ဇနပဒကလျာဏီနဲ့ သံဝေဂ ယူစရာ !
---
ဇနပဒကလျာဏီသည် ညီတော်မင်းနန်နဲ့ လက်ထပ်မလို့ ။ ညီတော်မင်းနန်းနဲ့ ကလျာဏီနဲ့က လက်ထပ်မလို့မို့ ဆွေတော်တွေ ဝိုင်းဝန်းပြီတော့ မင်္ဂလာလက်ထပ်ပွဲ ကျင်းပတဲ့ နေ့မှာ ညီတော်မင်းနန်သည် မြတ်စွာဘုရားအနောက် ပါသွားခဲ့ရတယ် ။ အဲ့ဒီလို ပါသွားတဲ့အခါမှာ ကလျာဏီက နန်းတော်ထဲကနေ ရံရွေဖေါ်တွေနဲ့ မင်္ဂလာထပ်လက်ပွဲကို အလှဆုံး ပြင်ပြီးတော့ ထွက်မယ်လို့ ပြင်နေတဲ့ အချိန်မှာပဲ ( ဟုတ်ကဲ့လား ) နောင်တော်ကြီး ခေါ်သွားလို့မို့ ညီတော် ပါသွားပြီဆိုတဲ့ ဒီသတင်းလေး သူ့ဆီကို ရောက်မသွားဘူးလား ။ ရောက်သွားတယ် ။ အရှင့်သား ! မြန်မြန် ပြန်ခဲ့ပါလို့ ပြူတင်းပေါက် ဖွင့်ပြီးတော့ မမှာလိုက်ဘူးလား ။ မှာလိုက်တယ် ။ အဲ့ဒီလို မှာလိုက်တယ် ဆိုကတည်းက သူသည် ကျန်နေရပြီပေါ့ ။ ကျန်နေရတာပဲ မဟုတ်လား ။ အဲ့ဒီလို ကျန်နေရစ်ရတယ်တဲ့ ။ အဲ့ဒီလို မျက်ရည်မျက်ခွက်နဲ့ နန်းတော် တံခါးပေါက်လေး ပိတ်ပြီးတော့ ကျန်နေရစ်ခဲ့ရတဲ့ ဇနပဒကလျာဏီ ။ အဲ့ဒီ့အချိန်မှာ မြတ်စွာဘုရားဟောထားတဲ့ တရားတွေနဲ့ ထိတွေ့ပြီလား ။ မထိတွေ့ရသေးဘူး ။ မြတ်စွာဘုရား အဆုံးအမ သာသနာ့ဘောင် ရောက်ပြီလား ။ မရောက်သေးဘူး ။ မရောက်သေးတော့ သူများတွေ ပူသလို မပူဘူးလား ။ သူများတွေ ပူဆွေးသလို မဆွေးဘူးလား ။ ဆွေးတာပဲ ။ တရားမရှိတဲ့သူတွေ ဖြစ်ရိုးဖြစ်စဉ်အတိုင်းပဲ ဖြစ်တာပဲ ။
အဲ့ဒီလိုဖြစ်ပြီးတော့ ကျန်ရစ်နေခဲ့ရတယ် ။ အဲ့ဒီလို ကျန်ရစ်ခဲ့ရတာကို ပြန်ပြီးတော့ ကြည့်လိုက်တော့ သူ့ဇာတ်အကြောင်း အဲ့ဒီ့နေရာလေးမှာတင် ပြီးနေတယ်လို့ မထင်ဘူးလား ။ ထင်ရတယ် ။ အဲ့ဒီတော့ အဲ့ဒီလို နန်းတော်ကြီးသုံးဆောင်ပေါ်မှာ မောင်တော် မင်းနန် ကိုမျှော်နေပြီးတော့ တစ်နေ့ပြန်လာနိုး ပြန်လာနိုးနဲ့ မျှော်နေတဲ့ ဇနပဒကလျာဏီသည် အဆွေးကို ရင်မှာပိုက်၍ နန်းမကြီး သုံးဆောင်ပေါ်မှာ ဟိုလျောက်လိုက် ဒီလျောက်လိုက်နဲ့ ကျန်နေရစ်ခဲ့ရပါတယ် ။ အဲ့ဒီ့အချိန်မှာ ကြည့်လိုက်ရင် မြတ်စွာဘုရားရဲ့ တရားနဲ့တာ မကြည့်ဘူးဆိုရင်တော့ ကြည့်တဲ့လူတိုင်း သောကဖြစ်ဖွယ်ပါပဲ ။ မဖြစ်ဘူးလား ။ ဖြစ်တယ် ။ အကြင်နာ တရားမရှိဘူးလား။ ရှိတယ် ။ ဒါပေမယ့် တစ်ဖက်ကနေ ကြည့်လိုက် ။ အဲ့ဒီ့မင်္ဂလာ လက်ထပ်ပွဲကနေ စတင်ခွဲလိုက်တဲ့ အချိန်ကတည်းက စပြီးတော့ ဇနပဒကလျာဏီသည် ခန္ဓာရုပ်နာမ်ဆိုတဲ့ ရုပ်နာမ်တရားတွေနဲ့ ခွဲတော့မယ် ။ ကလျာဏီသည် ရုပ်နာမ် ဒုက္ခသစ္စာကြီးနဲ့ ငြိမ်းရာ အေးရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ရတော့မယ် ။ အဲ့ဒီ့ ဘက်ကို မြှားဦး လှည့်မနေဘူးလား ။ လှည့်နေတယ် ။ ဟော ! ပါရမီတရားကတော့ မြှားဦးလှည့်ပေးလိုက်ပြီ ။ တရားတွေကတော့ ဇနပဒကလျာဏီ ဘဝဘဝက ဖြည့်ခဲ့တဲ့ပါရမီတရားတွေက ဘယ်ကိုလှည့်ပေးထားလဲ ။ နိဗ္ဗာန်ကို မြှားဦး လှည့်ပေးထားတယ် ။ ဒါပေမယ့် သတ္တဝါတွေရဲ့ ဓလေ့စရိုက်နဲ့ ပြန်ကြည့်လိုက်တဲ့အခါမှာတော့ ပါရမီက ပို့ထားတာမို့ အဲ့ဒီ့နေရာမှာ မကိုက်ဘူး ။ သတ္တဝါတွေရဲ့ ဓလေ့စရိုက်ဟာ မောင်တော်မင်းနန်ကို ပြန်လာစေချင်တယ်တဲ့ ။ နန်းမကြီး သုံးဆောင်ပေါ်မှာ စင်္ကြာမင်းကြီး ဖြစ်စေချင်တယ် ။ သူဟာ စင်္ကြာဒေဝီ ဖြစ်ချင်တယ်တဲ့ ။ အဲ့ဒီ့ဆန္ဒတွေ ရှိမနေဘူးလား ။ ရှိနေတယ် ။ ဆန္ဒနဲ့ ပါရမီက ပို့ထားတာနဲ့ ကိုက်ညီရဲ့လား မကိုက်ညီဘူး ။
အဲ့ဒါနဲ့ပဲ သုံးဆယ့်တစ်ဘုံလည်ရာ လည်ကြောင်းဖြစ်တဲ့ စင်္ကြာမင်းကြီးစည်းစိမ်ကို မျှော်တုန်း ။ တ တုန်း ။ တောင့်တုန်း ။ ဒီလိုပဲ မဟုတ်ဘူးလား ။ ဟုတ်တယ် ။ အဲ့ဒီလို ဖြစ်နေတယ်တဲ့ ။ ပါရမီတွေက နိဗ္ဗာန်ဘက်ကို မြှားဦးလှည့်ထားတယ် ။ ဒါပေမယ့် ပုထုဇဉ်သဘောက နိဗ္ဗာန်ကို စွန့်တော့ ခွဲတော့ဆိုပြီး ပီပီပြင်ပြင် တားဆီးထားပြီ ။ တွေးတုန်း ဆွေးတုန်း လွမ်းတုန်းပဲ မဟုတ်လား ။ အဲ့ဒါက ဆန္ဒက သံသရာကို ပြန်လည်နေတာ ။ ပါရမီတွေက နိဗ္ဗာန်ကို ပို့နေပေမယ့် ဆန္ဒတွေက သံသရာထဲကို စွဲလှည့်ပေးနေတာပဲ ။ အဲ့ဒီလို ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေက ဒီလောကကြီးထဲမှာ မရှိဘူးလား ။ ရှိတယ် ။ အဲ့ဒါတွေ မြင်အောင်ကြည့် ။ မိမိတို့ အခြေအနေတွေ ပြန်ကြည့်လိုက်လို့ရှိရင် ပါရမီတွေက ငါတို့ကို ဘယ်ပို့နေတယ် ။ အဲ့ဒီလို အကဲခက်ရတယ် ။
ဇနပဒကလျာဏီ က ဒီလိုတွေးတယ် ။ ငါမှ ငါ ။ ငါအလှဆုံး ။ ဒုတိယအလှဆုံးဟာ ငါဖြစ်တယ်လို့ သူ့ကိုသူ အလှနဲ့ ပတ်သတ်ပြီး ယူဆထားတဲ့ သူ့ရဲ့ အထင်ဟာ ဘယ်မှာ အလှကို အပြစ်ပြောတဲ့ ဘုရားတရား နာချင်မတုန်း ။ နာသလား ။မနာဘူး ။ ဒါကြောင့် မြတ်စွာဘုရားရဲ့တရားကို သူ သွားမနာဘူး ။ မောင်တော်ကြီးဖြစ်လို့မို့ ကြောက်တော့ ကြောက်တယ် ။ ချစ်တော့လည်း ချစ်တယ် ။ ဒါပေမယ့် အဲ့ဒီလိုအလှတွေကို ကဲ့ရဲ့တဲ့ တရားမို့ မနာနိုင်ဘူးတဲ့ ။ တရားနာ မသွားချင်ဘူးဆိုတဲ့ စိတ် မရှိဘူးလား ။ရှိတယ် ။ ဒါကြောင့်ပဲ မသွားပဲနေတာ ။ ဒီလိုနဲ့ သာသနာ့ ဘောင်ထဲရောက်တော့ မိဒွေးတော် ဂေါတမီနားမှာထိုင်ပြီးနေနေတယ် ။ မြတ်စွာဘုရားက သူ့နှမတော် ဖြစ်လို့မို့ သူ့ကို ညီတော် မင်းနန်နဲ့အတူ ကယ်ရမယ်ဆိုတဲ့ စိတ်သည် အစဉ်ထာဝရ ဖြစ်မနေဘူးလား ။ကိန်းနေတယ် ။ သိမနေဘူးလား ။ အဲ့ဒီလို သိနေတာကြောင့် သူ့ဆီကို သူ့နှမ ရောက်လာအောင် အမိန့်ထုတ်လိုက်တယ် ။ ဘိက္ခုနီတွေ အလှည့်ကျ ဖူးရမယ် ။ လာရမယ်တဲ့ ။ သူ့အလှည့်ကျတော့ သူ့အလုပ် သူလုပ်ရတော့တယ် ။ အဲ့ဒီလို လုပ်ဖို့သွားတဲ့အခါမှာပဲ မြတ်စွာဘုရားရှိတယ်ဆိုတော့ အဲ့ဒီ့နေရာကို တန်းမသွားဘူး ။ အပေါက်ကလေးကနေ ချောင်းကြည့်သေးတယ် ။ အဲ့ဒါအစွဲက တားထားတာ မဟုတ်လား ။ ဘာက တားထားတာလဲ ။ အစွဲက တားထားတာ ။ ငါလှတယ် ။ ငါမှ ငါ ။ ငါသည် ယသော်ဓယာပြီးရင် ဒုတိယအလှဆုံးပဲတဲ့ ။ ဒါကြောင့် ဘုရားကို သူမ မဖူးချင်ဘူး ။ တရားမဆွေးနွေးချင်ဘူးတဲ့ ။ တရားတောင် မနာချင်ဘူးဆိုတာ အလှမာန်က ရစ်ပတ်ထားတာ မဟုတ်လား ။ဒါပေမယ့် ဒီလှတာဟာ လောကဓါတ်က လိမ်ထားတာ ။ ဘာတဲ့လည်း အဲ့ဒါ လောကဓါတ်က လိမ်ထားတာ ။ အဲ့ဒီ့ ဇနပဒကလျာဏီ ရဲ့ ခြေမအစ ဆံဖျားအဆုံး တစ်ကိုယ်လုံးကို ကြည့်လိုက် ! သူတို့ပြောနေတဲ့ အလှဆိုတာ ဘာလဲ ။
အရိုးလား အသားလား အသွေးလား အနာတုံးကြီးလား ။ အပုပ်ပုံကြီးလား ။ ဟုတ်ရဲ့လား ။ အရိုးပုံကြီး လှတယ်ပြောရင် မှန်ပါ့မလား ။ မမှန်ဘူး ။ အသားကော မမှန်ပါဘူး ။ အသွေးကော မမှန်ပါဘူး ။ အနာတုံးကြီးကော ( မမှန်ပါဘူးဘုရား ) ။ အဲ့ဒီ့တော့ လှတယ်ဆိုတာ ဘယ်မှာလဲ ။ မရှိတော့ပါဘူး ။ တွေ့ပြီလား ။ လှတယ်ဆိုတာ မရှိတော့ဘူး ။ တွေ့ပြီလား ။ အဲ့ဒီ့တော့ အဲ့ဒါတွေကို ကြည့်ကြည့်လိုက် ။ နာမ်ရုပ်ထိုထို ဖြစ်သစ်ပျိုလည်း ပျက်အိုဟောင်းကြ တားမရဘူး ။ မမှားအနိစ္စ အော် ! လက်တွေ့ခယဌကြီးပါတကား ။
ရုပ်ရယ် နာမ်ရယ် လို့ ပြောနေတဲ့ တကယ့် အရှိတရား နှစ်မျိုး ။ ကလျာဏီရဲ့ ခြေမအစ ဆံဖျားအဆုံး တစ်ကိုယ်လုံးမှာမှ တကယ်ရှိတာက ရုပ်နဲ့ နာမ် ။ ရုပ်နဲ့ နာမ်မှတပါး အခြားဘာရှိတုန်း ။ မရှိဘူး ။ အဲ့ဒီ့ ရုပ်နဲ့နာမ် နာမ်နဲ့ ရုပ်သည် ခယဌမျိုးအရ ကုန်ကုန် ကုန်ကုန်ပြီးတော့ ပျက်ပျက် ပျက်ပျက်နေတယ်လို့ ပြောခြင်းအားဖြင့် အဲ့ဒီ့ ကုန်ကုန် ကုန်ကုန်နေတယ်ဆိုတဲ့ တရားသည် လှရဲ့လား ။ လှလို့ မရဘူး ။ကုန်ကုန် ကုန်ကုန် ပျက်ပျက် ပြီးတော့နေတဲ့တရားသည် ဆင်းရဲခြင်း တစ်ခါတည်း ပါမသွားဘူးလား ။ ပါသွားတယ် ။
ဆင်းရဲတုံးကြီး ထီးထီးသည် လှလား ။ မလှဘူး ။ အစိုးကော ရလား ။ မရဘူး ။ အဲ့ဒါကြောင့်မို့ နာမ်ရုပ်ထိုထို ဖြစ်သစ်ပျိုလည်း ပျက်အိုဟောင်းကျ တားမရဘူး ။ မမှားအနိစ္စ အော် ! လက်တွေ့ခရတ္တကြီးပါတကား ။ အဲ့ဒီလို ခြေမအစ ဆံဖျားအဆုံး အခုလိုကြည့်လိုက်တော့ အနိစ္စရယ် ဒုက္ခရယ် အနတ္တရယ် ပဋိကူလရယ်ဆိုတဲ့ ရွံစရာ အနာတုံးကြီးမဟုတ်လား ။ ဟုတ်တယ် ။ အဲ့ဒါကိုကြည့် အဲ့ဒီ့လို ကြည့်လိုက်တဲ့ အခါမှာ ရွံဖွယ်ရာကြီး အစစ်ဖြစ်နေတဲ့ ခြေမအစ ဆံဖျားအဆုံး တစ်ကိုယ်လုံးကြီးကို လှတယ်လို့ ပြောရင် ရသလား ။ အဲ့ဒါ မှားလား ။ မှန်သလား ( မှားပါတယ်ဘုရား )
အဲ့ဒီတော့ အရိုး အသား အသွေးကို သိသိနေတဲ့ ယောဂီသည် သာသနာ့ ဝန်ထမ်းရော မဟုတ်ဘူးလား ။ ဟုတ်တယ် ။ သီလသာသနာ သနာဓိသာသနာ ပညာသာသနာကို ဝန်ထမ်းဆောင်တဲ့ ။ ဟုတ်ကဲ့လား ။ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေတယ် ။ မဇ္ဈိမပဋိပဒါ လမ်းကြောင်းကို ပီပီပြင်ပြင် ရောက်နေတာ ဖြစ်တဲ့အတွက် သံသရာနဲ့ လမ်းခွဲနေတဲ့ ပုဂ္ဂိုလ် ဖြစ်နေတယ်ဆိုတာ ထင်ရှားမနေဘူးလား ။ ထင်ရှားနေတယ် ။ အဲ့ဒီတော့ ဟုတ်ကဲ့လား ။ အဲ့ဒီ့ အရိုး အသွေး အသား ပီပီပြင်ပြင် ကြည်ကြည်လင်လင် မြင်အောင် ကြည့်ကြည့် ကြည့်ကြည့် ကြည့်ကြည့် ပြီးတော့ သိသိ သိသိ ပြီးတော့ ဟုတ်ရဲ့လား ။ ခေါင်းကြည့်တော့ ခေါင်းရိုး ခေါင်းသား ခေါင်းသွေး ။ ကုပ်ကြည့်တော့ ကုပ်ရိုး ကုတ်သား ကုတ်သွေး ။ လက်ကြည့်တော့ လက်ရိုး လက်သား လက်သွေး ။ ကိုယ်ကြည့်တော့ ကိုယ်ရိုး ကိုယ်သား ကိုယ်သွေး ။ ခြေထောက်ကြည့်တော့ ခြေရိုး ခြေသွေး ခြေသား ဒါပါပဲ ။ အဲ့ဒီလို ပွါးပွါး ပွါးပွါးပြီးတော့ ညာဏ်များအောင် အားထုတ်သွား ။ ဘယ်လောက် အားထုတ်ရမလဲမေးရင် အရဟတ္တမဂ် အရဟတ္တဖိုလ် မရမချင်း အားထုတ်ရမှာလို့ ဆုံးဖြတ်ချက်ချ ။ ရှင်းပြီလား ။ ဒီနည်းအတိုင်း သွားရင် ရမှာလား ။ ရမှာ အဲ့ဒါ သံသယမဖြစ်နဲ့ ။ သံသရာဝဋ်က လွတ်မှာလား ။ လွတ်မှာ သံသယမရှိနဲ့ ဟုတ်ပြီလား ။ အဲ့ဒီလို ပွားပွားပြီးတော့ ညာဏ်များအောင် အားထုတ်သွား ။
( ဆရာတော် ဦးဝီရိယ - ဓမ္မစာဆိုတော် ) ဇနပဒကလျာဏီကျမ်း စာ ၁၇ မှ ၄၃ ထိ မှီငြမ်းရေးသားသည် ။
#htoohtoolay
myothetzaw23.blogspot.com

Comments
Post a Comment