Skip to main content

ဗုဒ္ဓက ဘာလူမျိုး ဘယ်အနွယ်ဝင်လဲ ? 

ဗုဒ္ဓက ဘာလူမျိုး ဘယ်အနွယ်ဝင်လဲ ?
----------
ဗုဒ္ဓ၏အမျိုးဇာတ်ကိုလေ့လာလိုပါလျှင်မူ ရှေ့ဦးစွာ အိန္ဒိယပြည်ရှိ ဘီစီ၆ရာစုပတ်ဝန်းကျင်ကို လေ့လာရမှာဖြစ်ပါတယ် ။ ထိုအချိန်က အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဂင်္ဂါမြစ်ဝှမ်းတွင် ယဉ်ကျေးမှုအဆင့်အတန်းရှိတဲ့ အာရိယန်လူမျိုးတွေနေထိုင်ခဲ့ကြပြီး ပိဋကတ်စာပေ ဝေဒကျမ်းများမှာက ဇာတ်လေးမျိုးကွဲကြောင်း တွေ့ရပါတယ် ။ ကပ်ဦးအစမှာ လူမျိုးတစ်မျိုးတည်းရှိရာမှ ဥက္ကဋ္ဌဇာတိအမြတ်မျိုးနှင့် ဟိနဇာတိအယုတ်မျိုးဆိုပြီး နှစ်မျိုးကွဲသွားပါတယ် ။ အဲ့ဒီ့မှတဖန် ခတ္တိယဂေါတ္တခေါ် မင်းမျိုး ဗြဟ္မဏဂေါတ္တခေါ် ပုဏ္ဍားမျိုး ဝေဿဂေါတ္တခေါ် ကုန်သွယ်မျိုးနှင့် ဒလိဒ္ဒဂေါတ္တခေါ် သူဆင်းရဲမျိုးဆိုပြီး အမျိုးလေးမျိုး ကွဲလာခြင်းဖြစ်ပါတယ် ။ ဒလိဒ္ဒဂေါတ္တမျိုး (အမျိုးညံ့) ဟာ အာရိယန်တို့ အိန္ဒိယပြည်အတွင်းရောက်ရှိခြင်းမရှိသေးခင်ကပင် ရှိနှင့်ပြီးဖြစ်သော ဒြာဗီးယားယန်းလူမျိုး အဆက်အနွယ်များဖြစ်ပါတယ် ။ ဘီစီခြောက် ရာစုခေတ်က အိန္ဒိယပြည်မှာ ဗြဟ္မဏဝါဒသည် အင်အားကျယ်ပျံ့စွာ မထွန်းကားကြောင်း အထင်အရှားကျောက်စာများက ဆိုထားပြီး ရှေးဗြဟ္မာအယူ ဘဝသံသရာ ကံအကြောင်းသည် ဗုဒ္ဓဂေါတမထွန်းကားမှသာ ပြန်လည် တည်ဆောက်ထားကြောင်း ဆိုပါတယ် ။ ခရစ်မပေါ်မီ သုံးရာစုမှပေါ်ပြီး တစ်ရာစုထိ ကာလအတွင်းမှ ကျောက်စာများမှာ ဗြဟ္မဏတို့ကို အလျှင်ဖေါ်ပြထားခြင်းမရှိပါဘူး ။ အလှူအတန်းများ ပေးဝေလှူဒါန်းသည့် ကျောက်စာများရှိသော်လည်း ဗြာဟ္မဏတို့ကို ဖေါ်ပြထားတဲ့ မှတ်တမ်းမရှိပါဘူး ။ ဒါကြောင့် ဘီစီခြောက်ရာစုကပင် ဗြာဟ္မဏမျိုးက ကြည်ညိုလေးစားခံရတဲ့ အထဲမပါကြောင်း ထင်ရှားခဲ့ပါတယ် ။ အပြည့်အစုံကြည့်ချင်ရင် ဆွယ်စုံကျမ်း အပိုင်း၇ စာ-၆၀ ပုဏ္ဍား အခန်းမှာ အပြည့်အစုံလေ့လာနိုင်ပါတယ် ။ ကဲ ကောင်းပြီ ထပ်လေ့လာကြည့်ရအောင် ။

 ဂေါတမ မြတ်စွာဘုရားကို ခရစ်ယာန်သာသနာမပေါ်မီ ဘီစီ ၅၆၃ ခုနှစ် မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ယခုနီပေါပြည်နယ်စပ် ကပိလဝတ်ပြည့်ရှင် သကျသာကီဝင်ဘုရင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားကြီး မဟာမာယာဒေဝီမှ ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည် လမ်းအကြား ရှိသော လုမ္ဗိနီခေါ်သော အင်ကြင်းဥယျာဉ်အတွင်း၌ အင်ကြင်းပင်ကြီးအောက်မှာ ဖွားမြင်ခဲ့ပါတယ် ။ ဘီစီခြောက်ရာစုက သုတေသီပညာရှင်တို့လေ့လာမှုအရ ထိုရာစုမှာ တရုတ်ပညာရှိ ကွန်ဖူးရှပ်နှင့် ပရိပညာရှိပိုင်သားဂိုးရတ် တို့ ဖွားမြင်တဲ့ရာစုဖြစ်ကြောင်း တွေ့ရပါတယ် ။ ပိဋကတ်စာပေမှာ အဲ့ဒီ့အချိန်က အိန္ဒိယပြည်အတွင်း တိုင်းကြီး ၁၆ တိုင်းရှိကြောင်း ဆိုထားပါတယ် ။ ဘီစီ ၆ ရာစုခေတ်က အိန္ဒိယပြည်မှာ ကောသလ မဂဓ စသော ဘုရင်အုပ်စိုးတဲ့ တိုင်းပြည်ကြီးများအပြင် သက္က ကောလိယ ဝဇ္ဇီစသော နိုင်ငံငယ်များလည်း ရှိခဲ့ပါတယ် ။ အဲ့ဒီ့နိုင်ငံများက ခတ္တိယတွေဟာ ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်ခဲ့ကြပါတယ် ။

 ခတ္တယဆိုတဲ့ မင်းမျိုးက သာကီဝင်မင်းမျိုးကိုခေါ်တာပါ ။ သာကီဝင်လို့ ခေါ်ရတဲ့အကြောင်းကို ဖေါ်ပြရရင် ဆရာကြီး ညိုမြရေးသားပြုစုခဲ့တဲ့ ကုန်းဘောင်ကျမ်းကို ဖေါ်ပြရမှာပါပဲ ။ အဲ့ဒီ့အထဲက ရတနာသိင်္ခ အပိုဒ်ကိုကြည့်မယ်ဆိုရင် ဆရာတော်အရှင်ဝါယမ ဖြေဆိုပေးထားတာက " ဘုရားဟူသည် ရှင်သိဒ္ဓတ်ဆိုတာက ကပ္ပိလဝတ် နေပြည်တော်ကြီးကို ဗာရာဏသီပြည် ဥက္ကာမုခမင်းရဲ့ သားတော် ၄ယောက် သမီးတော် ၅ယောက် တို့စုစည်းပြီး ဗိုလ်ပါအလုံးအရင်းနဲ့ ပြုစုထူထောင်ထားကြတယ် ။ မင်းသားလေးယောက်အရွယ်ရောက်လာတဲ့အခါ တစ်ပါးသူနဲ့အိမ်ထောင်ပြုချေသော် အမျိုးပျက်မယ် ။ အမျိုးပျက်ရင် စကားပျက်မယ် ။ စကားပျက်ရင် ပြည်ထဲရေးမငြိမ်မသပ်ဖြစ်မယ် ။ ပြည်ထဲရေးမငြိမ်မသပ်ရင် ပြည်သူပြည်သား တိုင်းသူတိုင်းသားတွေ ဆင်းရဲမယ်ဆိုပြီး အကြံတော်ဖြစ်လာခဲ့တာကြောင့် နှမငါးယောက်မှာ အကြီးဆုံးကို အမိနေရာထားပြီး အငယ် ၄ ယောက်နဲ့ အချင်းချင်း အိမ်ထောင်ပြုခဲ့ကြတယ် ။ အဲ့ဒါကို ခမည်းတော် ဥက္ကာမင်းကသိပြီး အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ရကား ငါ့သားတော် သမီးတော်တွေက အလွန်အမြှော်အမြင်ကြီးပေးစွလို့ဆိုကာ ချီးကျူးခဲ့ပါတယ် ။ အဲ့ဒါကိုရည်ပြီး ရှင်အဂ္ဂသမာဓိ စပ်ဆိုရာက " သကျဝတ ကုမာရ ဟု သြဇာသာကြည် နှုတ်ခွန်းရည်ကြောင့် ပင်စည်ညွန့်ညှောက် မင်းရိုးပေါက်သည် " ဆိုတဲ့ စကားမှာ "သကျဝတ " စကားကိုစွဲပြီး "သာကီဝင် " မင်းမျိုးလို့ ကုန်းဘောင်မင်းဆက် အကုန်လုံး ဖြစ်လာခဲ့တာပါပဲ " ဟု ဖြေဆိုထားတာတွေ့ရပါတယ် ။ အလွန် မြင့်မြတ်တဲ့ မင်းမျိုးနော် ။ အမျှော်အမြင်မပါပဲ တဏှာတစ်တစ်ခုကိုကြည့်ပြီး မောင်နှမအချင်းချင်း အိမ်ထောင်ပြုတာမဟုတ်ဘူး ။ တိုင်းပြည်ရဲ့ အရှည်ခရီးကိုကြည့်ပြီး အိမ်ထောင်ပြုကြတာ ။ ဟော… တစ်ချို့က တစ်မျိုးမြင်ကြသေးတယ် ။ အဲ့လိုမြင်တာ တကယ်ကို ဆင်ခြင်ညာဏ်မရှိလို့တာပဲ ။ တဏှာတစ်ခုတည်းကိုပဲ သူတို့ညာဏ်က သိတာကိုးးး ။ အဲ့လိုထင်ပါတယ် ။ ကဲ ကောင်းပြီ ထပ်ဆက်ကြတာပေါ့ ။

 ပိဋကတ်စာပေမှာ ဗိမ္မိသာရ အဇာတသတ်စတဲ့ ဘုရင်အမည်ကို နာမဝိသေသတွေနဲ့ အပြည့်အစုံ ထပ်တလဲလဲပြဆိုထားပါတယ် ဗမ္ဗိသာရမင်းကို မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းလို့ ခေါ်ပြီး အဇာတသတ်ကို ဝေဒေဟီမိဖုရားရဲ့သား မဂဓတိုင်းရှင် အဇာတသတ်မင်းလို့ ဖေါ်ပြထားပါတယ် ။ ဒီဃနိကာယ် မဟာပဒါနသုတ်နဲ့ ခုန္ဒကနိပါတ် ဗုဒ္ဓဝံသမှာ ဗုဒ္ဓရဲ့ ခမည်းတော်ကို သုဒ္ဓေါဒနလို့ ဖေါ်ပြထားပါတယ် ။ ကျန်တဲ့နေရာတွေမှာတော့ သာကီဝင် သုဒ္ဓေါဒနလို့ပဲ သာမညဖေါ်ပြကြတော့တာပါ ။ အပြည့်အစုံဖတ်ချင်ရင်တော့ အဲ့ဒီ့ အညွှန်းကျမ်းတွေကိုဖတ်ပေါ့ ။ အဲ့ဒီလို အပြည့်အစုံ ကျယ်ကျယ်ပျံ့ပျံ့လေ့လာရင် ဗုဒ္ဓဟာ ဘာလူမျိုး ဘယ်အနွယ် က ဆင်းသက်လာတယ်ဆိုတာ တွေ့ရမှာပါ ။ အခု ရောရောယောင်ယောင်ပြောနေကြတဲ့ ပုဏ္ဍားမျိုး ဆိုတာမဟုတ်ဘူး ။ အဲ့ဒီ့ပုဏ္ဍားမျိုးဆိုတာကို အလျှင်းသင့်လို့ နည်းနည်းထည့်ရေးလိုက်ပါမယ် ။ ဒီလိုပါ ။ ပုဏ္ဍားဆိုတာ ဗြာဟ္မာမှ ဗြုဟ္မာဖြစ်ပြီး ပူးနားမြို့မှလာတဲ့ပုဏ္ဍား ပုဏ္ဍဝဍ္ဎနမြို့မှ လာသူကိုလဲ ပုဏ္ဍားလို့ ခေါ်တာပါ ။ အဲ့ဒီလိုအမျိုးမျိုခေါ်ကြတယ် ။ သရေခေတ္တရာကောင်းစားစဉ်က ပုဏ္ဍားကို ပုဏ္ဍားလို့မခေါ်ဘူး ။ ဂဝံတေ့လို့ ခေါ်ကြတယ် ။ ရှေးမင်းများလက်ထပ်က ပုဏ္ဍားတို့ကို စလွယ်တင်ခွင့်ပေးခဲ့ကြပြီး အမြတ်ဆုံး စလွယ်ကို ကိုးသွယ်အထိ တင်ခွင့် ရှေးဘုရင်တွေက ခွင့်ပြုခဲ့ကြတယ် ။ အဲ့ဒီ့ထဲကမှ အညံ့ဆုံး သုဒြေမျိုးပုဏ္ဍားက စလွယ်တင်ခွင့်မရှိပါဘူး ။ သို့သော် အဲဒီ့အနိမ့်ဆုံး အညံ့ဆုံး ပုဏ္ဍားတွေကပင် တောမီ ရဟန်းပြုတဲ့အခါ မင်းများကပါ ပူဇော်ပသခဲ့လာတာကြောင့် ဂေါတမဗုဒ္ဓမြတ်စွာဘုရားကိုလဲ အဲ့လို ပုဏ္ဍားမျိုးထဲကပါပဲဆိုပြီး ပြောနေကြတာပါ ။ ဘာတစ်ခုမှ မတူပါဘူး ။ အပြည့်အစုံကို ဆွယ်စုံကျမ်း အပိုင်း၇ မှာကြည့်ပါ။ ၁၁၄၆ ခုနှစ်က ရခိုင်ပြည်ကို မြန်မာမင်းကသိမ်းပြီး ပုဏ္ဍား ၅၀၀ကျော်နဲ့ ဆတ္တာ ဂနန္တာ စသော အမျိုးညံ့ ပုဏ္ဍားများကိုပါ သိမ်းယူခဲ့တယ် ။ သီပေါမင်းလက်ထက် ဗြဟ္မစန္ဒကို ပုဏ္ဍားဝန်ခန့်ထားခဲ့ကြပါတယ် ။ အဲ့ဒီ့မှာထင်ရှားနေတာ ပုဏ္ဍားဟာ ဘုရင်တွေရဲ့ အဖြည့်ခံပဲ ။ အဲ့ဒီ့အဆင့်က မင်းမျိုးသာကီဝင်မင်းမျိုးနဲ့ကို ဘယ်လိုမှမတူတာ အထင်အရှားဖြစ်နေပါပြီ ။ အဲ့လို ထင်ထင်ရှားရှားကြီးကိုမှ ရောယောင်ပြီး ပြောတာကတော့ ဒါ( ! ) ရိုးသားမှုမပါတဲ့ အဆိုလို့ ထင်မှတ်မိပါတယ် ။ ကဲ စာလည်း နည်းနည်းရှည်သွားပြီ ။ ဗဟုသုတလည်း ရကြလိမ့်မယ်လို့ ထင်ပါတယ် ။ ဒါကြောင့် အချုပ်အနေနဲ့ဖေါ်ပြရလျှင် ဗုဒ္ဓဂေါတမက ခတ္တိယသာကီဝင်မင်းမျိုးဖြစ်ပြီး ကျမ်းအထောက်အထားနဲ့ သုတေသီတို့ အတည်ပြုချက်အရ နီပေါပြည်နယ်စပ်ရှိ သက္ကတိုင်း၏ မြို့တော် ကပိလဝတ်မြို့ ဖြစ်ကာ ဗာရာဏသီမြို့မြောက်ဘက် မိုင်တစ်ရာခန့်အကွာမှာ တည်ရှိကြောင်း အတိအကျဆိုထားပါတယ် ။

ဗဟုသုတရရှိကြပါစေခင်ဗျာ ။

 #htoohtoolay

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...