ဆိုတဲ့စကားဟာ အင်မတန်မှ သဘာဝကျလှတာပေါ့လေ ။

အခုလဲ ကြည့်ပေါ့ ။ ချမ်းသာတဲ့သူတွေဟာ ရာထူးတွေ ကြီးတဲ့သူတွေ အထက်တန်းပု ဂ္ဂိုလ်တွေကို ကြည့်ပေါ့ ။ သူတို့မှာ အာရုံအဆာပြေတယ် ။ ဝ တယ်ဆိုတာ မရှိဘူး ။ အဲ့ဒါဟာ တဏှာဆိုတဲ့ တရားက ဆာလောင်တက်တဲ့သဘောမို့ မဝနိုင်အောင် အဆာမပြေနိုင်အောင် ကျေးဇူးပြုနေလို့ပါပဲ ။ လိုချင်တပ်မက်မှု တွေ နည်းလာရင်တော့ တဏှာ နည်းလာပြီလို့ နားလည်ရမှာပေါ့လေ ။ အဲ့ဒီလို တဏှာက သူ့ကို အစာကျွေးလေလေ ပိုပိုပြီး ဆာလောင်လာလေပဲ ။ ဆင်းရဲတဲ့သူတွေထက် ချမ်းသာတဲ့သူတွေ / ဆင်းရဲတဲ့ နိုင်ငံတွေထက် ချမ်းသာတဲ့ နိုင်ငံတွေဟာ သာပြီး ဆိုးတယ်ပေါ့ ။ အဲ့ဒါဟာ တဏှာ အဆာမပြေတဲ့ သဘောပါပဲခင်ဗျာ ။ ဒါကြောင့် တဏှာကို ဆာလောင်တက်တဲ့ သဘောလို့ ဆိုတယ် ။

( မဟာစည်ဆရာတော်ဘုရားကြီး )

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...