Skip to main content

ကမ္ဘာ့နိဗ္ဗာန် အမျိုးမျိုး နှင့် နိဗ္ဗာန်အစစ် 

( ကမ္ဘာ့နိဗ္ဗာန် အမျိုးမျိုး နှင့် နိဗ္ဗာန်အစစ် )

ကမ္ဘာ့နိဗ္ဗာန်အမျိုးမျိုး
-----
နိရောဓသစ္စာဆိုတာ ဘယ်လိုဟာလဲလို့ အမှန်အတိုင်း မသိနိုင်ကြဘူး ။ ဆင်းရဲဒုက္ခတွေအကုန်လုံး ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကို အမှန်အတိုင်း မသိနိုင်ကြဘူး ။ အဲ့ဒီလို မသိနိုင်ကြတဲ့အတွက် ကမ္ဘာပေါ်မှာ အမျိုးမျိုးသော ဘာသာဝါဒတွေက နိဗ္ဗာန်ကို အမျိုးမျိုး ပညတ်ဖေါ်ပြထားကြပါတယ် ။ အချို့က ကမ္ဘာနဲ့ သတ္တဝါတွေကို ဗြဟ္မာကြီးက ဖန်ဆင်းတယ် ။ အဲ့ဒီ့ဗြဟ္မာကြီးထံပြန်ရောက်ရင် ဆင်းရဲတွေ အကုန်ငြိမ်းတယ်လို့ ဆိုကြတယ် ။ အချို့ကလဲ နာမ်မရှိတဲ့ ဘုံရောက်ရင် ဒုက္ခငြိမ်းတယ်လို့ ယူဆတယ် ။ အချို့ကလဲ ကောင်းကင်ဘုံက ဘုရားထံရောက်သွားရင် ဒုက္ခငြိမ်းတယ်လို့ ယူဆတယ် ။ တချို့ကလဲ သတ္တဝါတွေဟာ ဘုရားသခင်ရဲ့ အတ္တ ကြီး၏ အစိတ်အပိုင်းကလေးတွေဖြစ်တဲ့အတွက် ဘုရားသခင်၏ အတ္တကြီးထဲ ပြန်ပြီး ပူးပေါင်းဝင်သွာရင် ဒုက္ခငြိမ်းတယ်လို့ ထင်ကြတယ် ။ တချို့ကလဲ အချိန်ကာလစေ့တဲ့အခါကြတော့ သူ့အလိုလိုပဲ ဒုက္ခငြိမ်းတယ်လို့ ယူဆတယ် ။ တချို့ကလဲ မျက်မှောက်ဘဝမှာပဲ ကာမဂုဏ်ချမ်းသာကို ခံစားရတာဟာ အကောင်းဆုံးပဲ ။ သေပြီးတဲ့နောက်မှာတော့ ဘာမျှမရှိတော့ဘူးလို့ ယူဆတယ် ။ ဒီလို အမျိုးမျိုး ယုံကြည်ယူဆပြောဟောနေကြတာဟာ နိဗ္ဗာန်အစစ်ကို မသိကြသေးလို့ပါပဲ ။ ဗုဒ္ဓဘာသာဝင်တွေထဲမှာတောင် တချို့က နိဗ္ဗာန်ကို ဘုံဗိမာန်ဌာနကြီးတစ်ခုအနေနဲ့ ယုံကြည်ယူဆကြတာရှိသေးတယ် ။ ဒါလဲ အမှန်အတိုင်း မသိသေးလို့ပါပဲ ။ နိဗ္ဗာန်နဲ့ စပ်ပြီး တစ်ဦးနဲ့ တစ်ဦး ငြင်းခုံနေကြတာလဲ ရှိတာပဲ ။ ဒါတွေအားလုံးဟာ နိဗ္ဗာန်အသိခက်တယ်ဆိုတာကို ထောက်ခံနေတဲ့ သဘောတွေပါပဲ ။

နိဗ္ဗာန်အစစ်
-----
အမှန်ကတော့ နိဗ္ဗာန်ဆိုတာဟာ အကြောင်းအကျိုး ဆက်စပ်ပြီး မပြတ်ဖြစ်နေတဲ့ ရုပ်နာမ်အစဉ် ချုပ်ငြိမ်းပျက်စဲသွားတဲ့ သဘောပါပဲ ။ ဘယ်လိုလဲဆိုတော့ကာ ယခုဟောနေတဲ့ ပဋိစ္စသမုပ္ပါပ်ဒေသနာတော်အရ အဝိဇ္ဇာ သင်္ခါရ အစရှိသော အကြောင်းတရားးတွေ ရှိနေလို့ ဝိညာဏ် နာမ်ရုပ် အစရှိသော အကျိုးတရားတွေ မပြတ်ဖြစ်နေရတယ် ။ ဒီအစဉ်ထဲမှာ အိုခြင်း သေခြင်း စိုးရိမ်ပူဆွေးခြင်း အစရှိသော အင်မတန် ကြောက်စရာကောင်းတဲ့ ဒုက္ခတွေလဲ ဖြစ်ပေါ်နေတယ် ။ အဝိဇ္ဇာ သင်္ခါရ အစရှိသော အကြောင်းတရားတွေဟာ အရိယာမဂ်ကြောင့် မဖြစ်နိုင်တော့ပဲ ငြိမ်းသွားရင် ဝိညာဏ် နာမ်ရုပ်အစရှိသော အကျိုးတရားတွေဟာလဲ အကုန်လုံးမဖြစ်နိုင်တော့ပဲ ငြိမ်းသွားကြပါတယ် ။ အဲ့ဒီတော့ အိုခြင်း နာခြင်း သေခြင်း စိုးရိမ်ပူဆွေးခြင်း အစရှိတဲ့ ဆင်းရဲတွေဟူသမျှလဲ အကုန်လုံး အပြီးတိုင် ငြိမ်းသွားတယ် ။ အဲ့ဒါဟာ နိဗ္ဗာန်ပါပဲ ။ အဲ့ဒါကို မြတ်စွာဘုရားက " အဝိဇ္ဇာနိရောဓာသင်္ခါရနိရောဓော " စသည်ဖြင့် ဟောထားပါတယ်။

ဥပမာအားဖြင့် ဆီမီးခွက်တစ်ခု ထွန်းထားတယ်ဆိုပါတော့ အဲ့ဒီဆီမီးခွက်မှာ ဆီကလဲ ထပ်ကာ ထပ်ကာ ထည့်ပေးနေလို့ ရှိနေမယ်ဆိုလို့ရှိရင် အဲ့ဒီ့မီးတောက်ဟာ တောက်မြဲ တောက်နေမှာပဲ ။ ဆီအသစ်ထည့်မပေးဘူးဆိုရင်တော့ ဆီကုန်တဲ့အခါမှာ အဲ့ဒီ့မီးဟာ နောက်ထပ် အသစ် မတောက်နိုင်တော့ဘူး ။ တစ်ခါထဲ အပြီးတိုင် ငြိမ်းသွားတယ် ။ အဲ့ဒီလိုပဲ အရိယမဂ် ၄ ပါးနဲ့ နိဗ္ဗာန်မြင်တဲ့ ပုဂ္ဂိုလ်မှာ အဝိဇ္ဇာ အစရှိသော ကိလေသာ ကံအကြောင်းတရားတွေဟာ မဖြစ်နိုင်တော့ပဲ အကုန်ငြိမ်းသွားတယ် ။ အဲ့ဒီလိုအကြောင်းတရားတွေငြိမ်းသွားတော့ ဆီမရှိတော့ မီးတောက်မပေါ်နိုင်တာလို ဘဝသစ် ပဋိသန္ဓေ ဝိညာဏ် အစရှိသော အကျိုးတရာတွေလဲ မဖြစ်ပေါ်လာနိုင်တော့ပဲ တစ်ခါထဲ အပြီးတိုင် ငြိမ်းသွားကြတယ် ။ အဲ့ဒါဟာ ရုပ်နာမ် သင်္ခါရ ဆင်းရဲတွေဟူသမျှ အကုန်ငြိမ်းတဲ့ နိဗ္ဗာန်အစစ်ပဲ ။ အဲ့ဒီ့နိဗ္ဗာန်ကို မျက်မှောက်ကိုယ်တိုင် မတွေ့ရသေးပေမယ့် ဆင်းရဲတွေ အကုန်ငြိမ်းသွားတဲ့အတွက် ကောင်းတယ်လို့တော့ ရှေးအဖို့ကတည်းက သဘောကျ သိနားလည်ထားရမှာဖြစ်ပါတယ်

 #htoohtoolay

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...