Skip to main content

ရုပ်အလောင်းကို သစ်ပင်အဖြင့် သဂြိုဟ်မည်

နောင်သေသည့်အခါ ရုပ်အလောင်းကို သစ်ပင်အဖြစ် သဂြိုဟ်ပြောင်းလဲနည်းသာ ကျင့်သုံးလာဖွယ်ရှိနေ

----------


ဒီသမရိုးကျမဟုတ်တဲ့ နည်းလမ်းက အခေါင်း၊ အုတ်ဂူနဲ့ သာမန်အသုဘချနည်း အစား အသွင်သစ်သဂြိုဟ်နည်းသာ ခေတ်စားလာနိုင်ပါတယ်။ ဒါက အီတလီနိုင်ငံမှာ မူလစတင်လုပ်ဆောင်တဲ့ ဆန်းသစ်ထူးခြားသော သဂြိုဟ်နည်းတစ်ခု ဖြစ်ပါတယ်။ ဒါကို ဒီဇိုင်နာ Anna Citelli နဲ့ Bretzel တို့က တီထွင်ဖန်တီးခဲ့ပြီး The Capsula Mundi project လို့ နာမည်ပေးထားပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို သစ်ပင်တစ်ပင်အဖြစ် အသွင်ပြောင်းလဲဖို့ ဖန်တီးထားသော အန္တရာယ်မရှိ အော်ဂဲနစ်စံစံ ခန္ဓာကိုယ်မြေမြုပ်သဂြိုဟ်တဲ့ ဆေးလုံးပုံစံအခွံနဲ့ ပတ်သက်ပါတယ်။ လူ့ခန္ဓာဟာ သစ်ပင်ကို ဖွံ့ဖြိုးစေမယ့် အာဟာရဓာတ်အဖြစ် ပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်။

ဘယ်လို အလုပ်လုပ်နေသလဲ

လူ့ခန္ဓာကို သန္ဓေသား အနေအထားပုံစံနဲ့ ထည့်သွင်း သဂြိုဟ်ထားကာ အဲဒီရဲ့အပေါ်မှာ မျိုးစေ့စိုက်ပျိုးပေးလိုက်ခြင်း ဖြစ်ပါတယ်။ အခေါင်းကို ဘယ်သစ်သားသုံးမလဲ ရွေးချယ်သလိုမျိုး ကိုယ် ပေါက်လာစေချင်တဲ့ သစ်ပင်အမျိုးအစားတစ်ခုကို ရွေးချယ်နိုင်ပါတယ်။

ဒီရုပ်အလောင်းကို မြေချမယ့် အခွံက ကစီဓာတ်ပါသော ပလတ်စတစ်နဲ့ ပြုလုပ်ထားပါတယ်။ အဲဒီပလတ်စတစ်က ဆေးတောင့်လိုအခွံ ဆွေးမြည့်ပျက်စီးခြင်းကို မတားဆီးပါ။ တချိန်တည်းမှာ အဲဒီခန္ဓာကိုယ်က အပင်များအတွက် အာဟာရဓာတ်တွေရရှိစေမယ့် ဓာတ်သတ္တုအဖြစ် ပြောင်းလဲပါတယ်။ နောင်တစ်ချိန်မှာ အသုံးပြုလာမယ့် ဒီဆေးတောင့်လို အခွံတွေက သချုင်္ီင်းကို တောအုပ်များအဖြစ် ပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်။

အမှန်တော့ ဒီလို မြေမြုပ်သဂြိုဟ်မှုပုံစံကို အီတလီဥပဒေက ခွင့်မပြုသေးတာကြောင့် စိတ်ကူးအဖြစ်သာ ရှိနေပါသေးတယ်။ ဒါပေမယ့် ဒါကို ဆက်လက်ဆောင်ရွက်သွားပါက နောင်တစ်ချိန်မှာ အုတ်ဂူများအစား အထိမ်းအမှတ်ဥယျာဉ် ဖြစ်လာပါလိမ့်မယ်။ နောင်မှာ သင့်ချစ်ရတဲ့သူတွေရဲ့ သစ်ပင်တွေဆီ အလည်ပတ်သွားရောက် ပြုစုနိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံမှာ ဒီလို သဂြိုဟ်မှုမျိုး တရားဝင်ခွင့်ပြုထားတဲ့ နေရာတွေ ရှိနေပါတယ်။ နောက်ဘယ်နေရာတွေမှာ ထပ်မံပေါ်ပေါက်ဦးမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Ref:healthadvisor-team

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...