Skip to main content

ဒါဝင် ချား ရောဗက် ( ခရစ် ၁၈၀၉ - ၁၈၈၂ )

ဒါဝင် ချား ရောဗက် ( ခရစ် ၁၈၀၉ - ၁၈၈၂ )
-----
ဒါဝင်ဟာ အင်္ဂလိပ့်လူမျိုး သဘာဝတ္ထပညာရှင်တစ်ဦးဖြစ်ပါတယ် ။ အင်္ဂလန်ပြည် ရှရူးစဗာရီမြို့မှာ ၁၈၀၉ ခု ဖေဖေါ်ဝါရီ ၁၂ ရက်မှာ ဖွားမြင်ခဲ့တယ် ။ ဖခင် ရောဗတ်ဝဲရင်းဒါဝင်မှာ ထင်ရှားတဲ့ ဆရာဝန်တစ်ဦးဖြစ်ပါတယ် ။ ဒါဝင်ဟာ ငယ်စဉ်က ရှရူးစဗာရီကျောင်းမှာ ပညာသင်ကြားခဲ့ပြီးနောက် အီဒင်ဗာရာ တက္ကသိုလ်နဲ့ ကိန်းဗရစ်တက္ကသိုလ်တို့မှာ ဆက်လက်ပညာ ဆည်ပူးခဲ့တယ် ။ ဖခင်ဖြစ်သူက သားကို ဆရာဝန် ဒါမှမဟုတ် ခရစ်ယာန် သာသနာ့ဝန်ထမ်း ဖြစ်စေလိုသော်လည်း ဒါဝင်ကတော့ သဘာဝတ္ထဗေဒမှာသာ စိတ်ဝင်စားပြီး အဲ့ဒီ့ဘာသာရပ်ကိုသာ အထူး လေ့လာခဲ့ပါတယ် ။တက္ကသိုလ်က ရုက္ခဗေဒပါမောက္ခ ဟင်ဆလိုးဆိုသူနဲ့ အကျွမ်းတဝင် ရှိခဲ့ရာကနေ အဲ့ဒီ့ ပုဂ္ဂိုလ်ကြောင့်ပဲ သဘာဝတ္ထဗေဒပညာရှင် တစ်ယောက်အဖြင့် ဗြိတိသျှစူးစမ်းရှာဖွေရေးအဖွဲ့နဲ့အတူ ဗီးဂယ်အမည်ရှိတဲ့ သင်္ဘောမှာ လိုက်ပါခဲ့ကာ ကမ္ဘာတစ်ပတ် လှည့်လည်ခဲ့ပါတော့တယ် ။ ၅ နှစ်ကြာမျှ ခရီးထွက်ခဲ့ပြီးတဲ့အခါ ၁၈၃၆ ခုနှစ်မှာတော့ အင်္ဂလန်ပြည်ကို ပြန်လည်ရောက်ရှိခဲ့တယ် ။ သူဟာ ကမ္ဘာပတ်ခရီးထွက်ခဲ့ရာက ရောက်လေရာအရပ်မှာ အပင်နဲ့ တိရိစ္ဆာန်များအကြောင်းကို သေချာကျနစွာ လေ့လာလိုက်စားခဲ့ပါတယ် ။ သူဟာ အင်္ဂလန်ကို ပြန်ရောက်တာနဲ့ တွေ့ရှိလေ့လာခဲ့တဲ့ အချက်အလက်တွေကို ကိုးကားပြီး သဘာဝတ္ထဗေဒ ဘာသာတရားဖြစ်တဲ့ ဆင့်ကဲလာခြင်း သီအိုရီကို အထောက်အပံ့ဖြစ်စေတဲ့ စာရွက်စာတမ်းတွေ ပြုစုခဲ့တယ် ။ ၁၈၅၉ ခုနှစ်မှာ " မျိုးစိတ်တို့ရဲ့ အစ " လို့ခေါ်တဲ့ စာအုပ်ကို ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပါတော့တယ် ။ အဲ့ဒီ့စာအုပ်ကြောင့်ပဲ ဒါဝင်ဟာ သဘာဝတ္ထ သိပ္ပံပါရဂူတစ်ဦးအနေနဲ့ ကမ္ဘာတစ်ဝမ်းလုံး နာမည်ကျော်ကြားလာခဲ့ခြင်းပါပဲ ။

အဲ့ဒီ့စာအုပ်မှာ ဒါဝင်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အပင်နဲ့ တိရိစ္ဆာန်တို့ဟာ တစ်စတစ်စ တဆင့်တဆင့် အသွင်ပြောင်းလဲပုံကို အကိုးအကားနဲ့ ဖေါ်ပြထားတယ် ။ ယင်းအပင်နဲ့ တိရိစ္ဆာန်များဟာ ယင်းတို့ရဲ့ မူလအစ မျိုးနွယ်များကနေ တစ်စတစ်စ အနည်းငယ်စီ ခြားနားကွဲပြားလာခဲ့ပြီး အဲ့ဒီ့ကနေမှတစ်ဖန် ပေါက်ပွါးလာတဲ့ မျိုးနွယ်များကလည်း အနည်းငယ်စီ ကွာခြားသွားကြောင်း ဖေါ်ပြထားလေတယ် ။ အဲ့ဒီလို တဖြေးဖြေး အသွင်ကွဲပြားလာရာကနေ နောက်ဆုံးမှာတော့ ဘဝတည်မြဲမှုအတွက် ကြံ့ကြံ့ခံနိုင်ရည်ရှိတဲ့ အပင်နဲ့ တိရိစ္ဆာန်များသာ ယနေ့ထိ ဆက်လက်တည်ရှိနေတယ်လို့ ဆိုတယ် ။ ချို့တဲ့မှုရှိတဲ့ အပင်နဲ့ တိရိစ္ဆာန်များမှာတော့ သေကြေပျက်ဆီးပြီး မျိုးပျောက်သွားရတယ်လို့ ဆိုပါတယ် ။ ယနေ့ကမ္ဘာမှာ တွေ့နေရတဲ့ ခွေးနဲ့ ကြောင်တွေလို တိရိစ္ဆာန်များမှာ မိမိတို့နဲ့ အသွင်အပြင်ခြင်း တူတဲ့ မူလအစက ဖန်ဆင်းထားတဲ့ ခွေးနဲ့ ကြောင်လို တိုက်ရိုက်ဆင်းသက်ပေါက်ပွားလာတာမဟုတ်ပါဘူးလို့ ဒါဝင်က ဆိုလိုက်ပါတယ် ။

 ဒါဝင်ရဲ့အလိုအရ ယင်းရဲ့ တိရိစ္ဆာန်များဟာ ရှေးကျပြီး မိမိတို့ထက် ဘဝအဆင့်အတန်းအဖြင့် ပိုမို၍ နိမ့်ရကား မိမိတို့နဲ့ အသွင်သဏ္ဍာန် ကွဲပြားတဲ့ တိရိစ္ဆာန်များမှ ဆင်းသက်တဲ့ တိရိစ္ဆာန်များသာဖြစ်လေတယ်လို့ ဆိုပါတယ် ။ တချိန်တည်း၌လိုပင်အယ် လဖရက် / ရပ်ဆဲ / ဝေါလေ့(စ) ဆိုတဲ့ အင်္ဂလိပ့်ပညာရှင်တစ်ဦးကလည်း ဒါဝင်ရဲ့ သီအိုရီနဲ့ ထပ်တူတမျှ တူညီတဲ့ သီအိုရီတစ်ခုကို တသီးတခြား သုတေသနပြုကာ ထုတ်ဖေါ်ပြသခဲ့ပါတယ် ။ ဒါပေမယ့် သီအိုရီ အော့(ဖ)အီဗလူးရှင်းနဲ့ စပ်လျဉ်းပြီး ဒါဝင်ဟာ အမည်အကျော်ကြားဆုံး ဖြစ်တယ် ။

ဒါဝင်ရဲ့ တိုးတက်ဆန်းသစ်တဲ့ သီအိုရီဟာ အင်္ဂလန်ပြည်နဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာ အငြင်းပွားမှုတွေ များစွာဖြစ်ပေါ်စေခဲ့တယ် ။ လူအများက ဒါဝင်ဟာ ဘုရားတရားကို မယုံကြည်သူလို့ စွတ်စွဲခဲ့ကြပါတယ် ။ သို့သော် ဒါဝင်ဟာ လူအများရဲ့ ဝေဖန်မှုကို လုံးဝ ဂရုမစိုက်ပဲ မိမိရဲ့လုပ်ငန်းကိုသာ ဆက်လက်လုပ်ကိုင်ခဲ့တယ် ။ မိမိရေးသားခဲ့ခြင်းသည် အမှန်တရားကို ထုတ်ဖေါ်ခဲ့ခြင်းသာ ဖြစ်တယ်လို့ စွဲမြဲစွာ ယုံကြည်ခဲ့ပါတယ် ။ ၁၈၇၁ ခုနှစ်မှာ " လူတို့ ဆင်းသက်ပေါက်ပွါးလာပုံ " ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ပြန်ပါတယ် ။ အဲ့ဒီ့စာအုပ်ကြောင့် ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပေါ်ပေါက်လာခဲ့တော့တယ် ။ အဲ့ဒီ့စာအုပ်ပါအကြောင်းအရာမှာ ရှေးနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် အချိန်က ကမ္ဘာပေါ်မှာ ရှိဖူးတဲ့ သတ္တဝါတစ်မျိုးရှိခဲ့ပါတယ် ။ အဲ့သတ္တဝါဟာ မျောက်နဲ့တူပြီး အဲ့ဒီ့အမျိုးအမည်မသိတဲ့ သတ္တဝါကနေ လူဟာ ဆင်းသက်လာတာဖြစ်တယ်လို့ ဒီလိုဆိုပါတယ် ။ အဲ့ဒီ့ဖေါ်ပြချက်ကြောင့် လူအများဟာ ဒါဝင်ကို အပြင်းအထန် အမျက်ထွက်ခဲ့ကြသလို ပြင်းထန်စွာ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတယ် ။ ဒါပေမယ့် သိပ္ပံပညာရှင်များကတော့ ဒါဝင်ကို ချီးကျူးထောပနာ ပြုခဲ့ကြလေတယ် ။

အခုအခါမှာတော့ ဒါဝင်ရဲ့ ဆင့်ကဲဖြစ်လာပုံသီအိုရီရဲ့ ယေဘုယျသဘောကို သိပ္ပံပညာရှင်အများက လက်ခံလာကြပါပြီ ။ သို့သော်လဲ အခုအချိန်ထိ ဒါဝင်ရဲ့ သီအိုရီနဲ့ ဆက်လျဉ်းပြီး ငြင်းခုံနေကြစဲပါ ။ ဒါဝင်ရဲ့ သီအိုရီ အချို့အပိုင်းများကို ပယ်ပစ်ပြီးလျှင် သီအိုရီအသစ်များ အစားထိုး ထည့်ထားတာလဲ ရှိလာခဲ့ပါတယ် ။ ဒါပေမယ့် အခြေခံသဘောတရားများကိုတော့ သိပ္ပံပညာရှင်များက လက်ခံထားကြပါတယ် ။ ဒါဝင်ဟာ ၁၈၈၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာပဲ ကွယ်လွန်ကာ " ဝက်မင်စတာအက်ဗေး " ဘုရားရှိခိုးကျောင်းမှာ သဂြိင်္ုဟ်မှု ပြုခဲ့ပါတော့တယ်ခင်ဗျာ ။

ဗဟုသုတရရှိနိုင်ကြပါစေ
#htoohtoolay

Comments

  1. ဒါဝင်ရဲ့သီအိုရီ တွေကိုဖတ်လို့ရတဲ့Blog များကို လမ်းညွန်ပေးပါအုံး
    Pdfရှိရင်လဲ Link လေးမျှဝေပေးပါအုံးဗျ

    ReplyDelete

Post a Comment

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...