တွယ်တာမှုဆိုတာ !
-----
“ဓမ္မကြေးမုံ“တရားဒေသနာမှ -
စဉ်းစားကြည့်လေ၊ ဘုန်းကြီးတို့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေ ကိုယ့် family ကိုယ့် မိသားစုနဲ့ ကိုယ်နေကြတယ်။ ကိုယ့်ရဲ့တွယ်တာမှုက ဘယ်မှာအားကောင်းနေသလဲဆိုရင် ကိုယ့်ရဲ့ မိသားစု အပေါ်မှာ တွယ်တာမှုတွေ ပြင်းထန်တယ်။ တခြားမိသားစု အပေါ်မှာ ကိုယ့်ရဲ့တွယ်တာမှု မရှိဘူး၊
မရှိသည့် အတွက်ကြောင့် တခြားမိသားစုမှာ တစ်စုံတစ်ခု ကိစ္စဖြစ်ပေါ်လာလို့ရှိရင် ကိုယ့်မိသားစုထဲမှာ ဖြစ်သလို စိတ်ဆင်းရဲမှု မဖြစ်ဘူး၊ ဖြစ်ပါ့မလား။
ဘာဖြစ်လို့တုန်းဆိုတော့ Attachment ရှိမှ မရှိတာ။ မရှိတဲ့နေရာမှာ ဘာမှမဖြစ်ဘူးနော်၊ ဟို အမေရိကားမှာ ဆွေမျိုးမရှိဘူး၊ နယူးယောက်မှာ ဆွေမျိုးမရှိဘူး၊ World Trade Center ကြီး လေယာဉ်ပျံနှင့် တိုက်ပြီး ဖြိုချခံလိုက်တဲ့အခါမှာ ကိုယ့်ဆွေမျိုးလည်းတစ်ယောက်မှမရှိဘူးဆိုတော့ ဘာမှသိပ်ပြီး မဖြစ်ပါဘူး၊ ဖြစ်သေးလား။ဘာလို့တုန်းဆိုတော့ Attachment မရှိလို့၊ အကယ်၍သာ ငါ့ဆွေမျိုးတစ်ယောက် အဲဒီမှာ အလုပ်လုပ်နေတယ်ဆိုရင် ရင်ထဲမှာပူသွားဦးမယ်။ဘာကြောင့် ပူတာတုန်းလို့ကြည့်ရင် တွယ်တာမှု ကြောင့်ပဲ။ တွယ်တာမှုများလေလေ ပူပန်မှုများလေလေ ပူပန်မှုများလေလေ၊ တွယ်တာမှုမရှိမှ ပူပန် မှု မရှိမှာ။ အဲဒီတော့ သောကကင်းကင်းနေချင်ရင် သောက ကိုပယ်ရမှာမဟုတ်ဘူး၊ပယ်ရမှာက တွယ်တာမှု ဖြစ်တယ်။ ဟုတ်ရဲ့လား၊
တွယ်တာမှုရှိလို့ သောက ရှိနေတာ။ ဣမသ္မိံ သတိ ဣဒံ ဟောတိ -တွယ်တာမှုရှိသည့်အ တွက်ကြောင့် သောကရှိတာ။ သောက ကင်းချင်ပါတယ်လို့ ပါးစပ်ကပြောပြီးတော့ တွယ်တာမှုတွေ ကများနေတာ၊ တွယ်တာတာတွေ ရှိနေသေးသမျှ သောက ဘယ်တော့မှ ပယ်လို့မရဘူးသာမှတ် ထား၊ ဟုတ်ရဲ့လား။
သောက ကင်းချင်ပြီဆိုရင် တွယ်တာမှု အားလုံးကို ဖြတ်လိုက်ပါ။ ဖြတ်လိုက်လို့ရှိရင် သောကလုံးဝ မလာတော့ဘူး၊ တွယ်တာနေသေးလို့ရှိရင် ပုဂ္ဂိုလ်ကို တွယ်တာတာပဲဖြစ်စေ၊ ပစ္စည်း ကို တွယ်တာတာပဲ ဖြစ်စေ သောက လာနေမှာပဲ။
ဥပမာထင်ထင်ရှားရှား တစ်ခုပြောရရင် ကားမရှိတဲ့လူတစ်ယောက် လမ်းမှာ ကားတိုက်မှု ဖြစ်လည်း ဘာမှမဖြစ်ဘူး၊ ဒီပြင် ကားကတိုက်တာ။ ကိုယ့်ကားမှ မဟုတ်တာ၊ ဘာမှမဖြစ်ဘူး မဟုတ်လား။
အေး ကားရှိတဲ့လူတွေ ပြောဖူးတယ်။ ကားလေးအပြင်ထွက်သွားရင် “ဟဲ့ အပြန်ကြ တိုက်များ တိုက်လာမလား၊ ဘာများဖြစ်လာမလဲ။ မှောက်များလာသလားနဲ့ စိတ်ထဲမှာပူနေရတယ် တဲ့။” ဘာကြောင့်တုန်း၊တွယ်တာလို့နော်။
ပစ္စည်းလေးတစ်ခုကြည့်လေ၊ ဈေးဆိုင်သွားဝယ် လိုချင်စရာတွေ အများကြီး။ သို့သော် လည်းပိုက်ဆံပေးပြီး ငွေမချေရသေးသမျှ အဲဒီဆိုင် မီးလောင်သွားလည်း ဘာမှမဖြစ်ဘူး။ ကိုယ်ပိုက် ဆံပေးပြီးသွားရင်တော့ မရဘူး၊ ဟုတ်လား၊ ပူလောင်သွားပြီ။ ဘာလို့တုန်းဆိုတော့ ကိုယ်ကတွယ် လိုက်ပြီလေ။အဲဒီတော့ တွယ်တာမှုဆိုတဲ့ တဏှာ Attachment မပယ်နိုင်ရင် သောက က လာနေ မှာပဲ။ အဲဒါကို ပြောတာ။ ဣအသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ။ တွယ်တာမှု ဖြစ် သောကြောင့် သောကဖြစ်တယ်။
ကဲ ဆန့်ကျက်ဘက်အားဖြင့် ပြောမယ်။ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊ တွယ်တာမှု မရှိရင် သောက မရှိဘူး၊ တွယ်တာမှု ချုပ်ငြိမ်းသွားရင် သောကချုပ်ငြိမ်းသွားမယ်။
ပစ္စည်းတစ်ခု လှူလိုက်လို့ရှိရင် ထိုပစ္စည်းကို ကိုင်မတွယ်တော့ဘူး၊ မတွယ်တဲ့ ပစ္စည်းပတ် သက်ပြီးဘာဖြစ်ဦးမလဲ။ ဘာမှမဖြစ်ဘူး၊ ဖြစ်သေးရဲ့လား။
ကိုယ့်လက်မှ လွှတ်လိုက်တာနဲ့ တစ်ပြိုင်နက် လုံးဝ တွယ်တာမှု လွတ်သွားပြီ။ လွတ်သွား တာနဲ့သောက က တစ်ခါတည်း လွတ်သွားတာ။
ကိုယ့်အိမ်က ကားလေးတစ်စီး ရောင်းကြည့်လိုက်ပါလား။ အဲဒီကား ဘယ်နားဘာဖြစ်ဖြစ်။ ဘာမှမဖြစ်တော့ဘူး၊ကိုယ်ပိုက်ဆံရပြီးနေပြီ။တွယ်တာမှုက ကားပေါ်မှာမဟုတ်ဘူး၊ပိုက်ဆံပေါ် ရောက်သွားပြီ။အဲဒီတော့ အကုန်လုံးပေါ်မှာ ဒီတွယ်တာမှုဖြတ်လိုက်လို့ရှိရင် သောက မရောက် တော့ဘူး၊ ဒါကို မြတ်စွာဘုရားက “ဣမဿ နိရောဓာ၊ ဣဒံ နိရုဇ္ဈတိ” တဲ့။ ဒါ ချုပ်လို့ရှိရင် ဟိုဟာ ချုပ်သွားတယ်တဲ့။
အဲဒီတော့ တရားချုစ်ခင် သူတော်စင် ပရိသတ်တို့ သောကကင်းကင်းနဲ့ နေချင်လို့ရှိရင်ဘာ ကိုပယ်ရမယ်၊ အတွယ်အတာကို ပယ်ရမယ်တဲ့။ တွယ်တာမှုရှိနေသမျှ Where there is an attachment, there is a worry ပဲ။ ဒါ definitely နော်၊ ဘယ်သူမှ ငြင်းလို့မရဘူး၊ ပိယတော ဇာယတိ သောကော ကာမတော ဇာယတိ သောကော၊ တဏှာယ ဇာယတိ သောကော-ဆိုတဲ့အ တိုင်းဖြစ်နေမှာပဲ။
အေး ဒါကြောင့်မို့လို့ မြတ်စွာဘုရားကိုယ်တော်မြတ်က ဒီအချက် (၄)ချက်ကို သဘော ပေါက် နားလည်တဲ့ “အရိယဥာယ” ကိုထိုးထွင်း သိအောင် လုပ်ပါတဲ့။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ပဋိစ္စသမုပ္ပါဒ် ကိုဟောတယ်။ ပဋိစ္စသမုပ္ပါဒါကို ဟောတဲ့အခါမှာ တရားချစ်ခင် သူတော်စင် ပရိသတ်တို့ရဲ့ စိတ်ထဲမှာ စွဲထားရမယ့်အချက် (၄)ချက် ကို မြတ်စွာဘုရားက ရှင်းပြတယ်။
စွဲထားရမည့်အချက်(၄) ချက်ဟာအကြောင်းအကျိုးကို ဆင်ခြင်သိမြင်တဲ့ ပစ္စယပရိဂ္ဂဟ-ဥာဏ် ကိုပြောတယ်။ အကြောင်းအကျိုးကို ဆင်ခြင်တယ်ဆိုတာ အင်မတန်ရှင်းတယ်။ ကိုယ်မသိတဲ့ အကြောင်းတွေ ရှာစရာမလိုဘူး။ အားလုံးသိနိုင်တဲ့ အားလုံးမြင်နိုင်တဲ့ အကြောင်းတရားတွေချည့်း ပဲ။
ဗုဒ္ဓဘာသာကိုးကွယ်လေ့လာတဲ့ ပုဂ္ဂိုလ်တွေဟာ မြတ်စွာဘုရားက ဟောထားတဲ့ ဒီ ၀ါကျလေး (၄)ခုကို အလေးအနက် ထားကြတယ်။ အဲဒီဝါကျလေး (၄) ခုကိုမှတ်ထားကြရမယ်နော်-
(၁) ဣမသ္မိံ သတိ ဣဒံ ဟောတိ၊
ဒါက၀ါကျ လေးတစ်ပုဒ်။
ဣမသ္မိံ - ဤအကြောင်းတရားသည် သတိ-ရှိနေခဲ့သော်။ ဣဒံ- ဤအကျိုးတရားသည် ဟောတိ- ရှိ၍နေ၏။
အဓိပ္ပာယ်က ဟောဒီအကြောင်းတရား ရှိနေလျှင် ဒီအကျိုးတရား ရှိနေမှာပဲ။ သေချာမှတ် ထားဖို့နော်။ အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်။ ဒီအချက်ကို တစ်ခုမှတ်၊ ကဲနောက် ဒုတိယက--
(၂)ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ၊
ဣမဿု ဥပ္ပါဒါ - ဤအကြောင်းတရားဖြစ်ပေါ်မှုကြောင့် ဣဒံ -ဤအကျိုးတရားသည် ဥပ္ပဇ္ဇတိ- ဖြစ်လာရ၏။
ဘယ်အရာပဲဖြစ်ဖြစ် အကြောင်းရှိတယ်။ ဟောဒါ ရှိနေလို့ ဟောဒါရှိတာ၊ ဟောဒါရှိတာ ဟောဒါ ဖြစ်နေလို့ဟောတာဖြစ်တာ၊ လူ့ဘ၀မှာလည်း ဒါ နားလည်နေရမှာနော်၊ လောကီကိစ္စပဲဖြစ် ဖြစ် ဘာကိစ္စပဲဖြစ်ဖြစ် အကြောင်းရှိနေတာချည်းပဲ။ မရှိတာ မဟုတ်ဘူး၊ဟောဒီ အကြောင်းတရား ရှိနေလို့ရှိရင် ဟောဒီအကျိုးတရားရှိနေမယ်။ ဆိုလိုရင်းက ဒါရှိရင် ဟိုဟာရှိမယ်၊ ဒါဖြစ်ရင် ဟိုဟာဖြစ် မယ်။ အကြောင်းနှင့် အကျိုးကို ဆင်ခြင်တာ။
ကဲ နောက်တစ်ခုဖြစ်တဲ့ တတိယ ၀ါကျက--
(၃) ဣမသ္မိံ အသတိ ဣဒံ နဟောတိ၊
ဣသ္မိံ- ဤ အကြောင်းတရားသည် အသတိ မရှိခဲ့လို့ရှိရင် ဣဒံ- ဤအကျိုးတရားသည်၊ နဟောတိ- မရှိဘူး။
ဒါမရှိရင် ဟိုဟာ မရှိဘူးနော်၊ ဒါ ဆန့်ကျင်ဘက်နှစ်ခု၊ ခုနက ဒါရှိလို့ ဒီဟာရှိနေတယ်၊ ဒါဖြစ်လို့ ဒီဟာဖြစ်နေတယ်။ ဟော ဒါမရှိရင် ဟိုဟာမရှိဘူး၊ အကြောင်းနှင့် အကျိုးကို မြတ်စွာဘုရား က အကျဉ်းချုပ် ရှင်းပြနေတာ။
ထို့အတူပဲ၊ ရောဂါဖြစ်တယ် ဆိုတာ၊ ဒီအတိုင်းပဲ မဟုတ်လား၊ ဒီဟာရှိနေလို့ ဟိုဟာရှိနေတာ၊ ဆိုပါတော့ လောကမှာ ဥပမာအားဖြင့် ပြောမယ်ဆိုရင် ဗိုက်ထဲမှာ ဘေလုံးရှိ တယ်။ အဲဒီ ဘေလုံး ရှိနေသည့် အတွက်ကြောင့် ခဏခဏ နာတာတို့ အောင့်တာတို့ ဖြစ်နေတယ်။ ဟော ဘေလုံးရှိနေလို့ ဒါရှိနေတယ် ။အဲဒီ ဘေလုံးကို ခွဲထုတ်လိုက်ပြီ၊ပျောက်သွားပြီဆိုရင် မရှိ တော့ဘူး မဟုတ်လား။
အေး အဲဒီသဘောမျိုးပဲ၊ ဒီတစ်ခုရှိနေလို့ ဟိုတစ်ခု ရှိနေတာ၊ ဒီတစ်ခုမရှိတော့ဘူးဆိုရင် ဟို တစ်ခုမရှိဘူး၊ ဒီလို အကြောင်းနဲ့ အကျိုးကို ဆင်ခြင်တယ်။
နောက်တစ်ခုက--
(၄) ဣမဿ နိရာဓာ ဣဒံ နိရုဇ္ဈတိ၊
ဒါချုပ်ငြိမ်းသွားလို့ရှိရင်၊ ဟိုဟာချုပ်ငြိမ်းမှာပဲတဲ့။
အဲဒီတော့ အဖြစ်နှင့် ပတ်သက်ပြီးတော့ နှစ်မျိုး ၊ ဒါကို Philosophy လို့ပြောချင်ပြော၊ အတွေးအခေါ်လေးရပ်ပဲ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ပဋိစ္စသမုပ္ပါဒ်ကို အကျဉ်းချုပ်ပြီး တော့ ဟောတဲ့စကား။
ဣမသ္မိံ သတိ ဣဒံ ဟောတိ၊
ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ။
ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊
ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ။
ဣမသ္မိံ - ဤအကြောင်းတရားသည်၊ သတိ ရှိ၍နေခဲ့သော် ၊ဣဒံ -ဤအကျိုးသည်၊ ဟောတိ- ထင်ရှားဖြစ်ပေါ်၍ ရှိနေလေတော့၏၊ ဣမဿ - ဤအကြောင်းတရားသည် ၊ ဥပ္ပါဒါ - ဖြစ်ပေါ်၍လာ ခြင်းကြောင့် ၊ ဣဒံ- ဤအကျိုးတရားသည် ဥပ္ပဇ္ဇတိ- ဖြစ်ပေါ်၍ လာရတော့၏။
ဆင်ခြင်ဖို့လိုအပ်တယ်၊ အရာရာမှာ ဒါရှိလို့ ဒါရှိနေတာ။ ဒါဖြစ်လို့ ဒါဖြစ်နေတာ၊ ဆင်ခြင်ရ မယ်၊ အကျိုးကို မလိုချင်ဘူးဆိုရင် အကြောင်းကို သတ်ရမယ်။
ဣမသ္မိံ အသတိ - ဤအကြောင်းတရားသည် မရှိခဲ့ဘူးဆိုလျှင် ၊ ဣဒံ - ဤအကျိုးသည်၊ နဟောတိ - မရှိနိုင်၊ ဣမဿနိရောဓာ -ဤအကြောင်းတရား ချုပ်ငြိမ်းသွားခြင်းကြောင့် ၊ ဣဒံ- ဤ အကျိုးတရားသည်၊ နိရုဇ္ဈတိ - လုံးဝချုပ်ငြိမ်း၍သွားရလေတော့၏။
ကဲ ဘုန်းကြီးတို့ အမျိုးကောင်းသား၊ အမျိုးသမီးတွေ ၊ မျက်စိရှိလို့ မမြင်ဘူးလား။ မြင်စရာအာရုံရှိလို့ မမြင်ဘူးလား။ အေး ဒါကြောင့် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ မျက်စိနှင့်အဆင်း ဒီနှစ်ခုကို အကြောင်းပြူပြီးတော့မြင်သိစိတ် ပေါ်လာရတယ်။ ဒါဖြင့် မျက်စိနှင့်အဆင်း မရှိဘူးဆိုရင် မြင်သိစိတ် ရှိနိုင်ပါ့မလား။
မရှိနိုင်ဘူး၊ မျက်စိနှင့်အဆင်း ရှိနေခြင်းကြောင့် မြင်သိစိတ် ရှိနေခြင်းဖြစ်သည်။ ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿုပ္ပဒါ ဣဒံ ဥပ္ပဇ္ဇတိ၊ ဣမဿသပ္ပါဒါ၊ ဤမြင်သိစိတ်၏၊ ဥပ္ပါဒေါ ဖြစ်၍လာ ရခြင်းသည်၊ ဟောတိ ဖြစ်၏။
ဟော အကြောင်းနှုင့်အကျိုးကို ရှင်းပြနေတာ နော်၊ ထို့အတူပဲ ဆင်ခြင်စဉ်းစားပြီးတော့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် သစ္စာလေးပါးနှင့်ကြည့်လိုက်မယ်ဆိုရင် လိုချင်မှုတွယ်တာမှု တဏှာ ကြောင့် စိုးရိမ်ပူပန်မှုဆိုတာ ဒုက္ခဖြစ်တယ်။ တွယ်တာမှုရှိတဲ့နေရာဟာ စိုးရိမ်မှု ရှိတာပဲ။ ပိယတော ဇာယတိ သောကော ပေါ့နော်၊ Where there is an attachment, there is a worry ပဲ၊ attachment ရှိ တဲ့နေရာမှာ worry ဖြစ်မှာပဲ။
အားလုံးပေါင်းလိုက်တဲ့ အခါကျတော့ ဘေးကင်းရန်ကွာ သာယာငြိမ်းချမ်းတဲ့ဘ၀မှာ နေနိုင် အောင် လုပ်ပါတဲ့။ ဘေးရန်တွေ ကျော်လွှားပါ။ ဒါ ပထမအဆင့်။
ဒုတိယအဆင့်က ရတနာသုံးပါးကို လေးလေးမြတ်မြတ် အသိဥာဏ်ရှိရှိနဲ့ ယုံကြည်တဲ့ သဒ္ဓါ တရားနဲ့ ပြည့်စုံပြီး။ အရိယာတွေ မြတ်မြတ်နိုးနိုး စောင့်ထိန်းတဲ့ သီလကို စောင့်ထိန်းပါတဲ့။
တတိယအဆင့်က ဓမ္မ knowledge တရားအသိဥာဏ် ရှိပါစေတဲ့။ ကဲ ဟောဒီ(၃) ချက် နဲ့ ပြည့်သွားပြီဆိုရင် ငါ အပါယ်တံခါးပိတ်ပြီလို့ ပြောတော့တဲ့။
မြတ်စွာဘုရားက “သော- ထိုအရိယာသာဝကသည်၊ အာကင်္ခမာနော - မိမိကိုယ်ကိုကြော် ငြာ၍ပြောဆိုလိုသည်ရှိသော်၊ အဟံ - ငါသည်၊ သောတာ- ပန္နော -သောတာပန်ပုဂ္ဂိုလ်သည်၊ အ၀ိနိ ပါတော -သေတဲ့အခါမှာ မိမိ မဖြစ်ချင်ဘဲ အပါယ် (၄)ပါးသို့ ဖရိုဖရဲကျရောက်ရတဲ့ သဘောမျိုးမရှိ သည်။ နိယတော- မဂ္ဂနိယာမအားဖြင့် အမြဲထာဝရခိုင်မြဲတဲ့ အသိဥာဏ်ကို ရရှိပြီးဖြစ်သည်။ သမ္ဗောဓိ ပရာယဏော - သမ္ဗောဓိလို့ဆိုတဲ့ အသိဥာဏ် အထက်မဂ်ဥာဏ်လျှင်တည်ရာရှိသည်။ အသ္မိ- စင်စစ်မသွေ ဖြစ်ပါပေတော့၏။ ဣတိ- ဤသို့၊ အတ္တနာဝ- မိမိ ကိုယ်တိုင်သာလျှင်၊ အတ္တာနံ- မိမိကိုယ်ကို၊ ဗျာကရေယျ -ထုတ်ဖော်ပြောဆိုနိင်ပါသည်ဟူ၍၊ ဘဂ၀ါ- ရွှေဘုန်းတော် သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ- ကောင်းစွာမသွေ ဟောကြားတော် မူခဲ့ပါပေသတည်း။”
ဆရာတော်အရှင်နန္ဒမာလာဘိဝံသ
#AshinNandamalabhivamsa
www.drnandamalabhivamsa.com.mm
#htoohtoolay
myothetzaw23.blogspot.com

Comments
Post a Comment