ရာမ ( ၃ )
----
ရာမ ဟာ ပရသုရာမထံမှ လေးကို မြှောက်တင်လိုက်ပြီး ကြိုးကိုလဲ ဆွဲတင်လိုက်ပါတော့တယ် ။ အဲ့ဒီ့နောက် ပရသုရာမကို ဒီလေးနဲ့ မြားကို ဆွဲတင်ပြီးရင် တစ်စုံတစ်ခုကို ပစ်မှသာ ဖြုတ်လို့ရကြောင်းဆိုလိုက်ပါတယ် ။ ဒါကြောင့် မင်းမှာရှိတဲ့ ဘယ်ဘုန်းတန်ခိုးကို ဖျက်ဆီးပစ်ရမလဲလို့ ရာမမင်းသားဟာ ပရသုရာမ ကို ခက်ထန်သောလေသံနဲ့ မေးလိုက်ပါတော့တယ် ။ ထိုခဏ၌ပင် ဘုန်းတန်ခိုးတေဇော ရုပ်လက္ခဏာကိုဆောင်သော ပရသုရာမရဲ့ မျက်နှာမှာ ညှိုးကျကာ ပြောင်းလဲသွားလေတော့တယ် ။ နှိမ်နင်းလို့မရတဲ့ စစ်ဘုရင်လိုမျက်နှာမျိုးမရှိတော့ပဲ မိမိကိုယ်ကို နှိမ့်ချတက်တဲ့ ရသေ့ ရဟန်းတို့ကဲ့သို့ ပြောင်းလဲလာပါတော့တယ် ။ ဒီမှာတင် ပရသုရာမရဲ့ လူဝင်စား ဘုရားအဖြစ်ကား ကံကုန်လေသွားပြီ ။
ရာမမင်းသားဟာ ပရသုရာမကို ချိုးနှိမ့်ပြီး သွားခွင့်ပြုလိုက်ပါတယ် ။ ဒီလိုနဲ့ ရာမနဲ့ သီတာမင်းသမီးတို့မှာ တစ်ဆယ့်နှစ်နှစ်တိတိ အယုဒ္ဓယမြို့တော်မှာ နေထိုင်ခဲ့ကြတယ် ။ တစ်နေ့မှာတော့ ဘုရင်ကြီးဟာ မှူးကြီး မတ်ကြီးများကို ညီလာခံတစ်ခု ခေါ်ယူကျင်းပပြီး ရာမမင်းသားကို မိမိရဲ့ အရိုက်အရာ အဖြစ် ခံယူပေးဖို့ ဆန္ဒကို ထုတ်ဖေါ်လိုက်ပါတော့တယ် ။ ဒါဟာ အမှန်တော့ ကောင်းတဲ့ နိမိတ်တစ်ခုမဟုတ်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့အခြေနေကို ပန်သာရမသိခဲ့ချေ ။ ပန်သာရဆိုတာ အမှန်တော့ အစေခံတစ်ဦးပါ ။ သို့သော် ထိုသူရဲ့ အစွမ်းကတော့ ရာမမင်းသား ကိုအရိုက်အရာပွဲ ကျင်းပရန်ပြင်ဆင်ချိန်မှ တွေ့ရသဖြင့် ကဲကေယီ မိဖုရားထံပြေးသွားကာ ကဲကေယီမှ ဖွားမြင်တဲ့ သားတော်တစ်ဦးဖြစ်သူ ဘာရတကို ထီးနန်းရဖို့ ကုန်ချောလေတော့တယ်ခင်ဗျာ ။ ဒီကုန်ချောမှုဟာ အကြိမ်ကြိမ်ဖြစ်လာတာမို့ အရာထင်ခဲ့လေပြီ ။
တစ်ချိန်က ဒဿရဋ္ဌ မင်းကြီးဟာ ရှေးယခင် ဣန္ဒရာနဲ့ သမ္ဘာရတို့ စစ်ခင်းတဲ့အခါ ဣန္ဒရာဘက်မှ ကူညီသဖြင့် စစ်ပွဲမှာ ဒဏ်ရာရပြီး မေ့သွားပါတော့တယ် ။ အဲ့ဒီ့အချိန်မှာ ကဲကေယီ မိဖုရားဟာ ဒဿရဋ္ဌကို စစ်ရထားနဲ့ သယ်ဆောင်သွားကာ မြားကို နုတ်ပြီး ဒဏ်ရာကိုလဲ ကုသပေးခဲ့တယ် ။ အဲ့ဒီ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ မင်းကြီးဟာ ကဲကေယီကို ဆုနှစ်ခု တောင်းခွင့် ပြုလိုက်ပါတယ် ။ ထိုစဉ်က ကဲကေယီက နောင်တချိန်မှ တောင်းမယ်ဆိုပြီး ပြောခဲ့တာကို ပြန်အမှတ်ရကာ ယခုအခါသည် အလွန်သင့်လျော်ပေတကားဟု အကြံဖြစ်လေတော့သည် ။
#ပထမဆုက ဘာရတမင်းသားကို အိမ်ရှေ့အရာအဖြင့် ထီးနန်းခံခွင့် ပေးရပါမယ် ။
#ဒုတိယကတော့ ရာမမင်းသားကို တောသို့ တစ်ဆယ့် လေးနှစ် နှင်ပစ်ရမယ်ဆိုတဲ့ ဆုပဲဖြစ်ပါတော့တယ် ။
နောက်ဆုံးမှာတော့ မင်းကြီးဟာ စိတ်ဆင်းရဲဒုက္ခနဲ့အတူ ဤဆုများကို ပေးလိုက်ရပြီးမကြာမီမှာပဲ သောကအပူမီးဖိစီးကာ မထနိုင်အောင် ဖြစ်သွားလေတော့သတည်း ။
ထို့နောက်မှာတော့ ရာမမင်းသားနဲ့အတူ ညီတော်လက္ခဏာ / သီတာဒေဝီ တို့ဟာ လိုက်ပါဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ပထမမှာ ရာမမင်းသားဟာ မလိုက်ဖို့ တားပါသေးတယ် ။ သို့သော် ပါရမီ ဖြည့်ဘက်များမဟုတ်ပါလား ။ နောက်ဆုံးမှာတော့ တောအရပ်သို့ လိုက်ခွင့် ပြုလိုက်ပါတော့တယ် ။
ရာမမင်းသားတို့ နန်တော်ထဲက ထွက်ခွါလာပြီး ဂင်္ဂါမြစ်အရောက်မှာ ရထားထိန်းကို ပြန်လွှတ်လိုက်ပါတယ် ။ ရထားထိန်းလဲ အယုဒ္ဓယမြို့ကို ပြန်ရောက်ချိန်ပဲ ဘုရင်ကြီးလဲ သားတော်အတွက် ပူဆွေးသောကနဲ့ ကံကုန်လေကြောင်း သိရပါတော့တယ်ခင်ဗျာ ။
ထိုအကြောင်းအရာများအားလုံးကို ဘာရတမင်းသားဟာ တစ်ခုမှ မသိသေးပဲဖြစ်နေပါတယ် ။ ဘုရင်ကြီး နတ်ရွာစံတဲ့အချိန်ခါမှပင် မှူးမတ်တို့က ဘုရင်အဖြစ် တင်ကြရန် ရောက်လာချိန်ခါမှ အကြောင်းစုံကို သိရကာ သူ့ရဲ့ မယ်တော်ကိုပင် ပြစ်တင်ပြီး မဆိုင်းမတွပင် ရာမမင်းသားအား ပြန်လည်ခေါ်ဆောင်ကာ နန်းတော်ကို အပ်နှင်းဖို့ စီစဉ်ပါတော့တယ် ။
ဘာရတမင်းကြီးသည် မိဖုရားကြီး သုံးပါးနဲ့အတူ အခြွေအရံများဖြင့် ရာမ / လက္ခဏာ / သီတာဒေဝီ တို့နေရာဖြစ်သော တောအရပ်ကို ထွက်ခွါခဲ့ပါတယ် ။ ဒီလိုနဲ့ ရာမတို့ဆီရောက်ကာ ထီးနန်းကို ပြန်လည်အပ်နင်းလေတော့ ရာမက ခမည်းတော်စကားကို မပယ်လိုတာကြောင့် ငြင်းဆန်လိုက်ပါတယ် ။ ဒီလိုနဲ့ အပြန်ပြန်အလှန်လှန် တောင်းဆိုတာကြောင့် သဘောတူညီချက်တစ်ခုကို ချလိုက်ပါတော့တယ် ။ ဒါဟာ ရာမမင်းသားပြန်လာချိန်မှာ ထီးနန်းပြန်လည်အပ်နင်းဖို့ပဲဖြစ်တယ် ။
စိတြကုတ္တတောင်နဲ့ မနီးမဝေးအရပ်မှာ ရက္ခတို့ရဲ့ စခန်းတစ်ခုရှိရာ အဲ့ဒီ့စခန်းကို ရက္ခတို့၏ ဘုရင် ရာဝဏ ညီတစ်ဦးဖြစ်သူ စစ်သူကြီး ခါကေက အုပ်ချုပ်တယ် ။ အဲ့ဒီ့စခန်းက ရက္ခအပေါင်းတို့က အနီးပတ်ဝန်းကျင်မှာရှိတဲ့ လူများ တရားအာထုတ်ရာ စခန်းများကိုဝင်ပြီး စားသောက်လေ့ရှိတယ် ။ ရသေ့အချို့ဆို အခြားနေရာဆီ ပြေးထွက်ရသည့်အထိပါပဲ ။ ဒီလိုနဲ့ ရာမတို့ဟာ တောထဲမှာ လှည့်လည်ရင်း အဲ့ဒီ့ နေရာဆီ ရောက်လာကာ ဝိရဒအမည်ရှိတဲ့ ရက္ခတစ်ဦးနဲ့ တွေ့ကာ ရာမက သုတ်သင်လိုက်တာကြောင့် ထိုတောအတွင်းမှာ တရားအားထုတ်ကြတဲ့ ရသေ့များဟာ ရာမကို အင်မတန်မှ ကျေးဇူးအထူးတင်လေကြပါတယ် ။ ဒီလိုနဲ့ ရာမတို့ဟာ ဒီအရပ်မှာပင် အခြေချကာ ဆယ်နှစ်တိုင်တိုင် နေထိုင်ခဲ့ကြပါတယ် ။ အဲ့ဒီ့နောက် အဲ့ဒီ့အရပ်ကနေမှ ပဉ္စဝတီသို့ ထွက်ခွါခဲ့ပါတယ် ။ လမ်းမှာ သစ်ပင်အပေါ်မှ ငှက်ကြီးတစ်ကောင်ကို တွေ့ပြီး စုံစမ်းကြည့်တဲ့အခါ ထိုငှက်မှာ ဇာတာယု အမည်ရှိကြောင်း / အရုဏခေါ် အရုဏ်ဦးနတ်ရဲ့ သား သမ္ပာတိ၏ ညီ ဖြစ်ကြောင်း အရုဏ မှာ ဗိဿနိုးအရှင်ရဲ့ စီးတော်ယဉ်ဖြစ်သော ဂရုဍ ခေါ် ဂဠုန်ငှက်၏ ညီဖြစ်ကြောင်း သိရပါတယ် ။
တစ်နေ့မှာ ဂေါဓာဝရီမြစ်မှာ ရာမတို့ ရေချိုးကာ စံနေကြစဉ် ရက္ခမတစ်ဦးဟာ ရာမကို ချစ်ကြိုက်သွားမိပါတော့တယ် ။ ရာမမင်းသားအား ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း စုံစမ်းမေးမြန်းပြီးရင် သူမဟာလဲ ရက္ခတို့၏ ဘုရင် ရာဝဏ၏ နှမတော်ဖြစ်ကြောင်း ဆိုကာ ရာမကို ချစ်ခင်စုံမက်မိလို့ လာကြောင်း / ဒါ့အပြင် သူမရဲ့ အကိုတွေက ဘယ်လို စစ်ဘုရင်တွေဖြစ်ကြောင်း ဘယ်လို ထက်မြတ်ကြောင်း ဘယ်လို အပိုင်စား အစရှိသလို ပြောဆိုကာ ရာမကို ဆွယ်ပါတော့တယ်ခင်ဗျာ ။ သီတာတမျှလှပတဲ့ ရက္ခမရဲ့ အပြောတွေအောက်မှာ . . .
အပိုင်း ( ၄ ) ကို နောက်နေ့ ဆက်ပါမယ် ခင်ဗျာ ။
#htoohtoolay
myothetzaw23.blogspot.com

Comments
Post a Comment