အာယတနကြောင့် ဖဿ ဖြစ်သည် !
----
အာယတန ခြောက်ပါးဟူသော အကြောင်းကြောင့် အာရုံကို တွေ့ထိမှု ဖဿ သည် ဖြစ်ပေါ်၏ ။
အာယတနခြောက်ပါးဆိုတာ အတွင်း အာယတန ခြောက်ပါးလဲ ရှိတယ် ။ အပြင် အာယတနခြောက်ပါးလဲ ရှိတယ် ။ အတွင်း အာယတနခြောက်ပါးဆိုတာ မျက်စိ နား နှာ လျာ ကိုယ် စိတ် ဆိုတဲ့ အဲ့ဒီ့ ခြောက်ပါး ။ အပြင် အာယတနကတော့ အဆင်း အနံ့ အသံ အရသာ အတွေ့အထိ သဘော ဆိုတာတွေပါပဲ ။ ဖဿဆိုတာ ဒီအာရုံခြောက်ပါးကို ထင်ရှားတွေ့တဲ့ သဘောပဲ ။ မျက်စိနဲ့ မြင်တဲ့အခါ အဆင်အာရုံကို ထင်ရှားတွေ့ရတယ် ။ နားနဲ့ ကြားတဲ့အခါ အသံကို ထင်ရှားစေတယ် ။ နှာခါင်းနဲ့ နံတဲ့အခါ အနံ့ ။ လျှာနဲ့ အရသာတွေ့တဲ့အခါ အရသာအာရုံလေးဖြစ်တယ် ။ ကိုယ်နဲ့ ထိတဲ့အခါ အတွေ့အထိ ။ စိတ်နဲ့ ကြံစည်တဲ့အခါ သဘောအာရုံတွေ ထင်ရှားတွေ့ရတာပဲဖြစ်ပါတယ် ။ အဲ့ဒါတွေဟာ အာယတနကြောင့်ဖဿဖြစ်တာတွေပဲ ဖြစ်ပါတယ်။
( မဟာစည်ဆရာတော်ဘုရားကြီး၏ ပိဋိစ္စသမုပ္ပါဒ်ဒေသနာတော် ( ပ ) ကျမ်း -စာ - ၂၆၄ မှ ၂၆၅ မှ မှီငြမ်းရေးသားသည် )
#htoohtoolay
myothetzaw23.blogspot.com

Comments
Post a Comment