Skip to main content

ဘာကို ရွစ္ခိုးတာလဲ ?

ဘာကို ရွစ္ခိုးတာလဲ ?
----
အခုခေတ်ကတော့ ပြောစရာမလိုအောင်ကို သံဃာ အတု အစစ်ဆိုပြီး အလွန်မှ သွင်ကျယ်စွာ ပြောဆိုနေကြပါတယ် ။ ပိုဆိုးတာကတော့ သံဃာတွေဟာ မိန်းကလေးတွေနဲ့ အတူ ဆိုက်ကယ် အတူစီးတာမျိုး / ဘီယာဆိုင်ကို ညဘက်မှာ လူဝတ်နဲ့ ရောက်နေတက်တာမျိုး စတဲ့ အစရှိတဲ့ ဝိနည်းတွေနဲ့ မညီတာတွေကို ဝေဖန်သူတွေကလဲ ထောက်ပြကြသလို နှစ်ဦး နှစ်ဖက်မှာ ကိုယ့် အယူနဲ့ကိုယ် လက်ခံခြင်း ငြင်းခုံခြင်းများကို ပြုလုပ်ကြတယ် ။

တစ်ချို့က ရှစ်ခိုးစရာတောင်မလိုဘူးဆိုပြီး သတ်မှတ်ကာ ဒီသံဃာဟောတာ တရားမဟုတ်ဘူးလို့ ယူဆတယ် ။ ဒီလို လက်ခံကြတယ် ။ ဒါဟာ လက်မခံသူတွေရဲ့ ယခုခေတ် အထင်အရှား ဆန့်ကျင်မှုပါပဲ ။ လက်ခံသူတွေကလည်း နည်းအမျိုးမျိုးနဲ့ လက်ခံကြပြန်ပါတယ် ။ ဒီသံဃာမရှိရင် သာသနာ ခရီးဆိုတာ မရှိလာနိုင်တော့ဘူးလေတဲ့ ။

 ဒီလို အမျိုးမျိုး ကိုယ့်အထင်နဲ့ ကိုယ်စီ လက်ခံကြပြီး ထောက်ခံသူတွေလဲ ရှိတယ် မထောက်ခံသူတွေလည်း ရှိတယ် ။ ဒီလို ရှိနေကြပြီး ကိုယ်စီ ခံယူချက်နဲ့ ပြုံးခြင်း မဲ့ခြင်းကို လုပ်ကြပါတယ် ။

ကောင်းပြီ !

ဒါဆို ကျွန်တော်တို့ ပေတံတစ်ခုလောက် ထုတ်ကြရအောင်လား ?

တစ်ချက်လောက်ပဲ ဖြေကြည့်ရအောင် ။

နံပါတ် ( ၁ ) -

 မိန်းမနဲ့ ဖေါက်ပြန်တဲ့ သံဃာ / ဘီယာဆိုင် ရောက်နေတဲ့ သံဃာ / ဘောလုံးပွဲ လောင်းနေတဲ့ သံဃာ အစရှိတဲ့ အကျင့်ပျက် သံဃာတွေဟာ တရားပွဲတစ်ခုမှာ ပဋိစ္စသမုပ္ပါဒ်ကို အပ်ကျမတ်ကျ ဟောပြောနေပြီဆိုပါစို့ ။ ဒါဆို အဲ့ သံဃာ ဟောပြောနေတဲ့ ပဋိစ္စသမုပ္ပါဒ်တရားကို မနာနိုင်တဲ့ သူနဲ့ နာနိုင်တဲ့သူ ။ ဘယ်သူ များမလဲ ?

အဖြေက ရှင်းပါတယ် ။ မနာနိုင်တဲ့သူက ပုဂ္ဂိုလ်ကို ကိုးကွယ်ရှစ်ခိုးတာ ။ နာနိုင်တဲ့သူက တရားကို ကိုးကွယ်ရှစ်ခိုးတာ ။ ဒါပါပဲ ။ သိပ့်ရှင်းပါတယ် ။

ဒါဆို တစ်ခုတော့ မေးစရာ ရှိသွားပြီ ။

သင်ကော ! ဘယ်အရာကို ကိုးကွယ်ရှစ်ခိုးတာလဲ ?

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...