ကလေးတွေဟာ ဘာကြောင့် ပုံမတူရတာလဲ !!!
ဗုဒ္ဓဘက်က အမြင်လေး ပြောပါရစေ ……
-----
အမိဝမ်းမှ ကာလရေကြည် သန္ဓေတည်သော် မိဘတို့၏ သုတ်သွေးက အရေးတကြီး ထောက်ပံ့လျက်ရှိသည် ဟု ယခုခေတ်လူအများပင် လက်ခံသိရှိပြီးဖြစ်လေသည် ။ ထိုကာလရေကြည်သည်မျိုးစေ့နှင့် တူ၏ ။ မိဘတို့၏ သုတ်သွေးကား ရွှံ့ညွှန့် ရေမြေများနှင့်တူ၏ ။ ထိုကာလရေကြည်ကို ဖြစ်စေသော ရှေးဘဝကံမှာ မျိုးစေ့ကို စိုက်ပျိုးသူနှင့် တူပေသည် ။ သို့အတွက် ကာလရေကြည်သည် သန္ဓေတည်နေဖို့ရာ စင်ကြယ်သော သားအိမ်နှင့် အနာရောဂါ အပြစ်အဆာ ကင်းစင်သော သုတ်သွေးကောင်းများ အရေးတကြီး လိုအပ်ပေသည် ။ အဘယ်ကြောင့်ဆိုသော် သားအိမ်နှင့် သုတ်သွေး၌ ရောဂါမကင်းလျှင်ထိုသန္ဓေသူငယ်သည် ကျန်းကျန်းမာမာနှင့် ကြီးထွားနိုင်ရန် မရှိသောကြောင့်တည်း ။
ဥပမာ - မြေနီတွင်း၌ အောင်းနေသော ဖွတ်သတ္တဝါ၏ အဆင်းသည် နီ၍ မြေနက်တွင်း၌ အောင်းသော ဖွတ်သတ္တဝါသည် နက်သကဲ့သို့တည်း ။
မိဘတို့ သုတ်သွေး၌ ငြိတွယ်နေသော သန္ဓေသူငယ်၌ မိဘတို့၏ သုတ်သွေးမှ ဥတုဇရုပ်များ ဆက်သွယ်လျက် ရှိသောကြောင့် မိဘတို့၏ အဆင်းနှင့် သူငယ်၏ အဆင်းသည် တူညီကြရိုးပင် ဖြစ်၏ ။
ဤနေရာ၌ မှတ်ရန်မှာ တချို့သော သူငယ်များမှာမူ မိဘတို့နှင့် မည်သို့မျှတူညီမှုမရှိပါဘဲလျက် အနောက်တိုင်းသား များနှင့် တူသောသူများလည်း ရှိတက်၏ ။ ဤအရာဖြစ်ရခြင်းမှာမူ မိဘဖြစ်သူ၏ စိတ်စွဲလမ်းခြင်းကို မှီ၍ ဥတုဇရုပ်များဖြစ်ရသော သူငယ်သည် မိဘဖြစ်သူ၏ ဖန်တီးပုံဖေါ်မှုကြောင့်တာ ဖြစ်ပေါ်ရခြင်းတစ်မျိုးနှင့် သူငယ်၏ အတိတ်ကံမှ စိတ်စွဲလမ်းခြင်းများကို မှီခိုရသောကြောင့် ဤကဲ့သို့ နှစ်မျိုးနှစ်စား ကွဲလွှဲရခြင်း ဖြစ်လေသည် ။
ဥပမာ - သန္ဓေတည်စအချိန်မှပင် မိခင်ဖြစ်သူသည် ချစ်စရာကောင်းသော ကလေးဓါတ်ပုံကို အစဉ်မပျက်ကြည့်ရှုလျက် ပီတိဖြစ်ပေါ်စေသော စေတနာတို့က ထက်သန်လှသဖြင့် ၄င်း သန္ဓေမွေးဖွားလာသောအခါ မိခင်ဖြစ်သူကြည့်ရှုစွဲလမ်းထားသော ကလေးပန်ချီကားကဲ့သို့ ရုပ်မျိုး ထွက်ပေါ်လာရခြင်း၌ ထင်ရှား၏ ။ ယခု မိဘများပင် ဤကဲ့သို့ သန္ဓေတည်စ၌ အများအားဖြင့် ကလေးပုံလေးများ ကြည့်ရှုလေ့ရှိကြ၏ ။
ဤသို့ ရုပ်ခြင်း စိတ်ဓါတ်ခြင်း ကူးစက်လာခြင်းကို သန္ဓေတည်စကပင် မိဘတို့၏ စိတ္တ ပစ္စယ ဥတုဇရုပ်များက ကူးစက်ခြင်းကြောင့် ဖွားမြင်သောအခါ မိဘတို့၏ စိတ်နေစိတ်ထား အပြုအမူများကို တွေ့ရဖန်များသဖြင့် တက်လွယ် သိလွယ်ခြင်း ဖြစ်လေသည် ။ ဤကဲ့သို့ အတက်မျိုးသည် သန္ဓေတည်စမှ ကူးယူဖေါ်ဆောင်နေခြင်းကို ဗုဒ္ဓကျမ်းများက လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော်ကပင် ဖေါ်ထုတ် ဟောကြားတော် မူခဲ့ပြီး ဖြစ်လေ၏ ။ ယခု သိပ္ပံပညာရှင်များနှင့် ဆရာဝန်တို့၏ လေ့လာတွေ့ရှိချက်ကို ဖေါ်ပြထားသော ကလေးသန္ဓေတည်ပုံ ကျမ်းများ၌မူ ကလေးငယ်သည် မိခင်ဝမ်းအတွင်းရှိသန္ဓေတည်ချိန်ကပင် မိဘတို့၏ စကားကို သင်ကြားနေပြီဟု လေ့လာတွေ့ရှိချက်များ ကို အတည်ပြုရေးမှတ်ထားလေသည် ။ ဤအရာမှာ ဗုဒ္ဓ၏ ဉာဏ်တော်နှင့် ဟောပြောထားချက်များနှင့် တစ်ထပ်တည်းပင်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
သိပ္ပံတွေ့ရှိချက် ဆေးကျမ်းများအရ သတ္တဝါ တစ်ဦးတစ်ယောက် သေသွားတဲ့အခါ နောက်ဘဝတစ်ခုမ ပြန်ပြီးဖြစ်တယ်ဆိုတာ မရှိပါဘူး ။ သို့သော် သန္ဓေတည်ပုံကိုတော့ ဖေါ်ပြတွေ့ရှိတာဟာ အမိနဲ့ အဖ သံဝါသပြုကြတဲ့အခါ အဖရဲ သုတ်မှာပါဝင်တဲ့စပါးမယ်တိုဇွာ(Spermatozoa) ခေါ်တဲ့ အကောင်ကလေးတွေဟာသုတ်နဲ့အတူ သန်းပေါင်းများစွာ အသက်ရှင်ပြီး လူးလားကူးခတ်ကာ အမိရဲ့ အင်္ဂါအတွင်းထဲကိုဝင်ရောက်သွားပါတယ် ။ အဲ့ဒီ့ သုတ်ထဲက အကောင်ပေါက်တွေက မိခင်ရဲ့ အိုဗရီ (Ovary) ခေါ်တဲ့မျိုးစေ့အိမ်မှ အိုဗာ (Ova).ဆိုတဲ့ အစိတ်အပိုင်းတစ်ခု ဆင်းလာတဲ့အခိုက်ကြုံကြိုက်မိတဲ့အခါမှသာ အိုဗာကို သန်းပေါင်းများစွာရှိသော စပါမယ်တိုဇွာကသာလျှင် ဖာလိုပီယန်ကြု (Fallopian Tube) ခေါ် သားအိမ်ကြောငအတွင်း ပေါင်းစပ်ရပါတယ် ။ အဲ့ဒီလိုပေါင်းစပ်မှ ဖြစ်လာတဲ့ အစိတ်အပိုင်းက သန္ဓေဦးအစ ဖြစ်ပါတယ် ။ အဲ့ဒီ့သန္ဓေကနေတဖန် သားအိမ်ရှိရာဘက်ကို ပြန်ပြီး ဆင်းလာရပါတယ် ။ သားအိမ်အတွင်းကိုရောက်တဲ့အခါ သားအိမ်ရဲ့ မျက်နှာကျက် အတွင်းကိုတိုးဝင်ပြီး အကောင်အထည်ဖြစ်လာပြီး ဖွားမြင်တဲ့အထိတိုင်အောင် အဲ့ဒီ့နေရာမှာပဲတည်နေပါတယ် ။ နောက်ဆုံး ဓမ္မတာပေါ်လာပြီးမှ နောက်တစ်ကြိမ်ဓမ္မတာပေါ်ရမဲ့အချိန် ဓမ္မတာမလာတဲ့အခါ သန္ဓေသားသည် တစ်လရှိပြီလို့ မှတ်ယူရပါတယ် ။ သန္ဓေသား လေးလမြောက်တဲ့အခါမှ သားအိမ်အတွင်းအှာ လှုပ်ရှားနိုင်ပြီး ဆေးပညာအရ အသက်ဝင်ပါတယ်လို့ ဆိုပါတယ် ။ အဲ့ဒါက သိပ္ပံရဲ့ တွေ့ရှိချက် မျက်မှောက်သန္ဓေတည်ပုံပါ ။ အခုက ဗုဒ္ဓတရားနဲ့ ယှဉ်ကြည့်မယ်ဆိုတော့ အခုတွေ့တာက ဘာပဲပြောပြောမကြာသေးဘူးလို့ဆိုလို့ရပြီး ဗုဒ္ဓမြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်လကပင် ဟောပြောထားတာဆိုတော့ ဒါ တော်တော်လေး ထူးခြားတယ်လို့ဆိုရမှာပါပဲ ။ နောက်တစ်ခုက တရားစစ်ဆိုရင် ဟောချြေက်တွေဟာ မည်သည့်အချိန်မဆို ရှာရှာ ဒီအတိုင်းပဲ ထပ်တူဖြစ်ရမှာပဲ ။ ဒါ သေခြာတယ်လို့ ယူဆပါတယ် ။ ကောင်းပြီ ဗုဒ္ဓတရားနဲ့  လေ့လာကြည့်ရအောင် …
ဗုဒ္ဓတရားမှက သတ္တဝါတွေဟာ သေရင်ဘဝတဏှာရှိနေတာကြောင့် စိတ်အစဉ်ကမပျက်ပဲ နောက်ထပ်တစ်ခါ ကံအကျိုးရှိတဲ့အတိုင်းပြန်လည် သန္ဓေယူရတယ်လို့ ဆိုတာ သိကြမှာပါ ။ အခုက နည်းနည်ူစိတ်ပြီးလေ့လာကြည့်မယ်ဆိုရင် သေသွားတဲ့သတ္တဝါမှာ ရုပ်ရောနာမ်ပါ ပျင်ဆီးသွားပေမယ့် သေခါနီး စွဲလမ်းခဲ့တဲ့ ရှေ့စိတ်များရဲ့အစွမ်းကြောင့် နောက်ဘဝဌာနမှာ စိတ်အသစ်တစ်ဖန် ဆက်စပ်သွားပြန်ပါတယ် ။ သေခါနအချိန်ကိုရောက်ရှိနေတဲ့သတ္တဝါက မိမိပြုခဲ့ဖူးတဲ့ ကောငမှု မကောင်းမှုတွေဟာ အဲ့ဒီ့အချိန် ဇောအနေနဲ့ ထင်လာပြီး အဲ့ဒီ့ဇောအာရုံအပေါ် ဘဝင်ကျလိုက်တာနဲ့ နောက်စိတ်က ဖြစ်တဲ့အခါ အဲ့ဒီ့ ဘဝင်ဇောနေရာဌာနမှာ သန္ဓေစိတ်ဖြစ်သွားပါတယ် ။ အဲ့ဒါ စိတ်က စိတ်ကိုထုတ်လုပ်လိုက်တာလို့ ဆိုရမှာပါ ။ အဲ့ဒီလို ရှေးရှေးစိတ်များ ကုန်ဆုံးသွားတိုင်း ထိုစိတ်တွေရဲ့အဟုန်ကြောင့် နောင်နောက်စိတ်များက မပျက် ဆက်စပ်ပြီး ဖြစ်နေရာမှ စုတိစိတ်ကလေး ပျင်ဆဲသွားတာနဲ့တစ်ပြိုင်နက် စွဲလမ်းခဲ့တဲ့ အာရုံဘဝင်မှာ ဘဝဌာနစိတ်အသစ်ဖြစ်သွားပါတယ် ။ အဲ့ဒါကို ပိဋိသန္ဓေစိတ်လို့ ခေါ်တာပါ ။
အဲ့ဒီ့ ပဋိသန္ဓေစိတ်က ရုပ်ရှိတဲ့ဘုံဌာနမှာဖြစ်လာမယ်ဆိုရင် သူ့ရဲ့ မှီရာ တည်ရာများလည်း ကံကြောင့် သူနဲ့အတူ တစ်ပါးတည်း ပါလာပါတယ် ။
အဲ့ဒီလို သန္ဓေစိတ်ဖြစ်ပေါ်လာလျှင် နောက်ကာလများ၌ သိစရာ ထိစရာ ကြားစရာ မြင်းရာ အာရုံများကိုသိလျက် ထိလျက် ကြားလျက် မြင်လျက် စိတ်အမျိုးမျိုးတို့ဖြစ်လာပါတယ် ။ အဲ့ဒါက သတ္တဝါသေပြီး သန္ဓေသစ်ဖြစ်ပုံအကျဉ်းပါ ။ ကောင်းပြီ ဒါဆို အမိဝမ်အတွင်း သန္ဓေတည်ပုံကို ကျမ်နဲ့အညီ ကြည့်ရမယ်ဆိုရင် (မ-၁။ ၃၃၂ ) မှာ မိဘနှစ်ဦးတို့ သံဝါသပြုကြ၏ ။ မိခင်မှာလဲ ဥတုပန်းပွင့်၏ သူငယ်လောင်းဖြစ်သူကလည်း အသင့်ရှိ၏ ။ ဤအင်္ဂါသုံးပါးနှင့်ညီလျှင် သန္ဓေတည်၏လို့ ဆိုထားတာတွေဲရမှာပါ ။ ကဲ အချက်သုံးချက်စလုံးညီတယ်နော် ။ ဗုဒ္ဓကျမ်းက မိခင်က ဥတုပန်ပွင့်၏လို့ဆိုထားတာ အရွယ်မရောက်သေးသူ အရွယ်လွန်သူ အရွယ်ရှိသောသူဖြစ်သော်လည်း ဥတုပန်မပွင့်သူ အဲ့ဒီ့လူတွေက ပယ်ပြီးသားဖြစ်သွားပြီနော် ။ နောက်တစ်ခုက သူငယ်လောင်းအသင့်ရှိနေတယ်ဆိုတာ အင်္ဂါ၌ မိဘနှစ်ပါးတို့ သံဝါသပြုနေဆဲမှာအသင့်ရှိရမယ်လို့ ဆ်ုတာမဟုတ်ဘူး ။ အမှတ် (က နဲ့ ခ ) အင်္ဂါအရ သန္ဓေသားဖြစ်ရန် အသင့်ရှိနေတဲ့အချိန် အဲဒီ့ကာလအတွင်းမှာ မိခင်ဝမ်း၌ဖြစ်ထိုက်သူက ဘဝဟောင်းက စုတိရမယ်။ အဲ့ဒါကိုပြောတာပါ ။
ထိုသူငယ်လောင်းက စပါမယ်တိုဇွာ ခေါ် သုတ်ပိုး၏ကိုယ်ထဲမှာ ဖြစ်တာလား ။ အိုဗာခေါ် သားဥထဲမှာဖြစ်တာလားဆိုတာ စဉ်းစားစရာရှိလာတယ် ။ ဗုဒ္ဓက "မာတာမေတ္တိက သမ္ဘဝေါ " မိဘတို့၏ သုတ်သွေးကိုမှီပြီးဖြစ်ပါတယ်လို့ဆိုတဲ့အတွက်ကြောင့် သုတ်ပိုးနှင့် သားဥပေါင်းစပ်ပြီး သားမျိုးရုပ်ထဲမှာ ဖြစ်တယ်လို့ ဒီလိုနားလည်ရမှာပါ ။ အဌကထာ ပထမ-၂။ ၂၁၀ မှာ သားအိမ်၌ ဥတုသွေး စင်ကြယ်သောအခါ မိဘနှစ်ပါးတို့ တစ်ကြိမ်သံဝါသပြုထားလျှင် ၇ ရက်ပတ်လုံး သန္ဓေတည်နိုင်တဲ့ အချိန်ချည်းသာပဲလို့ ဆိုထားပါတယ် ။
သံ ၁ ။၂၀၈ မှာ ရှေ့ဦးစွာ ကာလရည်ကြည်ဖြစ်ပေါ်လာသည် ။ ကာလရည်ကြည်မှ အသာဆေးရေ အရောင်ရှိသော အမြှပ်ဖြစ်လာသည် ။ အမြှပ်မှ ငရုတ်ရည်ကဲ့သို့သားတစ်ဖြစ်သည် ။ သားသစ်မှ အစိုင်အခဲဖြစ်လာသည် ။ အစိုင်အခဲမှ ဦးခေါင်း လက် ခြေ ခက်မငါးခု ဖြစ်လာသည် ။ ထို့နောက် ဆံပင် အမွေး ခြေသည်း လက်သည်းများလည်းဖြစ်လာကြသည်လို့ ဖေါ်ပြထားပါတယ် ။ သိပ့်အံသြစရာကောင်းတယ်နော် ။ အဲ့ဒီ့တရားကို ဗုဒ္ဓမြတ်စွာဘုရားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်အချိန်က " ကလေးငယ်ဟာ အမိဝမ်းမှာတစ်ပြိုင်နက် ကိုယ်အင်္ဂါအပြည့်အစုံ ပေါ်တယ် " ဆိုတဲ့အယူကို ဖြေကြားဟောပြောထားတဲ့တရားဖြစ်ပါတယ် ။
နောက်ထပ်ဖေါ်ပြပါရှိတာက မိဘနှစ်ပါးတို့ သံဝါသမပြုခင် မိခင်မှာ ဥတုပန်းပွင့်ခြင်းဟူသော အင်္ဂါနှစ်ပါးရှိသော်လည်း သူငယ်လောင်းကမရှိလျှင် ပဋိသန္ဓေမတည်နိုင်လို့ (မ-၁။ ၃၃၂).မှာ ဆိုထားတယ် ။ အခုကြည့်လေ ။ တစ်ခါတစ်ခါကြားဖူးမှာပေါ့ ။ မိဘကချွတ်ယွန်းချက်မရှိပဲ သန္ဓေမရတဲ့ အိမ်ထောင်ရေးတွေလေ ။ ဒါ ထင်ရှားတယ်နော် ။ အဲ့ဒီလို သန္ဓေတည်ပါတယ်လို့ ဗုဒ္ဓကျမ်းအနည်းငယ်ကိုမှီပြီး ရေးသားလိုက်ပါတယ် ။
အချုပ်အနေနဲ့ပြောရပါလျှင်မူ " သီဝက --- ဤလောက၌ ဝေဒနာတို့သည် သလိပ်ကြောင့်သော်လည်းကောင်း လေကြောင့်သော်လည်းကောင်း ။ သည်းခြေသလိပ်လေ ။ သုံးပါး ပေါင်းဆုံခြင်းကြောင့်သော်လည်းကောင်း ။ ဥတု ဖောက်ပြန်ခြင်းကြောင့်သော် လည်းကောင်း။မညီမညွတ် ဆောင်ရွက်ခြင်းကြောင့်သော်လည်းကောင်း ။ သူတစ်ပါး၏ လုံ့လ ပယောဂကြောင့်သော်လည်းကောင်း ။ ကံ၏ အကျိုးကြောင့်သော် လည်းကောင်း ။ ဖြစ်ကုန်၏ ။ဤ အကြောင်းကို ကိုယ်တိုင်လည်းသိအပ်၏ ။ လောကသည်လည်း အမှန်ဟု သမုတ်အပ်၏ ။သို့ဖြစ်၍ တစ်စုံတစ်ခုသော ဝေဒနာ ခံစားရမှုသည် ရှေးကံကြောင့်သာဖြစ်သည်ဆိုသောစကားကို အမှားဟု ငါဆို၏ "လို့ ဝေဒနာသံယုတ် ။ အဋ္ဌဿပရိယဝဂ် ။ သီဝကသုတ်မှာ ပါတာတွေ့ရပါတယ် ။နောက်တစ်ခုက အမေရိကန်ပညာရှင်တစ်ဦး၏ အဆိုကို တင်ပြရလျှင် " ဥပမာတစ်ခုကို စဉ်းစားကြည့်ပါက အတ္တမရှိပဲ ဘဝတစ်ခုကို ကမ္မသတ္တိ ကူးပြောင်းသွားသည်ဆိုသော ဗုဒ္ဓဝါဒီတို့၏ စကားသည် သဘာဝယုတ္တိရှိကြောင်း ထင်ရှား၏ ။ ပျံလွှားငှက်နှင့်ဘ ဘီလုံးငှက်သည် သိသိသာသာခြားနား၍ ထိုခြားနားမှုသည် မျိုးရိုးဗီဇ မတူမှုကြောင့်ဖြစ်သည် ။ ပျံလွှားငှက်၏ မျိုးရိုးစဉ်ဆက်သည် ပြုပြင်ခဲ့သော အကြောင်းတရားများနှင့် ယင်းတို့၏ အကျိုးဆက်များကို အနမတဂ္ဂ ဖြစ်၍ ပျံလွှားငှက်ဥထဲ၌ ဗီဇဓါတ်အဖြင့် ကိန်းအောင်းလျက် ဆိုင်ရာဝိဘတ် အကျိုးတရားများကိုသာလျှင် ဖြစ်ပေါ်စေမည်ဖြစ်သည် ။ ထိုငှက်ဥထဲမှ ဘီလုံးငှက် ထွက်ပေါ်လာလိမ့်မည်မဟုတ် ။ အဘယ်ကြောင့်ဆ်ုသော် ဘီလုံးငှက်ကိုဖြစ်စေသော အကြောင်းတရား သို့မဟုတ် ကမ္မသတ္တိမှာ တသီးတခြားဖြစ်၏ ။ စင်စစ် ဗုဒ္ဓဝါဒီတို့နားလည်သော ကမ္မသတ္တိသည် ဗီဇသတ္တိမဟုတ် ။ ကမ္မ၏သတ္တိဟူသောစကားးသည် မိဘများထံမှ လူတစ်ဦးရရှိသောမျိုးရိုးဗီဇသတ္တိများကို မဆိုလိုပဲ အတိတ်ဘဝများမှ ပါလာသော ဂုဏ်အင်္ဂါသတ္တိများကိုသာ ဆိုလိုခြင်းဖြစ်၏ ။ သို့ရာတွင် ဤခြားနားချက်များကို လျန်လှပ်၍ ဗုဒ္ဓ၏ ကမ္မဝါဒသည် သိပ္ပံပညာရှင်တို့၏ မျိုးရိုးဗီဇ ဝါဒနှင့် များစွာ နီးစက် တူညီလှပေသည် " ဟု ဖေါ်ပြခဲ့လေသည် ။
ဗဟုသုတရရှိကြပါစေခင်ဗျာ
#htoohtoolay

Comments
Post a Comment