Skip to main content

နှစ်သက်လို့ သာယာတာပါ ။

နှစ်သက်သာယာမှုလေးရှိမှ နေသာနေကြတယ်
--------
နှစ်သက်သာယာမှုလေးမရှိရင် လောကလူတွေအနေနဲ့တော့ ဆင်းရဲနေတာပဲ ။ အဲ့ဒီ့ နှစ်သက်သာယာမှုလေးရှိမှ နေသာထိုင်သာရှိနေတယ်လို့ ထင်နေကြတယ် ။ ဒါကြောင့် ကြည့်ရှုစရာ အငြိမ့်တို့ ဇာတ်ပွဲတို့ ယခုဆိုရင် show ပွဲတို့ ပေါ့ ။ တစ်ခါ ရုပ်ရှင်ရုံတို့အစရှိတဲ့ နေရာတွေကို လူအပင်ပန်းခံ ခန္ဓာအပင်ပန်းခံပြီး သွားလာကြည့်ရှုကြတယ် ။ အဲ့ဒီ့ ကြည့်ရှုရတာလေးအပေါ်မှာ သာယာနေတယ်လို့ ဒီလိုထင်နေကြတာပေါ့ ။ တစ်ချို့များဆို ရုပ်ရှင်မင်းသာ မင်းသမီးတွေ ဘယ်မှာ ဈေးဝယ်နေတယ် / ဘယ်မှာ ရောက်နေတယ် အစရှိတာတွေကြားတိုင်း သွားကြည့်ရတာအမော ။ အဲ့လို သွားကြည့်ရတာ မြင်လိုက်ရတာလေးကိုမှ နှစ်သက်သာယာနေတက်တယ် ။ ဒီလိုအချိန်မှာတော့ သွားလာရတဲ့ ခန္ဓာကို ပင်ပန်းတယ်လို့ မထင်ကြဘူးလေ ။ အဲ့ဒါဟာ တဏှာသမုဒယကြောင့် ပင်ပန်းတယ်လို့ မထင်တာမျိုးပေါ့ ။ ချမ်းသာတယ် ကောင်းတယ်လို့ ထင်နေတာ ။ သို့ပေမယ့်လို့ အဲ့ဒီလို ကြည့်ရှုချင်တဲ့ အလိုအာသာမရှိသူအတွက်တော့ ထိုပုဂ္ဂိုလ်တွေဟာ ဒီလို သူများအပင်ပန်းခံပြီး သွားလာနေတာ တိုးကြပ်နေတာ ထိုင်နေရတာ အစရှိတာတွေကို သက်သက် ဆင်းရဲတွေချည်းပဲလို့ ဒီလို ထင်မြင်တာပေါ့ ။ အဲ့လိုမထင်တဲ့သူတွေကျတော့ သာယာမှုတွေလို့ ထင်တဲ့ အထင်နဲ့မှ သူတို့က ပင်ပန်းတာ ဆင်းရဲနေတာမျိုးကိုမသိပဲဖြစ်နေရတယ် ။ အဲ့လို သာယာနှစ်သက်မှုလေးသာ တကယ်မရှိရင်တော့ အားလုံးဟာ ဒုက္ခဆင်းရဲချည်းပဲ မကောင်းတာတွေချည်းပဲလို့ ဒီလို ထင်မြင်မိကြမှာပေါ့လေ ။

မဟာစည်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ်ကျမ်းပါအဆုံးအမများအား မှီငြမ်းရေးသားသည် ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...