Skip to main content

သမိုင်းမတင်မီက အနုမြူစစ်ပွဲများ

သမိုင်းမတင်မီက အနုမြူစစ်ပွဲများ
----
၂၀၀၈ ခုနှစ် / ဖေဖေါ်ဝါရီ လ၏ နေ့တစ်နေ့ဖြစ်ပါတယ် ။ ကမ္ဘာ့ခေါင်းဆောင်များဟာ အလွန်အရေးပါလှတဲ့ အခမ်းအနားတစ်ခုကို ဖွင့်လှစ်ဖို့အတွက် စုရုံးရောက်ရှိနေကြတယ် ။ ရောက်ရှိနေကြတဲ့ နေရာမှာလဲ စည်ပင်ဖွံ့ဖြိုးလှတဲ့ မြို့ပြနေရာတစ်ခုတော့ မဟုတ်ပါဘူး ။ လူသူ အရောက်အပေါက်နည်းလှတဲ့ မြောက်ဝင်ရိုးစွန်းမှ မိုင်ပေါင်း (၈၁၀) အကွာမှာတည်ရှိတဲ့ နော်ဝေးနိုင်ငံပိုင် ရေခဲနေသော ကျွန်းတစ်ကျွန်းပေါ်မှာ ဖြစ်တယ် ။ နေရာအတိအကျကို ဖေါ်ပြရမယ်ဆိုရင်တော့ နော်ဝေးနိုင်ငံရဲ့ မြို့တစ်မြို့ဖြစ်တဲ့ Longyearbyen မြို့ဟာ အနီးဆုံးဖြစ်ပြီး အလွန်ခေါင်လှတဲ့ အာတစ်ဆားလ်ဘတ်ထ် အုချီပီလဂို (Arctic Svalbard archipelago) အရပ်မှာ ဖြစ်တယ် ။ ဖွင့်လှစ်တဲ့ အခမ်းအနားမှာ ကမ္ဘာလုံးဆိုင်ရာ ဆားလ်ဘတ်ထ် မျိုးစေ့သိုလှောင်ရုံကြီး ဖွင့်ပွဲ အခမ်းအနားပဲဖြစ်ပါတော့တယ် ။

မျိုးစေ့သိုလှောင်ရုံဆိုတာကို အထင်သေးဖွယ်မြင်ယောင်ပါက သင့်ရဲ့အထင်ဟာ အလွန်ပဲ မှားသွားပါလိမ့်မယ် ။ ကမ္ဘာအရပ်ရပ်မှ ထွက်ရှိလာတဲ့ သီးနှံမျိုးစေ့များကို နှစ်ပေါင်း(၄၅၀၀) ခန့် ကြာမြင့်သည့်တိုင် မပျက်ဆီးဖို့ သဘောဝဘေး အန္တရာယ်အမျိုးမျိုးက ဒီသိုလှောင်ရုံပေါ် ကျရောက်လာပါစေ ကြံ့ကြံ့ခံနိုင်အောင် တည်ဆောက်ထားတဲ့ ခမ်းနားကြီးကျယ်တဲ့ အဆောက်အဦးကြီးပဲဖြစ်ပါတယ် ။ ဒီအဆောက်အုံကြီး တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ " အကယ်၍ ကမ္ဘာနဲ့ ချီတဲ့ ကပ်ဘေးကြီးများ / ကမ္ဘာနဲ့ ချီတဲ့ အနုမြူစစ်ပွဲများ ဖြစ်ပွားလာခဲ့မယ်ဆိုရင် ကမ္ဘာအဝန်းက လူ တိရိစ္ဆာန်များနဲ့ စိုက်ပျိုးသီးနှံများပါ ပျက်ဆီးတော့မှာ ဖြစ်ပါတယ် ။ အဲ့ဒီ့အခါမှာ အဲ့ဒီ့ ကပ်ဘေးမှာ ကြွင်းကျန်ခဲ့တဲ့ လူသားတွေဟာ ဒီသိုလှောင်ရုံအတွင်း လတ်ဆတ်စွာ သိုလှောင်ထားရှိတဲ့ သီးနှံမျိုးစေ့တို့ကို စိုက်ပျိုးခြင်းဖြင့် လူသားတို့ရဲ့ ယဉ်ကျေးမှု စာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ရန် " ရည်ရွယ်ချက်ပဲဖြစ်ပါတော့တယ် ။

ဒီအရာတွေကို ဘာကြောင့်ပြင်ဆင်လာကြတာလဲလို့ မေးခွန်ထုတ်စရာ ရှိတယ်။ သိပ့်ကောင်းတဲ့ မေခွန်းအတွက် အဖြေကလဲ ခိုင်လုံတဲ့ သက်သေအထောက်ထားတွေနဲ့ ပြဆိုနိုင်ပါလိမ့်မယ် ။ ကမ္ဘာ့ပထမဆုံးသော အနုမြူဗုံး စမ်းသပ်မှုကို အမေရိကန်နိုင်ငံ နယူးမက်ဆီကို သဲကန္တာရအတွင်းမှာ ၁၉၄၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က စမ်းသပ်ခဲ့တယ် ။ အဲ့ဒီ့အခါက နယူးမစ်ဆီကို သဲကန္တာရအတွင်းရှိ သဲများဟာ ထွက်ပေါ်လာတဲ့ အပူရှိန်ကြောင့် အရည်ပျော်ကာ အစိမ်းရောင် ဖန်သားများအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ဒီဖြစ်စဉ်ကတော့ ဒီအဆောက်အဦးကြီးကို တည်ဆောက်ဖို့အတွက် သုတေသနပညာရှင်တို့အဖို့ ဒီစိတ်ကူး အယူအဆကို ပေါက်ပွားလာစေခဲ့ခြင်းပဲဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုတော့ မက်ဆိုပိုတေးမီးယားမှာရှိတဲ့ ယူဖရေးတီးတောင်ကြားဒေသမှာ ရှေးဟောင်းသုတေသန လုပ်ငန်းတွေ လုပ်ခဲ့ကြတယ် ။ အဲ့ဒီအခါ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀၀၀(ရှစ်ထောင်) က တည်ရှိခဲ့တဲ့ စိုက်ပျိုးရေးလုပ်ငန်းမျာ လုပ်ကိုင်ခဲ့တဲ့ အလွှာတစ်ခုကို တွေ့ရှိခဲ့ပါတယ် ။ ထို့နောက် အဲ့ဒီ့ထက်ရှေးကျတဲ့ တိရိစ္ဆာန်မွေးမြူရေးကို ဖေါ်ပြတဲ့အလွှာ / ထို့နောက် အလွန်ရှေးကျတဲ့ ဂူနေလူသားများအကြောင်းကို ဖေါ်ပြတဲ့အလွှာ စတာတွေကို ဆက်တိုက် တွေ့ရှိခဲ့ကြတယ် ။ ဒီ့ထက် ထူးခြားတဲ့ တွေ့ရှိချက်ကတော့ ယင်းမက်ဆီကို သဲကန္တာရအတွင်း အနုမြူဗုံး စမ်းသပ်ရာမှာ အပူရှိန်ကြောင့် အရည်ပျော်သွားတဲ့ အစိမ်းရောင်ဖန်သားများပုံစံမျိုးတွေနဲ့ တစ်ပုံစံတည်းတူညီတဲ့ ရှေးဟောင်း ဖန်ပြားတွေကို တွေ့ရှိလာခြင်းကြောင့်ပဲဖြစ်တယ် ။ ဒီတွေ့ရှိမှုကိုအခြေတည်ပြီး သီအိုရီတွေ အမျိုးမျိုးထွက်နေပေမယ့် ဒီဖန်ချပ်များဟာ အလွန်ပူပြင်းတဲ့အရှိန်ကြောင့် ဖြစ်ခဲ့ရတဲ့ ရည်ပျော် သဲများဖြစ်တာကြောင့် ရှေးယခင်ကတည်းက အနုမြူလက်နက်များ ပေါ်ထွက်နေပြီလားဟု အမေးများဟာ သုတေသနပညာရှင်တို့ကို စိန်ခေါ်လာပါတော့တယ် ။

ရှေးခေတ်က အနုမြူစစ်ပွဲများ သီအိုရီကို ကိုင်စွဲကြတဲ့ပညာရှင်များဟာ အန္ဒိယပြည်မှာ ထင်ရှားတဲ့ မဟာဘရတ္တ နဲ့ ရာမယဏ ကျမ်းများ / သမ္မာကျမ်းစာ / ဟိန္ဒူကျမ်းတို့မှာ ပါဝင်တဲ့ စစ်ပွဲအချက်အလက်များကို ပြဆိုပြီး အနုမြူစစ်ပွဲများ ဖြစ်ခဲ့ကြောင်းကို ယုံကြည်ကြပါတယ် ။ မဟာဘရတ္တကျမ်းပါအဆိုကတော့ " ပြင်းထန်လှတဲ့ မိုးကြိုးပစ်ခြင်း သို့မဟုတ် ပြင်းထန်လှတဲ့ သေမင်းတမန်ကြီး ထွက်ပေါ်လာပြီး Vrishnis နဲ့ Andhakas မျိုးနွယ်စုတို့ ပျာပုံဘဝသို့ ရောက်ရှိသွားတော့သည် ။ အလောင်းကောင်တို့သည် အပူရှိန်က ပြင်းစွာ လောင်ကျွမ်းမှုကြောင့် ရုပ်ဆင်းအင်္ဂါတို့အား မမှတ်မိအောင်ပင် ။ ဆံပင်နှင့် လက်သည်းတို့အားလုံး ကျွတ်ထွက်ကုန်ပြီး အရောင်ရှိသော ငှက်များအားလုံး အဖြူရောင်သို့ ပြောင်းသွားတော့သည် ။ လက်နက်၏ အာနိသင်သည် နာရီပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် အစားအသောက်များအပေါ်တွင် အကျိုးသက်ရောက်လျက်ရှိသည် ။ ဖြစ်ပေါ်လာသော မီးလျှံတို့၏ အပူရှိန်မှ လွတ်ကင်းအောင် စစ်သည်များသည် စမ်းချောင်းများအတွင်းသို့ ခုန်ဆင်းလိုက်ကြသည် " လို့ ထူးခြားစွာ ပါရှိနေပါတယ် ။ ဒီအဆိုနဲ့ ဟီရိုရှီးမား မှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အချက်တွေဟာ တူညီမှု ရှိနေပါတယ်။

မိုဟင်ဂျိုဒါရို အမည်ရှိတဲ့ ရှေးဟောင်းမြို့ကြီးတစ်ခုဟာ ယခုခေတ် ပါကစ္စတန်နိုင်ငံမှာ တည်ရှိလျက် ရှိနေပါတယ် ။ အဲ့ဒီ့မြို့ကြီးကို ၂၆၀၀ ဘီစီက တည်ထားခဲ့တယ်လို့ ပညာရှင်များက တွက်ချက်ထားကြတယ် ။ အဲ့ဒီ့မြို့ဟာ အိန္ဒိယပြည် ဟိန္ဒူမြစ်ဝှမ်းယဉ်ကျေးမှုရဲ့ အကြီးကျယ်ဆုံးသော ပြယုတ်ဖြစ်ပြီး ကမ္ဘာ့အစောဆုံး မြို့ပြထည်ထောင်မှုလို့လဲ ယူဆထားကြပါတယ် ။ ဒီမြို့ကြီးဟာ ရှေးခေတ် အီဂျစ်ယဉ်ကျေးမှုနဲ့ ခေတ်ပြိုင်လဲ ဖြစ်တယ် ။ အဲ့ဒီ့မြို့ကြီးကို သုတေသီနှစ်ဦးဖြစ်တဲ့ ဒေးဗစ်ဒဘလျူ ဒါဗင်ပို့ထ် နဲ့ အက်တောဗင်စင်တီ တို့က သုတေသနပြု တူးဖေါ်ခဲ့ကြတာဖြစ်တယ် ။ သူတို့ဟာ တူးဖေါ်လေ့လာစဉ် ကြွင်းကျန်တဲ့ နံရံများ အချို့ကျောက်တုံးတွေဟာ အရည်ပျော်နေသည့် ပုံစံနဲ့ ရေဒီယိုသတ္ထုကြွများကို တွေ့ရှိခဲ့ကြတယ် ။ ကာလ ကြာမြင့်စွာ လေ့လာမှုများ ပြုလုပ်ပြီးနောက် မိုဟင်ဂျိုရိုအမည်ရှိတဲ့ ယင်မြို့ကြီးဟာ ရှေးခေတ်အခါက နယူကလိယားဗုံးပေါက်ကွဲမှုကြောင့် ပျက်ဆီးခဲ့တဲ့ မြို့ပျက်ကြီး တစ်ခုဖြစ်ကြောင်း စာတမ်းတစ်စောင် တင်သွင်းခဲ့ပါတယ် ။ ဒါပေမယ့် အဲ့အခါက သိပ္ပံပညာရှင်အများစုဟာ လက်မခံပဲ ပယ်ခဲ့ပါသော် သုတေသီအများစုကတော့ ဖြစ်နိုင်တဲ့ ကောက်ချက်များလို့ ယူဆခဲ့ကြပါတယ် ။ ယခုတွင်တော့ ထိုအချက်များဟာ သိပ္ပံပညာရှင်များကို စိန်ခေါ်နေကြပါပြီ ။

သင်ရော ! ဘယ်လိုထင်ပါသလဲ ။ ရှေးခေတ်က အဆင့်မြင့်တဲ့ နည်းပညာတွေနဲ့ စစ်ပွဲများ ဖြစ်ပွားခဲ့တယ် (ဒါမှမဟုတ် ) မဖြစ်ခဲ့ဘူး ဆိုတဲ့ အချက်တွေအပေါ် ဘယ်လို ကောက်ချက်ချချင်သလဲ ?

#htoohtoolay

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...