ကုန်းဘောင်နှင့် အလောင်းမင်းတရား ----- ၁၁၁၅ ခုနှစ်တွင် ဦးအောင်ဇေယျသည် မင်းချစ်ညိုနှင့် မွန်များကို သုတ်သင်ရှင်းလင်းပြီးဖြစ်၍ ချင်းတွင်းနှင့် ဧရာဝတီအကြားရှိ တမ္ပဒီပ နယ်မြေအားလုံးကို ပိုင်ဆိုင်ခဲ့လေသည် ။ ထိုအခါ မြို့သစ် တည်ထောင်ရန်အတွက် ညီတော်သားတော် မှူးမတ်များကို ခေါ်ယူ၍ မြို့တော်အမည်ကို " ရတနာ သိင်္ဃ " အဖြင့် သမုတ်လိုကြောင်း ပြောကြားလေသည် ။ ထို့နောက် သုခမိန်တို့ကမူ " သိင်္ဃ " ဟူသော မဂဓ ဘာသာစကားသည် " လျင်မြန်သော " အနက်ကို ဟောသည်ဖြစ်သောကြောင့် မင်းစည်းစိမ်သည် အရှည်မရှိဟုဆိုကာ " ကုန်းဘောင် " ဟုသမုတ်လိုကြောင်း လျောက်ထားကြလေရာ " ကုန်းဘောင်အမည် တွင်ခဲ့ရခြင်းဖြစ်လေသည် ။ " ကုန်းဘောင် " ၏ အဓိပ္ပါယ်မှာ မြန်မာဘုရင်တို့ အဆက်အနွယ်များဖြစ်သည့် ဘိုးဘေးဗီဘင်တို့ကား အလောင်းတော် မဟာသမ္မတမင်းမှစ၍ အာဒိစ္စဝံသ ခတ္တယနွယ်လာ သာကီဝင်မင်းတို့၏ အဆက်အနွယ် ဖြစ်လေသည် ။ ထိုမင်းဆက်ကို ဟံသာဝတိမင်းတို့ ဖျက်ပြန်သောကြောင့် သကျနန်းရိုး - သတိုးအနွယ်တော်ပျက်လေသည် ။ ယင်းသည်တွင် ဟံသာဝတီမွန်မင်းတို့ကား သကျနန်းရိုး သတိုးနွယ်တော်ကို ဆက်ပြန်သည်ဖြစ်၍ ဘဝရှင်မင်းတရားကား " ကုန...
သင်၏ ငါးမိနစ်တာအချိန်သည် အကျိုးရှိသော စာတစ်ပိုဒ်နှင့် ကုန်ဆုံးရန် သင့်၏ ။