Skip to main content

တဏှာ ခြောက်ပါးမှ ၁၀၈ ပါး

တဏှာခြောက်ပါးမှ ၁၀၈ ပါး
------
အာရုံ တစ်ပါး တစ်ပါးမှာ ဆာလောင်တောင်းတမှု တဏှာ တစ်ပါးဆိုတော့ အာရုံခြောက်ပါးမှာဆို တဏှာ ခြောက်ပါးဖြစ်ပါတယ် ။ အဲ့ဒီ့ခြောက်ပါးဟာ ကာမဂုဏ်ကို သာယာတဲ့ အနေသက်သက်နဲ့ ဖြစ်တာလဲ ရှိတယ် ။ အဲ့ဒါကို ကာမ တဏှာလို့ ခေါ်ပါတယ် ။ အဲ့ဒီ့ အာရုံကို မပျက်ဆီးပဲ အမြဲတမ်း တည်ရှိနေတဲ့ အနေနဲ့ သာယာတာလဲ ရှိတယ် ။ အဲ့ဒါကို ဘဝ တဏှာလို့ ခေါ်ပါတယ် ။ သဿတဒိဋ္ဌိနဲ့ ယှဉ်တွဲပြီးဖြစ်တဲ့ တဏှာပါပဲ ။ အဲ့ဒီ့ တဏှာကို သေပြီးတဲ့နောက် လုံးလုံးပျက်ဆဲသွားမဲ့အနေနဲ့ သာယာတာလဲ ရှိတယ် ။ မသေခင်အခွင့်ရသမျှ ခံစားမယ်ဆိုတဲ့အနေနဲ့ ဖြစ်တဲ့ တဏှာပါပဲ ။ အဲ့ဒါကို ဝိဘဝတဏှာလို့ ခေါ်ပါတယ် ။ ဥစ္ဆေဒဒိဋ္ဌိနဲ့ ယှဉ်တွဲပြီးဖြစ်တဲ့ တဏှာပါပဲ ။

အဲ့ဒီ့တော့ ကာမတဏှာက ၆ ပါး ။ ဘဝ တဏှာက ၆ ပါး ။ ဝိဘဝတဏှာက ၆ပါး ။ ပေါင်းလိုက်ရင် တဏှာ ၁၈ ပါးရပါတယ် ။ အဲ့ဒီ့ ၁၈ ပါးလဲ ကိုယ်တွင်းသန္တန်ကအာရုံမှာဖြစ်တာလဲ ရှိတယ် ။ ကိုယ်ပမှာ ဖြစ်တာလဲ ရှိတယ်။ ဒီတော့ ၁၈ ပါးကို ၂ နဲ့ မြှောက်တဲ့အခါ ၃၆ ပါးရပါတယ် ။ တစ်ဖန် အဲ့ဒီ့ ၃၆ ပါးဟာလဲ အတိတ်အာရုံနဲ့ စပ်တာလဲ ရှိတယ် ။ အနာဂတ်အာရုံနဲ့ စပ်တာလဲ ရှိတယ် ။ ပစ္စုပ္ပန်အာရုံနဲ့ စပ်တာလဲ ရှိတယ် ။ ဒီတော့ ၃၆ ပါးကို ၃ ပါးနဲ့ မြှောက်လိုက်ရင် တဏှာ ၁၀၈ ပါး ရပါတယ် ။ အဲ့ဒီ့ ၁၀၈ ပါးကို ပြန်ပြီးချုံ့လိုက်မယ်ဆိရင် အာရုံခြောက်ပါးကို ဆာလောင်တဲ့ တဏှာ ၆ ပါးမျှပဲ ဖြစ်တယ် ။ အဲ့ဒါကို ချုံ့လိုက်ရင် ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာဆိုတဲ့ တဏှာ ၃ ပါးမျှပဲ ဖြစ်တယ် ။ အဲ့ဒါကို ချုံ့လိုက်ရင် ဆာလောင်တဲ့ နှစ်သက်သာယာတဲ့ သဘောအားဖြင့် တဏှာ တစ်ပါးတည်းပဲဖြစ်ပါတယ်ခင်ဗျာ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...