Skip to main content

သစ်ပင်နှင့် ရှင်သန်ခြင်း

သစ်ပင်နှင့်  ရှင်သန်ခြင်း
------
အပင်မှာ အသက်ရှိတယ် မရှိဘူးဆိုတာဟာ အခုခေတ်အခါမှာတော့ အတော်လေး လူတွေ စိတ်ဝင်စားလာကြပါတယ် ။ ဘာသာကြီးတွေမှာလဲ အပင်မှာ အသက်ရှိကြောင်းကို ဖွင့်ဆိုကြပြီး အပင်ရဲ့ ကြီးထွားမှုကို အနှောက်အယှက်မပြုရအောင် စည်းကမ်းတွေပါ တစ်ချိန်တုန်းက ထုတ်ပြန်ခဲ့ကြပါတယ် ။  သို့သော်လဲ ဒါဟာ အမှန်ပါလားဆိုတာတော့ ထိုအပင်ကို ဆက်လက်လေ့လာဖို့မှာ ရပ်တန့်နေကြပါတယ် ။ သုတေသီတစ်ဦးဟာ အပင်မှာ အသက်ရှိကြောင်းကို ထုတ်ဖေါ်ခဲ့ပါတယ် ။ ထိုသူရဲ့အဆိုအရမူ သစ်ပင်တစ်ပင်ဟာ ခံစားတက်တဲ့ နာမ်တရားရှိပြီး သူ့အပင်ဘေးကို ရေနွေးတွေ လောင်းထည့်လိုက်မယ်ဆိုရင် သူတိုင်းတာတဲ့ အချက်ပြမီးမှာ မကြိုက်မနှစ်သက်တဲ့ တုတ့်ပြန်မှုကို ပြတယ်လို့ ဆိုပါတယ် ။ ထို့အတူပဲ ယခုအခါမှာ ကိုင်းကူးပြီး ဖြစ်လာတဲ့ ပင်ဆီအသစ်တွေလဲ ရှိနေကြပါတယ် ။ တစ်ကိုင်းကနေ တစ်ကိုင်း အုန်းဆံနဲ့ မြေဆာ ရောကာ အပင်အစီအခြင်း ရောစပ်တဲ့ နည်းပါပဲ ။ ထိုပုံစံမျိုး စမ်းသပ်မှုတွေပြုခဲ့ရာမှာ အောင်မြင်မှုတွေ ရလာကြပါတယ် ။ ဒါဆို အပင်မှာ အသက်ရှိပါသလား !

အလွန်စိတ်ဝင်စားစရာကောင်းတဲ့ အချက်ဖြစ်ပါတယ် ။  သို့သော် အသက်ရှိတယ်ဆိုတာတော့ မည်သူမျှ မငြင်းဆိုကြပါ ။ အဲ့ဒီ့အသက်ကို အခေါ်အဝေါ်တွေ ပြောင်းလဲနေဟန်တူပါတယ် ။ အမှန်တော့ အပင်မှာ အသက်ရှိပါတယ် ။ အသက်ရှိတာမို့ ရှင်သန်ကြီးထွားနိုင်တာဖြစ်တယ် ။ ဒါဆို ဘယ်လိုအသက်မျိုးလဲဆိုတာတော့ ပြန်လည်သုံးသပ်ရပါမယ် ။

သစ်ပင်တွေရဲ့အသက်ဟာ  သတ္တဝါတွေလို နာမ်တရားနဲ့ ((( အညမညပစ္စယော ))) လို အပြန်အလှန်အထောက်အကူပြုတဲ့ပုံစံမျိုးနဲ့ တုန့်ပြန်မှုတွေမရှိကြပါဘူး ။ ဒါကြောင့် အပင်တွေကို နာမ်မဲ့ ရှင်သန်သူလို့ ဆိုရပါမယ်  ။ နာမ်မဲ့ သက်ရှိတွေရှင်သန်ဖို့ သူတို့ဟာ မြေ ရေ လေ အပူ အအေး စတဲ့ ပတ်ဝန်းကျင်မှ သြဇာတွေကို လိုအပ်လျက်ရှိကြပါတယ် ။ အပင်ဟာ ဘာကြောင့် ရှင်သန်နိုင်တာလဲဆိုတာမှာတော့ မြေသြဇာတို့ လေတို့ အပူအအေးတို့ကိုမှီပြီးပင်ဆီကနေ တက်နိုင်တဲ့ ရင့်ကြတ်ခြင်း ( တေဇော ) ရှိနေတာကြောင့် အထောက်အပံ့အဖြစ် ရေလေမြေတွေ ရှိနေတာကြောင့် ရှင်သန်ဖွံ့ဖြိုးနေရခြင်းတာ ဖြစ်ပါတယ် ။ အဲ့ဒါဟာ သိပ့်ထင်ရှားတဲ့အရာဖြစ်တယ် ။

သက်ရှိသတ္တဝါတွေကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ ((( အဓိက ))) အမှီပြုရာဟာ သူတို့ ခန္ဓာကိုယ်ထဲက ဖွဲ့စည်းပုံတွေအလုပ်ကောင်းကောင်းလုပ်နိုင်ဖို့နဲ့ နာမ်တရားတွေက ထုတ်တဲ့ စိတ္တဇရုပ်တွေကို မှီပြီးဖြစ်တဲ့ ခန္ဓာအသစ်တွေပဲဖြစ်တယ် ။ ဒါကြောင့် ယေဘူယျအားဖြင့် မြေအထဲကို ခြေစိုက်ထားတာမျိုးတွေမရှိပဲ မြေပြင်ပေါ်မှာ လျှင်မြန်စွာ သွားလာနိင်ကြခြင်းဖြစ်တယ် ။ သစ်ပင်တွေမှာတော့ သက်ရှိသတ္တဝါတွေလို မြေပြင်ပေါ်ရောက်ဖို့ရာ အမြစ်ကနေ စွဲထုတ်လိုက်ပြီး သူ့အတိုင်းချည်းပဲ ရပ်တည်စေမယ်ဆိုရင် အဲ့ဒီ့သစ်ပင်ဟာ သေဆုံးခြင်းသာ ဖြစ်လာနိုင်စရာအကြောင်းရှိပါတယ် ။

တစ်ချို့တွေကဆိုကြတယ် ။ သစ်ပင်တွေရဲ့ ဝတ်ရည်တွေကို အဖို အမ ဓါတ်ပေါင်းပြီး ပင်ဆီသစ်လေးတွေ ထုတ်လုပ်နိုင်တာပဲလို့ဆိုပါတယ် ။ ဒါလဲ မှန်ကောင်း မှန်ပါလိမ့်မယ် ။ သို့သော် အဲ့လို ဘယ်လောက်ပဲ ကူးစက်ကြပါစေ သူ့ကို ထောက်ပံ့နေတဲ့ အကြောင်းတရားတွေဖြစ်တာမှာ မြေတို့ ရေတို့ လေတို့ကိုဖျက်တောက်လိုက်မယ်ဆိုရင်သူဟာ ဆက်လက် ဖွံ့ဖြိုးနိုင်ဖို့ရာ မဖြစ်နိုင်တာတွေ့ရမှာဖြစ်ပါတယ် ။

တကယ်သတ္တဝါတစ်ကောင်လို အသက်ရှိမယ်ဆို မျိုးစေ့တစ်ခုဟာ ခြောက်သွေ့တဲ့ ဖန်ပုလင်းထဲ ထည့်ထားလဲ သူ့အတိုင်း သီးခြား ရှင်သန်လာနိုင်စရာအကြောင်းရှိပါတယ် ။ ဒါပေမဲ့ အခုတော့ မရှင်သန်နိုင်ကြပါဘူး ။ မရှင်သန်လို့ သေဆုံးပြီးသားအဖြစ် သတ္တဝါတွေလို ယူဆပြန်ရင်လဲ အဲ့ဒီ့မျိုးစေ့ဟာ မြေရေလေ အပူအအေးနဲ့လဲ ဆုံရော ထရှင်သန်လာတော့တယ် ။ ဒါဟာ သစ်တစ်ပင်ရဲ့ မှီရာကို မီးမောင်ထိုးပြနေခြင်းတာ ဖြစ်ပါတယ် ။ မြေရယ် လေရယ် ရေရယ် အပူအအေးရယ် အစရှိတာတွေ ပေါင်းမှ သြဇာဖြစ်ရတယ် / တေဇောဓါတ်ရဲ့ ရင့်ကြတ်မှုဟာ မျှတလာရတယ် / အစရှိတာတွေကို မှီခိုခြင်းကြောင့်တာသူ့မှာနာမ်တရား ရှိတယ်ဆိုတဲ့အယူဟာ အင်မတန် စဉ်းစားစရာကောင်းလှတဲ့ အချက်တစ်ခုဖြစ်လာရတော့ပါတယ် ။

အသက်ရှိတယ် ။ ဟုတ်တယ် ။ ဒါပေမယ့် သူ့မှာ ဓမ္မစင်္ကြာတော့ မရှိဘူးလေ ။ ပဋိစ္စသမုပ္ပါဒ် ( အကြောင်းအကျိုး ) ရှိတယ် ။ ဟုတ်တယ် ။ ဒါပေမယ့် ပါဋ္ဌာန်းတော့ မရှိဘူးလေ ။ ဒါကိုပြောတာပါ ။ ဒါကြောင့် အပင်မှာ သတ္တဝါလို ရုပ်နာမ်အသက်တွေ မရှိဘူးလို့ ဒီလိုဆိုခြင်းဖြစ်ကြပါတယ်ခင်ဗျာ ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...