မတရားသောသူတို့အပေါ် အပြစ်ဒါဏ် ကျရောက်စေခြင်း ( ခရစ်ယာန် )
-----
အကျွန်ပ် ချီးမွှမ်းသော ဘုရားသခင် ! တိတ်ဆိတ်စွာ နေတော်မမူပါနှင့် ။ မတရားသောသူနှင့် သစ္စာပျက်သောသူတို့သည် အကျွန်ပ် တစ်ဖက်၌ နှုတ်ကိုဖွင့်၍ မုသားစကားကို ပြောဆိုကြ၏ ။ မနာလိုစိတ်နှင့် စကားပြောလျက် အကျွန်ပ်ကိုဝိုင်း၍ အကြောင်းမရှိဘဲ စစ်တိုက်ကြပါ၏ ။ အကျွန်ပ်၏ မေတ္တာအတွက် သူတို့သည် ရန်ဘက် ပြုကြပါ၏ ။ အကျွန်ပ်မူကား ပဌနာ ပြုလျက်နေပါ၏ ။ အကျွန်ပ်ပြုသော ကျေးဇူးအတွက် မကောင်းသော အပြစ်ကို လည်းကောင်း အကျွန်ပ် မေတ္တာအတွက် မုန်းခြင်းကိုလည်းကောင်း ပေးဆပ်ကြပါ၏ ။ ထိုသို့သော သူအပေါ်မှာ မတရားသောသူကို ခန့်ထားတော်မူပါ ။ သူ၏ လက်ျာနားမှာ ရန်သူနေပါစေ ။ သူသည် တရားစီရင်ခြင်းကို ခံရာတွင် ရှုံးပါစေ ။ သူပြုသော ပဌနာသည် ပြစ်မှားခြင်း ဖြစ်ပါစေ ။ သူ၏ အရာကိုလဲ အခြားသူ ရပါစေ ။ သူ၏ သားတို့သည် " ဘ " သားဆိုး မယားလည်း မုဆိုးမ ဖြစ်ပါစေ ။ သူ၏သားတို့သည် ဝရမ်းပြေးဖြစ်၍ သူတောင်းစား ဖြစ်ပါစေ ။ ပျက်ဆီးသော မိမိတို့ နေရာအိမ်များမှ နှင်ထုတ်ခြင်းကို ခံကြရပါစေ ။ သူ၌ ရှိသမျှကို ကြွေးရှင်များ သိမ်းယူပါစေ ။ သူလုပ်၍ရသော ဥစ္စာကိုလဲ တပါးအမျိုး လုယူပါစေ ။ သူ၌ ကျေးဇူးပြုသောသူ သူ၏ ဘ သားဆိုးတို့ကို ကယ်မ သနားသောသူ တစ်ဦးတစ်ယောက်မျှ မရှိပါစေနဲ့ ။ သူ၏ အနွယ်သည် ပြတ်ပါစေ ။ လူမျိုးဆင်းသတ်ရာတွင် သူတို့၏အမည်သည် ပျောက်ကွယ်သွားပါစေသော ။ သူ့ ဘိုးဘေးတို့၏ စရိုက်ကို ထာဝရ ဘုရားသည် သတိရတော်မူပါစေ ။ သူ့အမိ၏အပြစ်သည် မဖြေပါစေနှင့် ။ ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရားရှေ့မှာ အစဉ်အမြဲ ထင်ရှား၍ မြေကြီးပေါ်မှာ ထိုသူတို့ကို အောက်မေ့စရာ အမှတ်မျှ မရှိစေခြင်းငှာ ပယ်ရှင်းတော်မူပါစေ ။ အကြောင်းမူကား ထိုသူသည် ကယ်မသနားခြင်းငှာ သတိမရှိ ။ ဆင်းရဲငတ်မွတ်၍ စိတ်ပျက်သောသူကို သေစေသည်တိုင်အောင် ညှင်းဆဲပြီ ။ သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ သူ့ပေါ်သို့ ရောက်ပါစေ ။ ကောင်းချီးမင်္ဂလာကို အလိုမရှိသည့်အတိုင်း သူနှင့် ဝေးပါစေ ။ အဝတ်ကို ဝတ်သကဲ့သို့ ကျိန်ဆဲခြင်းကို ဝတ်ရပါစေ ။ ရေကဲ့သို့ သူ၏ ဝမ်းထဲသို့ လည်းကောင်း ဆီကဲ့သို့ သူ၏ အရိုးထဲသို့ လည်းကောင်း ဝင်ပါစေ ။ သူ၏ ကိုယ်ကို ခြုံသော အဝတ်ကဲ့သို့လည်းကောင်း သူ၏ ခါး၌ အစဉ် စည်းသော ခါးစည်းကဲ့သို့လည်းကောင်း သူ၌ ဖြစ်ပါစေ ။ ငါ၏ ဝိညာဉ်တစ်ဖက်၌ မကောင်းသော စကားကို ပြောတက်သော ငါ၏ ရန်သူတို့သည် ထိုသို့သော အကျိုးကို ထာဝရဘုရားထံ ခံရကြပါစေ ။ အို အရှင်ထာဝရ ဘုရား ! နာမတော်အတွက်ကြောင့် အကျွန်ပ်အမှုကို စောင့်တော်မူပါ ။ ကရုဏာတော်သည် ကောင်းသည်ဖြစ်၍ အကျွန်ပ်ကို ကယ်နှုတ်တော်မူပါ ။ အကျွန်ပ်သည် ဆင်းရဲ ငတ်မွတ်ပါ၏ ။ အကျွန်ပ်၌ နှလုံးနာလျက်ရှိပါ၏ ။ ရှည်လျားသော အရိပ့်ကဲ့သို့ အကျွန်ပ် ရွေ့လျားပါ၏ ။ ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက်ရှိပါ၏ ။ အစာမစားပဲ နေရသောကြောင့် ဒူးဆစ်နုန့်နဲ့၍ အသားလဲ လျော့ပါ၏ ။ အကျွန်ပ်သည်လဲ သူတစ်ပါးတို့ ကဲ့ရဲ့စရာအကြောင်းဖြစ်၍ သူတို့သည် အကျွန်ပ်ကို မြင်သော အခါ ခေါင်းညိတ်ခြင်းကိုပြုကြပါ၏ ။ အကျွန်ပ်၏ ဘုရားသခင် ထာဝရဘုရား အကျွန်ပ်ကို မစတော် မူပါ ။ ကရုဏာတော်ရှိသည့်အတိုင်း ကယ်တင်တော်မူပါ ။ ထိုအမှုသည် တန်ခိုးတော်ကြောင့်ဖြစ်၍ ထာဝရဘုရား ကိုယ်တော်တိုင် စီရင်တော်မူသည်ဟု ထိုသူတို့ သိကြပါစေသော ။ ထိုသူတို့သည် ကျိန်ဆဲသော်လဲ ကိုယ်တော်မူကား ကောင်းချီးပေးတော်မူပါ ။ သူတို့သည် ထ သောအခါ အရှက်ကွဲကြပါစေသော ။ ကိုယ်တော်၏ ကျွန်မူကား ဝမ်းမြောက်ပါစေသော ။ အကျွန်ပ်၏ ရန်သူတို့သည် ရှက်ကြောက်ခြင်း အဝတ်ကို ဝတ်၍ စောင်နှင့် ခြုံသကဲ့သို့ မျက်နှာပျက်ခြင်းနှင့် ကိုယ်ကို ခြုံပါစေသော ။ အကျွန်ပ်သည် နှုတ်မြွတ်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွှမ်းပါမည် ။ များစွာသော သူတို့၏ အလယ်တွင် ချီးမွှမ်းပါမည် ။ အကြောင်းမူကား ဆင်းရဲသောသူ၏ ဝိညာဉ်ကို အပြစ်စီရင်သော သူတို့၏လက်မှ ကယ်တင်ခြင်းငှာ သူ၏လက်ျာဘက်မှာ ရပ်၍ နေတော်မူတက်၏ ။
( ဆာ ၁၀၉ :၁ )
#htoohtoolay

Comments
Post a Comment