Skip to main content

သောတပန် budda

သောတပန် Budda
*** *** ***

ဒိဋ္ဌိဝိသုဒ္ဓိဟူသည်ကား အနတ္တတရား ထင်ရေးပင်ဖြစ်သည် ။ မိမိ၏ခန္ဓာ၌ ရုပ်နာမ်မှတပါး အခြားအတ္တဆိုသော အရာမရှိဟု အမှန်အတိုင်းထင်ရန်ပင်ဖြစ်သည် ။ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးပါးကို နှလုံးသွင်းရန်ဖြစ်သည် ။ အနိစ္စတရားထင်လာလျှင် အနိစ္စ မြဲ၏ဟူသော ဒိဋ္ဌိအယူပျောက်လျက် လောဘမီး ကင်းငြိမ်းသွား၏ ။ ဒုက္ခတရားထင်လျှင် သုခချမ်းသာပါကလားဟု ဒိဋ္ဌိအမြင်ပျောက်လျက် ဒေါသမီးကင်းငြိမ်း၏ ။ အနတ္တထင်သောအခါ ငါ၏ကိုယ် မြဲ၏ဟူသော အတ္တဒိဋ္ဌိပျောက်ကာ မောဟမီး ကင်းငြိမ်းသွားလေသည် ။

ဤကဲ့သို့ ဝိသုဒ္ဓိလမ်းစဉ်အတိုင်း ကျင့်၍ ယုံမှားခြင်းကို ကင်းစင်စေသော ဝိသုဒ္ဓိနှင့် ယုံမှားခြင်းကို ပယ်နိုင်သောအခါ စူဠသောတာပန်ခေါ် သောတပန် အငယ်စားဖြစ်လေ၏ ။ ဆက်လက်၍ ရှုမှတ်ပြန်သောအခါ ဖြစ်ပျက်ကို ရှင်းလင်းစွာမြင်ရကား မည်သူမျှ ဖန်ဆင်းခြင်းမဟုတ် သူ့သဘောအတိုင်းပင် ဖြစ်ပျက်နေလေ၏ဟု ညာဏ်ပညာ၌ ရှင်းလင်းစွာ တွေ့မြင်ရကား သောတပန်အဆင့်ကိုပင် ရောက်ရှိနိုင်လေ၏ ။

သောတပတ္တိမဂ်သို့ ရောက်ရှိုပြီးသော အရိယာတို့သည် မိမိ၏ သန္တန်၌ရှိသော ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာအားလုံး ချုပ်ငြိမ်း၏ ။ အတိတ်က ပါလာခဲ့သော မကောင်းမှု ဒုစရိုက်ကံဟောင်း အနတ္တနှင့် ရှေးဘဝရှိနေသေးလျှင် ထိုဘဝအဆက်ဆက် မိုက်မဲလတ္တံ့သော ဒုစရိုက်ကံသစ် များအား ထိုသောတပတ္တိမဂ်က ပယ်ရကား ဤဘဝမှစ၍ မဂ်စိတ်သည် ထက်မြတ်မှုမရှိနိုင်စေကာမူ ခုနှစ်ဘဝထက် မလွန်သော သံသရာ၌ နိဗ္ဗာန်သို့ မျက်မှောက်ပြုလိမ့်မည်ဖြစ်၏ ။

" ချစ်သား သာရိပုတ္တရာ သောတ သောတ ဟူသော ဤစကားကို ဟောကြားတော်မူအပ်၏ ။ အဘယ်မည်သော တရားသည် သောတ မည်သနည်း "
" အရှင်ဘုရား မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အရိယာမဂ်သည် သောတ မည်ပါ၏ ။ အရိယာမဂ်ဟူသည်
ကောင်းစွာသိခြင်း
ကောင်းစွာကြံစည်ခြင်း
မှန်ကန်စွာ ပြောဆိုခြင်း
မှန်ကန်စွာပြုလုပ်ခြင်း
မှန်ကန်သော အသက်မွေးမြူခြင်း
မှန်ကန်စွာ အားထုတ်ခြင်း
ကောင်းစွာ အောက်မေ့ သတိရခြင်း
ကောင်းစွာ တည်ကြည်ခြင်း ဤမဂ္ဂင်ရှစ်ပါး ဖြစ်ပါတယ်ဘုရား "
" သာဓု သာဓု သာဓု မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဤအရိယာမဂ်သည် သောတမည်ပေ၏ "
" အို ချစ်သား သာရိပုတ္တရာ သောတာပန္န သောတာပန္န ဟူသော ဤစကားကို ဟောကြားအပ်၏ ။ အဘယ်မည်သော ပုဂ္ဂိုလ်သည် သောတာပန္န သောတာပန် ဖြစ်သနည်း "
" အရှင်ဘုရား အကြင်ပုဂ္ဂိုလ်သည် မြတ်သောအင်္ဂါရှစ်ပါးဖြစ်သည့် ဤမဂ်နှင့် ပြည့်စုံ၏ ။ ထိုပုဂ္ဂိုလ်သည် သောတာပန် မည်ပါ၏ဘုရား "
" ချစ်သား သာရိပုတ္တရာ သာဓု သာဓု သာဓု ။သာရိပုတ္တရာ အကြင်ပုဂ္ဂိုလ်သည် မြတ်သောအင်္ဂါရှစ်ပါးဖြစ်သည့် ဤမဂ်နှင့် ပြည့်စုံ၏ ။ ထိုပုဂ္ဂိုလ်သည် သောတာပန်မည်၏ "
" အို ချစ်သားသာရိပုတ္တရာ သောတာပတ္တိမဂ်ကို ရနိုင်ကြောင်းဖြစ်သော အကြောင်းအင်္ဂါသည် မည်သည်ဟူသနည်း "
" အရှင်ဘုရား သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်းသည်လည်းကောင်း သူတော်ကောင်းတို့၏ တရားစကားကို ကြားနာခြင်းသည်လည်းကောင်း အသင့်အသင့် နှလုံးသွင်းခြင်းသည်လည်းကောင်း လောကုတ္တရာတရား ကိုးပါးအား လျော်ကန်စွာအကျင့်ကို ကျင့်ခြင်းသည်လည်းကောင်း ထိုအင်္ဂါလေးပါးသည် သောတာပတ္တိမဂ်ကို ရကြောင်းဖြစ်သော အကြောင်းအင်္ဂါများဖြစ်ပါတယ် ဘုရား "
" အို ချစ်သား သာရိပုတ္တရာ သာဓု သာဓု သာဓု "

( မဟာဝဂ္ဂသံယုတ် ။ သောတာပတ္တိသံယုတ် ။ ဝေဠုဒွါရဝဂ် )

#htoohtoolay

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...