Skip to main content

ကုန်းဘောင်နှင့် အလောင်းမင်းတရား

ကုန်းဘောင်နှင့် အလောင်းမင်းတရား
-----
၁၁၁၅ ခုနှစ်တွင် ဦးအောင်ဇေယျသည် မင်းချစ်ညိုနှင့် မွန်များကို သုတ်သင်ရှင်းလင်းပြီးဖြစ်၍ ချင်းတွင်းနှင့် ဧရာဝတီအကြားရှိ တမ္ပဒီပ နယ်မြေအားလုံးကို ပိုင်ဆိုင်ခဲ့လေသည် ။ ထိုအခါ မြို့သစ် တည်ထောင်ရန်အတွက် ညီတော်သားတော် မှူးမတ်များကို ခေါ်ယူ၍ မြို့တော်အမည်ကို " ရတနာ သိင်္ဃ " အဖြင့် သမုတ်လိုကြောင်း ပြောကြားလေသည် ။
ထို့နောက် သုခမိန်တို့ကမူ " သိင်္ဃ " ဟူသော မဂဓ ဘာသာစကားသည် " လျင်မြန်သော " အနက်ကို ဟောသည်ဖြစ်သောကြောင့် မင်းစည်းစိမ်သည် အရှည်မရှိဟုဆိုကာ " ကုန်းဘောင် " ဟုသမုတ်လိုကြောင်း လျောက်ထားကြလေရာ " ကုန်းဘောင်အမည် တွင်ခဲ့ရခြင်းဖြစ်လေသည် ။

" ကုန်းဘောင် " ၏ အဓိပ္ပါယ်မှာ မြန်မာဘုရင်တို့ အဆက်အနွယ်များဖြစ်သည့် ဘိုးဘေးဗီဘင်တို့ကား အလောင်းတော် မဟာသမ္မတမင်းမှစ၍ အာဒိစ္စဝံသ ခတ္တယနွယ်လာ သာကီဝင်မင်းတို့၏ အဆက်အနွယ် ဖြစ်လေသည် ။ ထိုမင်းဆက်ကို ဟံသာဝတိမင်းတို့ ဖျက်ပြန်သောကြောင့် သကျနန်းရိုး - သတိုးအနွယ်တော်ပျက်လေသည် ။ ယင်းသည်တွင် ဟံသာဝတီမွန်မင်းတို့ကား သကျနန်းရိုး သတိုးနွယ်တော်ကို ဆက်ပြန်သည်ဖြစ်၍ ဘဝရှင်မင်းတရားကား " ကုန်းဘောင် " နှင့် တူလေသည် ။ နောင်အခါ၌ အမျိုးအနွယ်ဆက်တို့သည် ကုန်းဘောင်မင်းဆက်များအဖြင့် ထင်ရှာလာခဲ့ခြင်း ဖြစ်၏ ။
အလောင်းတော်မင်းတရားကြီးတည်ထောင်ခဲ့သော ပြည်ရွှေဘိုမှာ ၅ မည်ရခဲ့ရာ ကုန်းဘောင်နေပြည်တော် ။ ရန်ကြီးအောင် ။ ရတနာသိင်္ခ ။ မုဆိုးဘို ။ ရွှေဘို ဟူ၍ ဖြစ်သည် ။

ရတနာသိင်္ခ ဟူသော ဝေါဟာရမှာ အခြားအမည်များထက် အဓိပ္ပါယ်ကောက်ယူရန် ခက်ခဲခဲ့လေရာ မှတ်တမ်းများမှ ဆရာတော် အရှင်ဝါယမ ၏ ရှင်းလင်းးပြသမှုကို တင်ပြရပေမည်။ ဆရာတော်ဘုရားကမူ " သိင်္ဃ ဆိုရာမှာ ကောဇာသက္ကရာဇ် ၁၁၁၃ ခုနှစ် အင်းဝပျက်၍ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက မြန်မာပြည် အရပ်ရပ် ပြန်လည်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ဟံသာဝတီ တောင်ငူ အင်းဝ ရှမ်း ယွန်း အရပ်များမှာ ရွှေ ငွေ ပတ္တမြား စသော ရတနာအပေါင်းတို့သည် ရွှေဘိုမြို့သို့ စုလာသည်လည်းတစ်ချက် ။ စာပေပိဋကတ် ဓါတ်တော်မွေတော်တည်းဟူသော ရတနာ အစစ်အပေါင်းတို့ စုလာသည်လည်းတစ်ချက် ။ အရပ်ရပ်မှ ရှင်ရဟန်း ပညာရှိများမုဆိုးဘိုအရပ်သို့ စုရောက်လာသည်ကတစ်ချက် ။ ဤသုံးချက်သော ရတနာအပေါင်းတို့ စုစည်းလာသည်ကိုရည်၍ ရတနာသိင်္ဃမြို့ဟု ခေါ်ခြင်းဖြစ်သည် ။
ကပ္ပိလဝတ် နေပြည်တော်ကြီးကို ဗာရာဏသီပြည် ။ ဥက္ကာမုခမင်း၏ သားတော်လေးယောက် သမီးတော်ငါးယောက်တို့ စုစည်းပြီး ဗိုလ်ပါအလုံးအရင်းနှင့် ပြုစု ထူထောင်ထားကြသည် ။ မင်းသားလေးယောက် အချိန်တန်အရွယ်ရောက်သောအခါ အမျိုးပျက်မည်စိုးသဖြင့် ဘုရင့်သွေးမရောရလေအောင် မောင်နှမအချင်းချင်း အိမ်ထောင်ပြုခဲ့ကြလေ၏ ။ခမည်းတော်ဥက္ကာမင်းကြီးကြားသိတော် အလွန်ဝမ်းမြောက်သဖြင့် ချီးကျူးစကားကို မိန့်ဆိုခဲ့လေသည် ။ ဤသည်ကိုရည်၍ ရှင်အဂ္ဂသမာဓိ စပ်ဆိုရာတွင် -
" သကျဝတ ကုမာရဟု
သြဇာသာကြည် နှုတ်ခွန်းရည်ကြောင့်
ပင်စည်ညွှန့်ညှောက် မင်းရိုးပေါက်သည် " ဟုဆိုခဲ့လေရာ ထို " သကျဝတ " စကားကိုစွဲ၍ " သာကီဝင် " မင်းမျိုးဟု တွင်လျက် ကုန်းဘောင်ဆက် မြန်မာမင်းများလည်း အပါအဝင်ဖြစ်လေ၏ ။

ခရစ်သက္ကရာဇ် ၃ ရာစုလောက်က ပျူလူမျိုးတို့သည် ဟန်လင်းကြီးမြို့ကို စတင် ထူထောင်နေထိုင်ကြသည်။ ထိုပျူတို့သည် စီးပွားရေးနှင့် ယဉ်ကျေးမှုတို့၌ အထက်အတန်းကျသည်ဟု ဆိုရပေမည် ။ ရွှေ ငွေ ကျောက်မြတ် ရတနာတို့ ဝတ်ဆင်၏ ။ ငွေဒင်္ဂါး သုံးးစွဲ၏ ။ အလှူအတန်းများ သိုက်မြိုက်စွာ ပြုလုပ်လေ့ရှိသည် ။ မြို့တွင် လူထုသုံးစွဲရန် တိုင်ပေါင်း ၈၀ ကျော်ပါဝင်သော အလှူတင်ကုတ် သို့မဟုတ် မြို့တော် ခန်းမဆောင် ဆောက်လုပ်ခဲ့ပုံကို နောက်ဆုံးတူးဖေါ်ချက်များက သက်သေခံနေလေ၏ ။

ခရစ်သက္ကရာဇ် ၉ ရာစုတွင် ရှေးဦးမြန်မာလူမျိုးစုတို့ ဝင်လာကြရာမှ ပျူတို့၏ သြဇာ ပျက်ပြားခဲ့ရသည် ။ မြန်မာပြည် အလယ်ပိုင်းတွင် ထင်ရှားသော လွင်ပြင်သုံးခုရှိရာ တမ္ပဒီပတိုင်းရှိ မင်းဘူးလွင်ပြင် ။ သုနာပရန္တ တိုင်းရှိ ကျောက်ဆည်လွင်ပြင်နှင့် ရွှေဘိုခေါ် မူးမြစ်ဝှမ်း လွင်ပြင်တို့ဖြစ်သည် ။ အရိမဒ္ဒန ပုဂံမှ မြန်မာများ တိုးချဲ့ဝင်ရောက်လာခြင်းဖြစ်သည် သို့သော် ရွှေဘိုလွင်ပြင်ရှိ မူလ လူမျိုးစုဖြစ်သော ပျူနှင့် သောက်ကတူး ( သစ်ကန်တူ ) တို့နှင့်အတူ ရောနှောနေထိုင်ကြလေသည် ။ ပုဂံကျောက်စာအရ ရွှေဘိုတစ်ဝိုက် မူးမြစ်တစ်လျောက်ကို လတုယ်တိုက် ။ မုဆိုးခြုမ်တိုက် ။ မုဆိုးဖိုဝ်တိုက် ။ ပင်စည်တိုက် ။ ညံသာတိုက် စသည်ဖြင့် ခေါ်ဝေါ်လေသည် ။
သောက်ကတူးမြို့၏ မြို့တော်တကောင်းကို သင်းတွဲပြည်ဟုလည်းခေါ်၏ ။ အနော်ရထာမင်းက ထိုပြည်နယ်ကို စတင်သိမ်းပိုက်ခဲ့ရာ နန်းတောင်းများ ( ဝါ ) နားတောင်းများမင်းလက်ထက်မှ ငြိမ်ဝပ်ပိပြားရှိသည် ။

ပုဂံခေတ်မှစ၍ ရွှေဘိုနယ်မှာ မြန်မာပြည်၏ ရှေ့တန်း စစ်မြေပြင် မကြာခဏဖြစ်ခဲ့သည် ။ မြေဒူး ။ ခက်သင်နှင့် တယောက်တင်အရပ်တို့မှာ ထင်ရှားသော မြန်မာခံတပ်မြို့များ ဖြစ်၏ ။ မွန်ဂိုဘုရင် ကူဘလာခန်၏ တပ်များ ဝင်ရောက်ချိန်က မြေဒူးနှင့် တကောင်းမြို့များ ရန်သူ့လက်သို့ ခဏကျဆုံးခဲ့ရသည် ။ တရုတ်များက ထိုအချိန်က ပီကင်းမြို့တော်ပါ ကျဆုံးကာ ကူဘလာခန် မင်းဆက်များ လက်အောက်၌ နှစ် ၂၀၀ မျှ နေခဲ့ကြရသည် ။

ပုဂံခေတ်ကုန်ဆုံးပြီးနောက် မြန်မာပြည်တွင်း၌ ရှမ်း ရခိုင် မွန် မြန်မာ စသည်တို့၏ ပဒေသရာဇ် အချင်းချင်းနယ်လုပွဲများ ဆင်နွှဲကြရာ ရွှေဘိုနယ်မြေသည် စစ်တလင်းပင် ဖြစ်ရပြန်သည် ။ မြောက်ပိုင်းမှ မောရှမ်းများ ထိုးဖေါက်ချိန်တွင် မြေဒူး ငရနဲ စည်ပုတ္တရာ စည်သာ တပရင်း ဟန်လင်းကြီး စသော ခံတပ်များမှ ခုခံကြရသည် ။ ထိုမြို့များ ကျဆုံးသည်လည်းရှိ၏ ။ စစ်ပွဲများ၌ မကြာခဏ ပါဝင်တိုက်ခိုက်ရသောကြောင့် ရွှေဘိုသားတို့ စစ်ဘေး စစ်ဒဏ်ကို ကြံ့ကြံ့ခံနိုင်စွမ်း ရှိလာကြ၏ ။

ခရစ်သက္ကရာဇ် ၁၆၀၀ တွင် ပဲခူးမြို့တော် ကျဆုံးရာ ဘုရင့်နောင်၏ သားတော် ညောင်ရမ်းမင်းသည် အင်းဝ၌ ပြန်လည်နန်းထိုင်ကာ မြောက်ပိုင်းနယ်မြေများကို စည်းရုံးသိမ်းသွင်းသည် ။ တောင်ငူမှ ပါလာသော ကုလားလူမျိုး ။ ပုဏ္ဍားလူမျိုးတို့ကို မြေဒူးမြို့၌ နေရာချထားခဲ့သည် ။ အနောက်ဘက်လွန်မင်းသည် သံလျင်၌ ပေါ်တူဂီ ငဇင်ကာ တို့ကို နှိမ်နင်းပြီးနောက် ဥရောပလူမျိုး နီဂရိုးလူမျိုး စသည်တို့ကိုလည်း ရွှေဘိုသို့ပင် ပို့လေသည် ။ ချမ်းသာ ။ မုံလှ ။ ချောင်းရိုး ။ နဂါးဗိုလ် ။ တပရင်း ။ ကျိုက်သင်း အရပ်တို့မှာ ထိုခေတ်မှစ၍ ဘရင်ဂျီ အများစုတို့ နေထိုင်ရာဖြစ်သည် ။

သာလွန်မင်းတရားကြီးလက်ထက်တွင် ဇင်းမယ်မှ ယွန်းစုများ ကောင်းဟန်စုများလည်း ရောက်ရှိလာပြန်သည် ။ နွားဘက်ရွာ သစ်ရာပင်ရွာ သဖန်းဆိပ်ရွာများ၌ နေရာရရှိကြ၏ ။ စနေမင်းလက်ထက်တွင် ရခိုင်ပြည်မှ လူ ၂၀၀ ကျော် ခိုလှုံရောက်ရှိလာကြရာ စည်သာနှင့် စည်ပုတ္တရာ၌ နေထိုင်ကြ၏ ။ ထိုသူအပေါင်းသည် အများအားဖြင့် မြန်မာ့တပ်မတော်တွင် သေနတ်ကိုင် တပ်စုများ ဖြစ်လာ၏ ။
ရွှေဘိုတစ်ဝိုက်ဟူသည် စတုရန်းမိုင် ၅၇၁၄ ခန့်ရှိရာ ရတနာသိင်္ခနယ် ။ တပရင်းနယ် ။ စည်ပုတ္တရာနယ် ။ မြေဒူးနယ်နှင့် ပဉ္စာလ ၅ မြို့ နယ်မြေများ ပါဝင်၏ ။ မြင်းစစ်သည်များ ပေါ်ထွက်ရာ နယ်မြေများဖြစ်သည် ။ မူးမြစ်ဝှမ်းလွင်ပြင်ဖြစ်၍ စားရေးရိက္ခာလုံလောက်၏ ။ တောင်တန်းငယ်များ၌ သစ်တော ဝါးတောတို့နှင့် သယံဇာတပစ္စည်း ကြွယ်ဝ၏ ။

ရွှေဘိုသားတို့သည် ထိုသို့ ရေမြေသဘာဝ အခြေအနေကောင်းခြင်းကြောင့် လုံ့လ ဝီရိယ ကောင်းလျက် ရွပ်ရွပ်ချွံချွံ ရှိကြ၏ ။ ဟံသာဝရီရောက် မင်းလက်ထက်တွင် မွန်တို့ မြန်မာနယ်ကို လွှမ်းမိုးလာသည်ကို ရွှေဘိုမှ ဦးအောင်ဇေယျက အပြီးအပိုင် တွန်းလှန်ပစ်ခဲ့လေကြောင်း လေ့လာတွေ့ရှိသော သမိုင်းမှတ်တမ်းများကို ရေးသားတင်ပြလိုက်ရပါလေတော့၏ ။

ဗဟုသုတ တိုးပွားနိုင်ကြပါစေခင်ဗျာ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...