Skip to main content

ဝဋ္ဆိုတာ ဘာလဲဆိုတာ သင္သိလား ?

ဝဋ္ဆိုတာ ဘာလဲ သင္သိလား !
-----
ပဋိစ္စသမုပ္ပါဒ်မှာ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်ဆိုတဲ့ ဝဋ်သုံးပါးလဲ ပါပါတယ် ။ ရှေးဘဝက မြင်မှု ကြားမှု စတာကို အမှန်အတိုင်းမသိပဲ ချမ်းသာတွေ အကောင်းတွေလို့ ထင်ခဲ့တာက အဝိဇ္ဇာ ။ အဲ့ဒါတွေကို သာယာနှစ်သက်တာက ကိလေသာ ။ စွဲလမ်းတာက ဥပါဒါန် ။ ဒီသုံးပါးကို ကိလေသဝဋ်လို့ ခေါ်တယ် ။ အဲ့ဒီ့ ကိလေသဝဋ်နဲ့ အသိမှားပြီး သာယာစွဲလမ်းတဲ့အတွက် ချမ်းသာ ကောင်းစားအောင် အားထုတ်တာက သင်္ခါရ ။ အမှုကံ ပြီးမြောက်တာက ကမ္မဘဝ ။ ဒီသင်္ခါရနဲ့ ကမ္မဘဝကို ကမ္မဝဋ်လို့ ခေါ်တယ် ။ ဒီကံ သင်္ခါရကြောင့် ပဋိသန္ဓေခဏမှ စပြီး ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ တရားငါးပါးဟာ ခဏမစဲဖြစ်နေပါတယ် ။ အဲ့ဒီ့ ငါးပါးကို ဝိပါကဝဋ်လို့ ခေါ်တယ် ။ အခု မြင်လိုက် ကြားလိုက်တာတွေ အစရှိတာတွေဟာ ဒွါရ ၆ ပါးက ထင်ရှားပေါ်နေတဲ့ တရားတွေပါပဲ ။

အဲ့ဒီ့ ဝိပါကဝဋ်တရားတွေကို ငါမြင်တယ် သူမြင်တယ် ငါကြားတယ် ငါနံတယ် အစရှိသလို ထင်ပြန်ကြတယ် ။ အဲ့ဒါက အဝိဇ္ဇာ ။ အဲ့ဒီလို ထင်တဲ့အတွက် သာယာနှစ်သက်ပြန်တယ် ။ အဲ့ဒါက တဏှာပဲ ။ သာယာနှစ်သက်တော့ စွဲလမ်းတယ် ။ အဲ့ဒါက ဥပါဒါန်ပဲ ။ ဒီသုံးပါးက အခုဘဝမှာဝိပါကဝဋ်ကိုမှီပြီး တစ်ပတ်လည်တဲ့ကိလေသဝဋ်ပါပဲ ။ အဲ့ဒီလို စွဲလမ်းတော့ အားထုတ်ပြန်တယ် ။ အားထုတ်တော့ အမှုကံ မြောက်ပြန်တယ် ။ သင်္ခါရနဲ့ ကမ္မဘဝပါပဲ ။ ဒီ၂ ပါးက ကိလေသဝဋ်မှ တစ်ပတ်လည်လာတဲ့ ကမ္မဘဝပဲ ။ အဲ့ဒီ့ ကမ္မဘဝကြောင့် နောင်ဘဝမှာ ဇာတိပေါ်လာပြီး ဇရာ မရဏ တွေ ဖြစ်ပြန်ရော ။ အဲ့ဒါတွေကတော့ တရားကိုယ်အားဖြင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ဝိပါက ဝဋ်တွေ တစ်ပတ်ပြန်လည်ပြီး ဖြစ်လာတာတွေပါ ။

အဲ့ဒါတွေကို သံသရာဝဋ်ဆင်းရဲလို့ ခေါ်တယ် ။ အကြောင်း အကျိုး ရုပ်နာမ်တွေ မပြတ် စပ်ဆက်ပြီး ဖြစ်နေတာကို သံသရာလို့ ခေါ်တယ် ။ မြင်တာကို အမှန်အတိုင်း မသိရင် အဲ့ဒါကို မြဲတယ် တည်တယ် ချမ်းသာတယ် ကောင်းတယ်လို့ ထင်တယ် စွဲလမ်းတယ် ။ အဲ့ဒါ အဝိဇ္ဇာပဲ ။ အထင်မှားတော့ သာယာနှစ်သက်တယ် ။ တဏှာပဲ ။ သာယာနှစ်သက်တော့ စွဲလမ်းတယ် ။ ဥပါဒါန်ပဲ ။ စွဲလမ်းတော့ အားထုတ်ပြန်ရော ။ အဲ့ဒါ သင်္ခါရကမ္မဘဝ ။ ဒီ ကမ္မဘဝကြောင့် ဇာတိ ဖြစ်တယ် ။ဝိညာဏ် စတဲ့ အကျိုးတရားငါးပါး ဒါက ဝိပါကဝဋ်တရားတွေပဲ ။ အဲ့ဒီလို လည်ပြီး ဝဋ်သုံးပါး ဆင်းရဲတွေ ဖြစ်နေရာမှာ အဲ့ဒီ့ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရလေအောင် ရုပ်နာမ် ခန္ဓာငါးပါးကို မြင်အောင်ရှုတဲ့ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...