Skip to main content

ကျေးဇူးများသော မင်းတစ်ပါး

ကျေးဇူးများသော မင်းတစ်ပါး
--------
ဓမ္မရဇာဘွဲ့ခံ ကျစွာမင်းသည် ပုဂံနေပြည်တော်၌ ပုဂံခေတ်ကျောက်စာများအရ ကောဇာသက္ကရာဇ် ၅၉၇ ခု နံကာလ ဆန်း၁၄ ရက် ကြာသပတေးနေ့တွင် နန်းတက်ကြောင်း တွေ့ရပါတယ် ။ ကျစွာမင်းနန်းစဉ်နှစ်ကို ဦးကုလားရာဇဝင်မှာက ၅၈၁ ခု ။ တွင်းသင်းတိုက်ဝန်ရာဇဝင် မှန်နန်းရာဇဝင်နှင့် ဇာတာပုံရာဇဝင်တို့မှာက ၅၉၆ ခုလို့ အသီးသီးဖေါ်ပြထားပါတယ် ။ စာပေကျမ်းဂန်ကို ကျနစွာတက်မြောက်သောမင်းဖြစ်ကြောင်း တွေ့ရပြီး ပိဋကတ်သုံးပုံကို ကိုးခေါက်ပြန်၍ သင်တော်မူခဲ့ပါတယ်လို့ မြန်မာရာဇဝင်ထဲမှာဆိုထားပါတယ် ။ ပါဠိ အဋ္ဌကထာ ဋီကာတို့မှ အထူးထူးသော အဓိပ္ပါယ်တို့ကို ကြံတော်မူပြီး မေးအံ့သောအရာမှာလည်း ထိုမင်းနှင့်တူသူမရှိဟု တွေ့ရှိရကာ အရိယာ သံဃာတို့အားလည်း တစ်နေ့ ခုနှစ်ဝါရ စာချတော်မူပါတယ်လို့ဆိုပါတယ် ။ စေတသိက် ရုပ် နိဗ္ဗာန်တို့အားလည်းသိစေလို၍ မောင်းမတို့အား ညွှန်ပြစရာ ပရမတ္ထ ဗိန္ဓုကိုလည်း စီရင်တော်မူခဲ့ပါတယ် ။ သဒ္ဒါဘက်မှာလည်း မူ သဒ္ဒဗိန္ဓုကျမ်းကို အဖွင့်ဋီကာနှင့်တကွ ပြုစုတော်မူခဲ့ပါတယ် ။

နရပတိစည်သူဘုရင် စိုးစံသည့်နှစ်များအထက်က မွန်စာ ပါဠိစာနှင့် ပျူစာတို့ထွန်းကားခဲ့၍ နရပတိစည်သူ လက်အောက်ရောက်မှ မြန်မာစာကို တိုင်းပြည်စာပေအဖြင့် ကျယ်စွာ အရေးတယူ သုံးစွဲလာခဲ့ကြကာ ကျောက်စာများကိုထောက်ထား၍ ထင်းရှားစွာ တွေ့ရှိခဲ့ရပါတယ် ။

ကျစွာမင်းလက်ထက် မြန်မာနိုင်ငံဝယ် တိုင်းနိုင်ငံဝပြောသာယာခဲ့ပြီး သာသနာတော်ရေးမှာအလွန်စည်ကားတိုးတက်ဖြစ်ထွန်ခဲ့ပါတယ် ။ မြန်မာစာအသုံးအနှုန်းများပြားလာသည်နှင့်အမျှ ပါဠိကျမ်းဂန်တို့မှ မြန်မာဘာသာသို့ ပြန်ဆိုလေ့လာကြံဆကြသည့်အတိုင်း ဤမင်းလက်ထက်တွင်မှ သာသနာရေးဆိုင်ရာစာပေ ထွန်းကားတိုးတက်ခြင်း သာသနာတော်မှာ နေရောင်လရောင်ပမာ ထွန်းလင်းတောက်ပလာခဲ့ခြင်းဖြစ်ပါတယ် ။ ကျစွာမင်းသည် နန်းသက် ၁၆နှစ် စိုးစံအုပ်ချုပ်၍ သားတော် ဥဇန္ဓာမင်းက ထီးနန်းဆက်ခံခဲ့ပါတယ်ခင်ဗျာ ။

- မှတ်စုကြမ်း #htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...