Skip to main content

ရဟန်းတို့ ! ယခုအချိန်အခါကာလ၌ သင်တို့အား ငါသည် နောက်ဆုံးစကားအဖြင့် မှာကြားခဲ့ပေအံ့ ။

ရဟန်းတို့ !

ယခုအချိန်အခါကာလ၌ သင်တို့အား ငါသည် နောက်ဆုံးစကားအဖြင့် မှာကြားခဲ့ပေအံ့ ။

မိခင်ဖခင်များဟာ နောက်ဆုံးစကားအနေအဖြင့် သားသမီးတွေကို မှာကြားပြီး သွားတက်ကြပါတယ် ။ တဖြည်းဖြည်း ရောဂါက ကိုင်လာတဲ့အခါ မျှော်လင့်စရာ မရှိတော့တဲ့အခါတွေမှာ နောက်ဆုံး အရေးကြီးတာတွေကို မှာကြားတက်ကြပါတယ် ။ ချစ်သား ချစ်သမီးတွေကို အမြဲ သတိရပြီး နေဖို့ / ကျန်းမာရေးတွေ ဂရုစိုက်ဖို့ အရေးကြီးတဲ့ စီးပွားရေးတွေကို တိုးတက်အောင် မဆုံးရှုံးရအောင် ကြိုးစားဂရုစိုက်ဖို့ အစရှိတာတွေ မှာချင်တာ မှာသင့်တာတွေ အားလုံးကို ဂရုတစ်စိုက် မှာကြားကြပါတယ် ။ ထို့အတူပါပဲ မြတ်စွာဘုရားဟာလဲ ရဟန်းတို့ကို မိဘမေတ္တာအပြည့်နဲ့ နောက်ဆုံးစကားအနေနဲ့ သတ္တဝါတွေအကျိုးစီးပွားအတွက် နောက်ဆုံးအချိန်ထိ မဟာဂရုဏာတော်နဲ့ မှာကြားတော်မူပါတယ် ။ ဒါကြောင့် သားသမီးတွေက မိဘတွေရဲ့စကားကို ရိုရိုသေသေ လိုက်နာကြသလို ရဟန်းတို့ကလဲ မြတ်စွာဘုရားရဲ့စကားကို တရိုတသေနဲ့ နားထောင်နေကြပါတယ် ။

ရဟန်းတို့ !

ဟောဒီမှာ ပရိနိဗ္ဗာန်စံဝင်ခါနီးပြီဖြစ်သော ယခုအခါကာလ၌ နောက်ဆုံးစကားအနေဖြင့် ညွှန်ကြားမိန့်မှာခဲ့ပေတော့အံ့ ။ ဘာကို မှာကြားမှာလဲဆိုတော့ သင်္ခါရတရားတို့သည် ပျက်ဆီးခြင်းသဘောရှိကုန်၏ ။ သင်္ခါရတရားတွေဟာ ပျက်တက်တဲ့ တရားတွေချည်းပဲ ။ ဘာမှ အားကိုးစရာ မရှိဘူးတဲ့ ။

ဒီစကားဟာ အင်မတန် လေးနက်ပါတယ် ။ အမှုမဲ့ အမှတ်မဲ့ ခပ်ပေါ့ပေါ့ တွေးတက်တဲ့သူတွေအတွက်တော့ အဲ့ဒီ့စကားဟာ ဘာမှ အရေးမကြီးအရာမထင်ပေမယ့် အလွန်အင်မတန် လေးနက် နက်ရှိုင်းတာကို တရားရှုသူတွေအားလုံး သိရှိကြပါတယ် ။အဲ့ဒါကြောင့် ရဟန်းတွေဟာလဲ ဆင်ခြင်ကြတယ် ။

တစ်ခါက သူဌေးတစ်ဦးဟာ တပည့်ကို စိန်တစ်ပွင့်ပေးပြီးဈေးထဲမှာ ရောင်းခိုင်းတယ် ။ ရောင်းခိုင်းတော့ တပည့်ဖြစ်သူဟာ ထမင်းဆိုင်တွေ ဟင်းရွက်ကစွန်းရောင်းတဲ့ ဆိုင်တွေ ဆန်ရောင်းတဲ့ဆိုင်တွေ သားငါး ရောင်းတဲ့ဆိုင်တွေမှာ သွားပြီး ပြရောင်းတယ် ။ တစ်ယောက်မှ အဲ့ဒီ့ စိန်တန်ဖိုးကို မပိုင်းဖြတ်နိုင်ပဲ သူတို့နဲ့ အရွယ်အစားတူညီမျှတတဲ့ တန်ကြေးလောက်ပဲ ပေးမယ်ဆိုပါတယ် ။ နောက်ဆုံး စိန်ကုန်သည်တစ်ယောက်နဲ့ တွေ့တဲ့အခါမှ အင်မတန် အဖိုးထိုက်တဲ့ စိန်တစ်ပွင့်ဖြစ်ကြောင်းနဲ့ ဒီတစ်ဈေးလုံးတင်မက တစ်မြို့လုံးကို ဝယ်နိုင်ကြောင်း သိရပါတယ် ။ အဲ့လို စိန်တစ်ပွင့်ဟာ တန်ဖိုးသိတဲ့သူတွေနဲ့မှ တန်ဖိုးထိုက်သလိုပဲ ဒီ အနတ္တဟာ သင်္ခါရတရားဆိုတဲ့ အမှာစကားဟာလဲ တန်ဖိုးသိတဲ့သူတွေအတွက် အလွန်တန်ဖိုးထိုက်သော ရတနာ ပဲဖြစ်ပါတယ် ။

အဲ့ဒီ့တော့ ဒါတွေကို သိထားရမယ် -

ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့က ပေါင်းစုညီညွတ်၍ ပြုပြင်ပေးမှ ဖြစ်ပေါ်နိုင်ကြတဲ့ ရုပ်နာမ် သင်္ခါရတရားတို့သည် ပျက်ခြင်းသဘော ရှိကုန်၏ ။

မပျက်ပဲ တည်နေတာရယ်လို့ မရှိဘူး ။ ဒါကြောင့် အားကိုးစရာမရှိပါဘူးလို့ ဆိုလိုပါတယ် ။ ဒီလို အားကိုးစရာမရှိတော့ ဘာကို အားကိုးရမလဲဆိုရင် အားကိုးစရာ မရှိတဲ့ အဲ့ဒီ့ သင်္ခါရ တရားတွေက လွတ်မြောက်ပြီးတော့ ဆင်းရဲငြိမ်းတဲ့နိဗ္ဗာန်ကို အားကိုးရပါမယ် ။ နိဗ္ဗာန်ကို အားကိုးပြီးတော့ နိဗ္ဗာန်ရောက်စေနိုင်တဲ့ တရားကို ကျင့်ရ အားထုတ်ရမယ် ။ ဘယ်လိုကျင့်ရ အားထုတ်ရမလဲဆိုရင် မြတ်စွာဘုရားဟာ တိုတိုကလေးပဲ ဟောကြားခဲ့တယ် ။

မမေ့တဲ့ သတိတရားဖြင့် ပြီးစီးပြည့်စုံအောင် အားထုတ်ရစ်ကြပါတော့တဲ့ ။

မမေ့တဲ့ သတိလေးနဲ့ အားထုတ်နေရပါမယ် ။ အဲ့ဒါဟာ နောက်ဆုံး စကားတော်ပဲ ။ မမေ့မလျော့သင့်တဲ့ စကားပါပဲ ။ အဲ့ဒီ့စကားဟာ အနက်အဓိပ္ပါယ်အားဖြင့် ပိဋကတ်သုံးပုံအကျယ်နဲ့ ညီညွှတ်တယ်လို့ အဋ္ဌကထာမှာ ဖွင့်ပြထားတယ် ။ အဲ့ဒါဟာ -

((( အပ္ပမာဒေန ))) မမေ့တဲ့ သတိတရား ! တဲ့ ။

တစ်လုံးတည်းသောစကားနဲ့ မိန့်ဆိုထားတာပဲ ဖြစ်ပါတယ် ။

( မဟာစည်ဆရာတော်ဘုရားကြီး၏ အရိယာဝါသ ကျမ်းမှ မှီငြမ်းရေးသားသည် )

#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...