Skip to main content

သေခြာတာကတော့ သေတာပဲ ။

သေခြာတာက သေတာပဲ !
----

ကမ္ဘာကျော်သိပ္ပံပညာရှင် အင်္ဂလိပ်စာရေးဆရာကြီး ဆာဖရန်စစ်ဘေကွန်က " ကလေးများဟာ အမှောင်ထဲ သွားရမှာကြောက်သလိုပဲ လူကြီးများကလဲ သေရမှာကို ကြောက်ကြတယ် " လို့ ဆိုခဲ့တယ် ။ ဒီစကားဟာ သိပ့်ကို မှန်ကန်တဲ့ စကားပါ ။ လူတို့ရဲ့ သေခြင်းအပေါ် ကြောက်ရွံ့ခြင်းကို သေခြာဝေဖန်ဆင်ခြင်ကြည့်မယ်ဆိုရင် အချက် သုံးချက် ထွက်ပေါ်လာမှာဖြစ်တယ် ။ အဲ့ဒါတွေကတော့ -

# ကျွန်ပ်တို့ဟာ သေခါနီး ခံစားနေရတဲ့ သူတွေရဲ့ ဝေဒနာကို မခံစားဖူးလို့ မကြုံဖူးလို့ ကြုံရမှာကြောက်တဲ့အချက် ။

# သေတာရဲ့ နောက်မှာ ဘယ်ရောက်မယ်ဆိုတာ မသိနိုင်တဲ့အပေါ် ထိတ်လန့်တုန်လှုပ်နေရတဲ့အချက် ။

# မိမိသေလွန်တဲ့အခါ ကျန်ခဲ့ရမဲ့ မိမိရဲ့ မိသားစုတွေအပေါ် ပူပန်သောက စိုးရိမ်ကြောက်လန့်တဲ့ အချက်တွေပါပဲ ။

တကယ်ဆိုရင်တော့ သေတာကို ကြောက်တဲ့သူတွေတင်မကပါဘူး ။ လူတိုင်းပင် ဆင်ခြင်သင့်တဲ့ အချက်တွေရှိနေပါတယ် ။ အဲ့ဒါတွေကတော့ ဖြစ်သမျှကိစ္စဟာ တစ်နေ့ ပျက်ရမှာပါပဲ ။ သေခြင်းတရားဆိုတာ ဘယ်သူတွေ လွန်ဆန်နိုင်မလဲ ။ ငါလဲ ကြုံရမှာပါပဲ ။ ဒါပေမယ့် အခု ငါအသက်ရှင်နေတယ် ။ အဲ့ဒီ့ အသက်လေးကို အသုံးချပြီး အကျိုးများစေရမယ် ။ အသုံးကျစေရမယ် ။ ဒီအသက်လေးနဲ့ မိမိနဲ့ မိမိ မိသားစု ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ပတ်သတ်သက်ဆိုင်သူတွေ (မ)ဆိုင်သူတွေအားလုံး မိမိကြောင့် စိုးရိမ်စရာတွေ ကြောက်ရွံ့စရာတွေ ထိတ်လန့်စရာတွေ မဖြစ်စေရဘူး ။ ငါ့ကလေး ငါ့မိဘ ငါ့သားမယား တစ်ပါးသူတွေဆီမှာ တောင်းရမ်း မစားစေရဘူး ဆိုတဲ့ ဆန္ဒတွေ ပြင်းပြင်း ထန်ထန် ရှိနေမယ်ဆိုရင် အဲ့ဆန္ဒကို ကိုယ်ချင်းစာတရားနဲ့ ဆင်ခြင်နေသင့်တယ် ။ တကယ်ဆို အနေတက်တာကိုက အသေတက်နေတာဖြစ်တယ် ။ ကျွန်တော်တို့ဟာ သေတာနဲ့ ရှင်သန်တာကို ခွဲပြီး နားလည်နေကြတာပါ ။ အမှန်ဆို ကျွန်တော်တို့ဟာ ရှင်သန်နေတာသည်ပဲ သေနေခြင်းတာဖြစ်တယ်ဆိုတာ လုံးဝ မတွေးမိတဲ့အတွက် သေခြင်းကို ကြောက်နေရတာဖြစ်တယ် ။ သင်တစ်နေ့ သေမှာပါပဲ ။ ဒါပေမယ့် သေခါနီးမှ သေတယ်လို့ ထင်တာဟာ မဟာအမှားပဲ ။ တကယ်ဆို သင်ဘယ်တုန်းကမှ မရှင်သန်ခဲ့ပါဘူး ။

#htoohtoolay



Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...