Skip to main content

ခဏလေးပါပဲ !

ဘဝရတာကို ပျော်နေတာလား ။ အမှန်တော့ ခဏလေးပါ
------
ဘဝအသစ်ဖြစ်လာလိုက်ရင်း သေသွားလိုက်ရင်း ဘဝအသစ်ဖြစ်လိုက်ရင်း သေသွားလိုက်ရင်း လာလိုက်သေလိုက် လာလိုက် သေလိုက်နဲ့ အစဉ်အတန်းကြီး ဖြစ်နေတယ် ။ လူတွေရဲ့ အမြင်နဲ့ကြည့်မယ်ဆိုရင် ကြက်ကလေးတွေ ဘဲကလေးတွေ တိရိစ္ဆာန်လေးတွေဟာ အင်မတန်မှ ကြောက်စရာကောင်းတဲ့အပိုင်းကို မြင်မှာဖြစ်တယ်ပေါ့ ။ ဒီလို အကောင်ကလေးတွေဟာ တစ်ချို့များ ကြက်ဘဝ ဘဲဘဝ ရောက်လာခါစရှိသေး အကောင်တောင် မပေါက်လိုက်ရသေးဘူး ဥ အဖြစ်နဲ့ လူတွေက ပြုတ်စားလိုက်ကြပြီ ။ တစ်ချို့များဆိုရင်အကောင်မဖြစ်သေးခင် သေသွားရရှာတယ် ။ အကောင်ကလေးဖြစ်လာပြန်တော့လဲ တယ်ကြာတယ်မနေရပါဘူး ။ တော်တော်ကလေးကြီးလာတယ်ဆိုရင် လုတွေက သတ်စားလိုက်ပြန်ပြီလေ ။ အဲ့ဒီ့ အကောင်လေးတွေရဲ့ ဖြစ်ပုံကိုကြည့်ပြီး ဆင်ခြင်လိုက်ရင် အင်မတန် ကြောက်စရာကောင်းတာကို တွေ့ရမှာပါ ။ ဒီကြက်ကလေးတွေ ဘဲကလေးတွေဟာ ဖြစ်လာလိုက်ရင်း လုတွေက သတ်စားလိုက်ရင်း သေသွားလိုက်ရင်း ဖြစ်လာလိုက်ရင်း သတ်လိုက်သေလိုက် ဖြစ်လိုက် သေလိုက်နဲ့အင်မတန် ရင်လေးစရာကောင်းပါတယ် ။ တစ်ကောင်တည်းသာ ဒီလို ထပ်ခါ ထပ်ခါဖြစ်နေမယ်ဆိုရင် တော်တော်စိတ်ပျက်စရာ ကြောက်စရာကောင်းတာပဲ ။ ဒါကတော့ လူအမြင်နဲ့ ကြည့်ပြီး တွေ့ရပုံကိုဟောတာပါ ။


သို့ပေမယ့် သူတို့ကြက်တွေ ဘဲတွေအတွက်တော့ သူတို့ဘဝဟာ တော်တော်နေသာထိုင်သာရှိနေမှာပဲ ။ သေမှသာ သေရော ။ မသေခင်မှာတော့ သူတို့ပျော်စရာတွေ ရှိအုန်းမှာပဲ ။ ဒါကြောင့် သူတို့ဟာ မြည်လိုက် သွန်လိုက်နဲ့ ပျော်နေကြတာပေါ့။ တစ်ကောင်နဲ့ တစ်ကောင် ခွပ်လိုက်ဆိတ်လိုက်နဲ့လဲ အနိုင်ကျင့်နေကြတယ် ။ ဒါဟာ သူတို့အမြင်နဲ့တော့ အသက်ရှင်နေရမယ့်အချိန်တွေ အများချည်း ရှိနေကြတယ်ထင်နေကြလို့ နေမှာပဲ ။ လူုအမြင်နဲ့ဆိုရင်တော့ ဒီအကောင်တွေဟာ ဘာမှ ပျော်ရွှင်စရာအချိန်မရှိဘူး။ ရက်ပိုင်း လပိုင်းလောက်ပဲ ခဏလေးပဲ ။ ဖြစ်လာလိုက် မကြာခင် သေသွားရရင်း ဖြစ်လိုက်သေလိုက်နဲ့ ဒီလို ဖြစ်နေရတာတွေဟာ အင်မတန်မှ ကြောက်စရာ ငြီးငွေ့စရာ အင်မတန်မှ ဖြစ်ရတယ်ပေါ့လေ ။ အဲ့ဒီ့ ကြက်တွေနေရာကို လူတွေအဖြင့်နဲ့ ခဏ မြင်ကြည့်စမ်း ။ ဘယ်လောက်ကြောက်စရာကောင်းလဲ ။ အဲလိုလူတွေကို နတ်တွေကလဲ မြင်ပြီး ဒီလိုပဲ သုံးသပ်မှာပဲ။ လူ့ဘဝ တိုတိုလေးမှာ ဘေးသုံးပါးမတွေ့ပဲ ပျော်နေကြတယ် ။ သေသွားလိုက် ဖြစ်လိုက်နဲ့ လို့ မြင်မှာပဲ ။ အဲ့လိုပဲ ဗြဟ္မာတွေဟာလဲ နတ်တွေကို ဒီလို သုံးသပ်မှာပဲ ။ အချိန်တိုတိုလေးမှ ဒီနတ်တွေ ပျော်နေလိုက်ကြတာပေါ့ ။ထို့အတူပါပဲလေ ။ ဒီဗြဟ္မာတွေကိုလဲ သံသရာကကြည့်ရင် အင်မတန်မှကမ္ဘာချည်ပြီး အသက်ရှည်တယ်ဆိုတာဟာ သံသရာခရီးကြီးနဲ့လဲ ယှဉ်ရော ရေပွတ်ပမာပဲ မြူတစ်မှုန်ပဲ အဲ့သလောက်လေးပဲ ။ ဒါတွေဟာ အင်မတန်ငြီးငွေ့စရာကောင်းတဲ့ တရားအမြင်တွေ ဆင်ခြင်သင့်လှတဲ့ ဆင်းရဲတွေပေါ့လေ ။

#htoohtoolay

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...