Skip to main content

မီးစာရှိရင် မီးလောင်မှာပဲ !

မီးစာရှိရင် မီးလောင်မှာပဲ
--------
ရှေ့ခေတ်က စစ်ပွဲတွေဟာ အင်မတန် ကြောက်စရာကောင်းလှအောင် ပြင်းထန်ခဲ့ကြပါတယ် ။ ယခုအခါမှာတော့ ပြန်လည် သုံးသပ်မှုတိုင်းပင်လျှင် မဖြစ်နိုင်စရာအကြောင်း ရှိတော့မည်မဟုတ်ပေ ။ အနုမြူစစ်ပွဲများ သီအိုရီကိုကိုင်စွဲထားသော ပညာရှင်တို့သည် အန္ဒိယပြည်မှာ ထင်ရှားလှသော မဟာဘရတ္တ နှင့် ရာမယဏကျမ်းများ သမ္မာကျမ်းစာ ဟိန္ဒူကျမ်းများမှာ ပါရှိသော စစ်ပွဲများအကြောင်းအား အထူးယုံကြည်နေကြလေသည် ။ ထိုကျမ်းပါအချက်များမှာ " အလွန်ပင်အင်အားကြီးမားလှပြီး အလွန်လျှင်မြန်စွာ ပျံဝဲနေသော ဗိမာနယာဉ်ပျံမှ စကြာဝဠာလုံးရှိ အင်အားများ အားလုံးပါဝင်သည့် ကျည်ဖူးတစ်ခု ( ဒုံးပျံ ) တစ်စင်းကို ပစ်လွှတ်လိုက်သည် ။ ဟုန်းဟုန်းထသော အခိုးအငွေ့တန်းကြီးနှင့် မီးဆွယ်ကြီးတို့ ဖြစ်ပေါ်လာလျက် နေအစင်းပေါင်း ထောင်ပေါင်းများစွာ တစ်ပြိုင်နက် ထွက်သည့်နယ် အလင်းရောင်ကြီး ဖြစ်ပေါ်လာခဲ့သည် ။ ထို့အပြင် ခမ်းနားထည်ဝါလှသော မီးခိုးတို့သည် လှိုင်းတံပိုး တစ်ခုကဲ့သို့ လှုပ်ရှားလာခဲ့ပြီး ကြီးမားလှသော ထီးကြီးတစ်စင်းအလား ကြီးမား ကျယ်ပျံ့လာခဲ့သည် ။ ယင်းသည်ကား အမျိုးအမည်မသိသည့် အံ့ဖွယ်လက်နက်တစ်ခု ဖြစ်တော့သည် " ဟု မဟာဘရတ္တကျမ်းမှ ဖေါ်ပြထားလေသည် ။ စစ်ဟူသည် အဘယ်အရပ်တွင်ပင်ရှိစေ ကြီးမားသော အခိုးအငွေ့ရှိစမြဲပင်ဖြစ်ရကား ထို မီးလျှံတို့အားပင် လူတို့ ဖန်တီးကြလေ၏ ။ ထိုထက် ပူပြင်းသော လက်နက်များကို မတွေ့ကြခြင်းသည် ထိုလက်နက်တို့ ဖြစ်ထွန်းလာရ အခြေဖြစ်လေသည် ။

ထိုထက်ပြင်းသော မီးကြီးများဟူသည်ကား ဣတိဝုတ္တသပါဠိတော်လာ ဒေသနာအရ " တယောမေ ဘိက္ခဝေ အဂ္ဂီ ။ ကတမေ တယော ။ ရာဂဂ္ဂိ ဒေါသသဂ္ဂိ မောဟဂ္ဂိ ။ ဣမေ ခေါ ဘိက္ခဝေ တယော အဂ္ဂီ " ဟု မြတ်စွာဘုရားရှင် ဟောခဲ့လေတော့သည် ။ ရဟန်းတို့ သတ္တဝါတို့၏ စိတ်အစဉ်၌ တငြီးငြီး တပြောင်ပြောင် တောက်လောင်သော မီးတို့သည် ဤဆိုကုန်သော သုံးပါးတို့တည်း ။ သုံးပါးတို့ဟူသည် အဘယ်သို့နည်းဟု ဆိုရကား ရာဂမီးလဲတစ်ပါး ဒေါသမီးလဲ တစ်ပါး မောဟမီးလဲ တစ်ပါးတို့သည် သတ္တဝါတို့၏ စိတ်အစဉ်၌ တညီးညီးတပြောင်ပြောင် တောက်လောင်သော မီးတို့သည် ဤသို့ ဆိုခဲ့သော သုံးပါတို့တည်း ဟု ဟောခဲ့လေတော့၏ ။ ဟိန္ဒူကျမ်း၌ပါသော မီးများထက်အဆပေါင်းများစွာ တောက်လောင်လေ၏ ။ ယခုခေတ် အနုမြူ မီးတို့ထက်ပင် အစပေါင်း များစွာ တောက်လောင်လေ၏ ။ ယင်းမီးသည် တဟုန်းဟုန်း တောက်လောင်မှု တောက်လောင်လျက်ရှိနေလေသည်အား ရှေ့ယခင်ကလဲ မတွေ့ခဲ့ကြသလို ယခုမူကားလဲ ထိုနည်းလည်းကောင်းပင် !

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...