မိုးစက်
_____
ကျွန်တော့်၏ကိုယ်ပေါ်သို့ မိုးစက်ကလေးများ ကျလာသည် ။ ကောင်းကင်တစ်ခုလုံးမှာ မဲမှောင်လှသဖြင့် ၄င်း မိုးစက်ကလေးများသည် ရှေ့ပြေးတမန်များ ဖြစ်ပါလိမ့်မည် ။ အချိန်နှင့်အမျှ ၄င်းမိုးစက်ကလေးများ ဆက်တိုက်ဆိုသလို တစ်ဖျောက်ဖျောက်နှင့် ကျဆင်းလာပါပြီကော ။ အလွန်ဆင်းရဲသော သူတစ်ယောက်အတွက် ၄င်းမိုးစက်များသည် မည်သို့ခံစားချက်ရှိမည်နည်း ။ မိုးရေများ ပြင်းထန်စွာ ကိုယ်ပေါ်သို့ ရွာချလာပါပြီ။ တက်ဆင်းလာသမျှ မိုးရေတွေအကြား စိုရွှဲနေသော ကျွန်တော်၏ တစ်ကိုယ်လုံးသည် ကာကွယ်မှုမရှိပဲ ရဲရဲကြီး မိုးစက်များအား တွန်းလှန်နေလေ၏ ။
ကျွန်တော် လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်လေသည် ။ ကောင်းကင်ကိုမူထားသော ကျွန်တော်၏ မျက်နှာပြင်ပေါ်သို့ မိုးစက်ကလေးများ တက်ဆင်းလျက် ရှိကြလေ၏ ။ ၄င်းမိုးစက်တို့သည် ပျော်ရွှင်နေသည်လော သို့မဟုတ် ဝမ်းနည်းနေသည်လော ။ ထိုမိုးစက်တို့သည် အဘယ်ကြောင့် မြေပြင်ပေါ်သို့ တက်ဆင်းနေကြပါသနည်း ။ သေခြာသည်မှာ လည်းကောင်းတို့သည်လည်း သူတို့၏ တာဝန်ကို ထမ်းဆောင်နေခြင်းပင် ဖြစ်ပါလိမ့်မည် ။ ထိုတာဝန်များသည် အဘယ်ကဲ့သို့ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်နေကြရသနည်း ။ ဆိုလိုသည်မှာ မိုးစက်ကလေးများသည် မူလတွင် အလွန်အေးမြသော ရေကြည်ကလေးများအဖြင့် တည်ရှိကြလေသည် ။ တဖန် ပူနွေးလာသော ကမ္ဘာကြီး၏ ရိုက်ခတ်မှုကြောင့် ထိုအပူများကို ၄င်းတို့ ပြင်းထန်စွာ ခံစားကြရပေလိမ့်မည် ။ များမကြာမှီမှာပင် ထိုအပူများကိုအခြေခံ၍ လှေကားထစ်သဖွယ် အသုံးပြုကာ အထက်ကောင်းကင်သို့ တက်လှမ်းကြလေသည် ။ ထိုသို့ ကြမ်းတန်းလှသော အပူရှိန်များမရှိပါက အထက်တန်းသို့ အဘယ်အရာများအား အသုံးပြုကာ တက်လှမ်းနိုင်ကြမည်နည်း ။
ထိုမိုးစက်ကလေးများသည် အလွန်ပြင်းထန်သောစိတ်ထားရှိသည့် အဖိခံမှုမှ အပေါ်သို့ တက်လှမ်းနိုင်သောသူများပင် ဖြစ်ကြတော့သည် ။ သို့သော် များမကြာမှီပင် လည်းကောင်းတို့ကို လောကကြီးက ရိုက်ချလိုက်လေ၏ ။ ခံနိုင်မှုမရှိလှအောင် ပြင်းထန်လှသဖြင့် မြေပြင်ပေါ်သို့ ခုန်ချကြလေတော့သည် ။
၎င်းမိုးစက်များသည် မြေပြင်ပေါ်သို့ တက်ဆင်းလာသောအခါ လောကကြီးအတွက် ကောင်းကျိုးနှင့် ဆိုးကျိုးကို ဖြစ်ပေါ်စေလေသည် ။ မြေပြင်သို့ ကျရောက်လာသောအခါ ရေအိုင်လေးများနှင့် တွေ့က ၄င်းတို့သည် အထက်မှ အတွေ့အကြုံမျာကို အဘယ်သို့ ပြောကြားကြပါမည်နည်း ။ ထိုရေအိုင်လေးများသည် ၄င်းတို့၏ အပြောကို အဘယ်သို့ ယုံကြည်ကြပါမည်နည်း ။ မိုးရေကို အလိုရှိသောသူများသည် မိုးရေကို မျှော်လင့်ကြသလို မိုးကို မုန်းတီးသောသူများသည် မိုးရွာမည်ကို မလိုလားကြပေ ။
သို့သော်လည်း မိုးစက်ကလေးများမှာ တာဝန်ရှိသည့်အတိုင်း ထမ်းဆောင်ကြလေ၏ ။ ထိုအခါ ဝမ်းနည်းခြင်းနှင့် ဝမ်းသာခြင်းကို ဖြစ်ပေါ်လာစေတော့သည် ။
အိုးးးးး ……… အလွန်ကြောက်စရာကောင်းသော လောကကြီးးးးးး
လူသားတို့သည်လည်း မိုးစက်ကလေးများနှင့် အဘယ်မှာကွာခြားကြသနည်း ။ တိုးတက်ကြီးပွားဖို့အတွက် ရုန်းကန်လှုပ်ရှားလျက်ရှိကြသည် ။ တစ်ဖန် အောက်ဆုံးသို့ ကျရောက်ခြင်းကို မလိုလားကြသော်လည်း အချိန်တန်က ကျရောက်ရ၏ ။ သို့သော်လည်း ထိုသူတို့သည် ရုန်းကန်လှုပ်ရှားလျက်ရှိကြသည် ။ ရပ်နားနေခြင်းမရှိကြပေ ။ တစ်ဖန် အတွေ့အကြုံများကို ပြောကြားကြသော်လည်း ပြည့်စုံစွာ ဖေါ်ပြနိုင်ခြင်း မရှိခြင်းတို့ကြောင့် လူငယ်များမှာ လမ်းမှန်သို့ တက်ရောက်နိုင်ခြင်းမရှိကြပေ ။ လူငယ်တို့၏စိတ်တွင် ကျောင်းသင်ခန်းစာများတွင်တာ အထင်ရောက်ကြပြီး ဘဝ၏ သတ်မှတ်ချက် ဂုဏ်တစ်ခုကိုသာ လက်တွေ့တွင် အဆင်ပြေလိမ့်မည်ဟု ထင်ကြလေသည် ။ ပိုက်ဆံမှာ အလွန်ပေါများသော်လည်း အလွန်ရှားပါးသော အရာဖြစ်သည် ။ ပိုက်ဆံသည် ဆာငံရည်နှင့် တူလေ၏ ။ သောက်သုံးရပါသော်လည်း ဘယ်သောအခါမှ မဝပေ ။ လူတို့သည် ထိုအရာကို ကိုယ်တိုင်ဖန်တီးယူနေလျှက်ရှိကြသည် ။ အောက်သို့ ကျရောက်ပါက အပေါ်သို့ တက်မည် ။ အပေါ်သို့ရောက်ပါသော်လည်း အောက်ကိုတစ်ဖန် ကျရောက်ပေအုန်းမည် ။ အောက်ရောက်သော်လည်း တစ်ဖန် အပေါ်ကို တက်ကြသည် ။ အဘယ်မှာ အေးဆေးစွာ နေနိုင်ကြသနည်း ။ လောကတွင် အေးချမ်းစွာ နေထိုင်သူများမှာ ရောက်ရှိသောနေရာကို သိသောသူများတာ ဖြစ်လေသည် ။ ထိုသူများသည် တစ်ပါးသူနှင့်လည်း ပြိုင်ဆိုင်မှုမရှိ အလို လောဘ လည်း များစွာ မရှိခြင်းတို့ကြောင့် အနည်းငယ် အနည်းငယ်တာ သက်သာရာ ရကြလေတော့တသည်း ။
#htoohtoolay

Comments
Post a Comment