Skip to main content

ကရူးဆိတ္စစ္ပြဲမ်ား !

ကရူးဆိတ္စစ္ပြဲမ်ား
-----
ဗုဒၶအယူဝါဒတို႕သည္ ျမတ္စြာဘုရားပြင့္ထြန္းရာ ဗုဒၶဂါယာကို အထြတ္အျမတ္ထား၍ ဘုရားဖူးသြားလာသကဲ႕သို႕ ခရစ္ယာန္တို႕သည္လဲ သခင္ေယရႈ ဖြားျမင္ရာေဒသျဖစ္ေသာ ဂ်ရႈးဆလင္ျမိဳ႕ကို အထြတ္အျမတ္ထားလ်က္ ဘုရားဖူး သြားျကေလ၏ ။ အလယ္ေခတ္အတြင္း ဥေရာပ တိုက္သားတို႕ ဂ်ရူးဆလင္ျမိဳ႕သို႕ ဘုရားဖူးသြားျကစဥ္က ဂ်ရႈးစလင္ျမိဳ႕ တည္ရာ ပါလန္စတိုင္းျပည္ကို အုပ္စိုးလ်က္ရွိေသာ အာရပ္မြတ္စလင္တို႕သည္ ခရစ္ယာန္ဘုရားဖူးမ်ားကို အေႏွာက္အယွက္မျပဳခဲ႕ေခ် ။ သို႕ေသာ္ ၁၁ ရာစုႏွစ္တြင္ ဂ်ရႈးစလင္ျမိဳ႕သည္ ထိုေခတ္က ဆာရဆင္ေခၚသည့္ ဆဲလဂြ်တ္တရက္တို႕၏ လက္ေအာက္သို႕ က်ေရာက္သြားသျဖင့္ ခရစ္ယာန္ဘုရားဖူးမ်ားမွာ အာရပ္မြတ္စလင္တို႕ လက္ထက္ကကဲ႕သို႕ မဟုတ္မူပဲ ညွဥ္းပန္းႏွိပ့္စက္ျခင္းကို ခံျကရေလေတာ့သတည္း ။

ထိုစာပိုဒ္ကို ကြ်န္ေတာ္ အေတာ္စိတ္ဝင္စားသြားခဲ႕ပါတယ္ ။ ဒါေျကာင့္ ဒီသမိုင္းကို လက္လွန္းမွီသေလာက္ ထပ္မံဖတ္ရႈေလ့လာရင္း သူ၏ မူရင္းအဆိုမ်ားကို အက်ဥ္းခ်ဳပ္ကာ ျပန္လည္ ေရးသားတင္ျပလိုက္ရပါတယ္ ။

ဒီလိုနဲ႕ ခရစ္ယာန္တို႕ဟာ မခံမရပ္နိုင္ေအာင္ျဖစ္ျပီး ငါတို႕ အထြတ္အျမတ္ထားရာျဖစ္တဲ႕ ေသဥ္ျမကို ဆာရဆင္တို႕ လက္ကေန ျပန္လည္သိမ္းပိုက္ျကမယ္ဆိုျပီး ျကိဳးစားျကပါေတာ့တယ္ ။ အဲ႕ဒီလိုနဲ႕ ၁၁ ရာစုကေန ၁၃ ရာစုႏွစ္တိုင္ေအာင္ ကရႈးဆိတ္စစ္ပြဲျကီး ရွစ္ျကိမ္မွ်ျုဖစ္ပြားခဲ႕ပါတယ္ ။

ပထမ ခရႈးဆိတ္စစ္ပြဲက ၁၀၆၉ ခုႏွစ္ကေန ၉၉ ခုႏွစ္အတြင္း ျဖစ္ပြားခဲ႕ျပီး ဂ်ရႈးဆလမ္းမွာ ခရစ္ယာန္တို႕ကို ဆာရဆင္တို႕က ညဥ္းပန္းႏွိပ့္စက္တာ ဒီအတိုင္း ျကည့္ေနမယ္ဆိုရင္ ကဲတာထက္ ကဲလာျပီး ခရစ္ယာန္အယူဝါဒအားလံုး ေပ်ာက္ကြယ္သြားလိမ့္မယ္လို႕ ဒီလို ျမင္လာျကပါေတာ့တယ္။ ဒါေျကာင့္ ကလားမြန္ျမိဳ႕မွာ အယူဝါဒဆိုင္ရာ အစည္းအေဝးျကီး က်င္းပျပီး ဆာရဆင္တို႕ကို တိုက္ခိုက္သိမ္းပိုက္ဖို႕ ဆံုးျဖတ္ခဲ႕ျကတယ္ ။ အဲ႕ဒီ႕အေရးမွာ ပီတာ - သ - ဟာမစ္ က အယူဝါဒေဆာ္ကားသူ ဆာရဆင္တို႕ကို တိုက္ခိုက္ေခ်မႈန္းဖို႕ ဥေရာပတစ္ခြင္ကို လွည့္လွည္ျပီး လႈပ္ေဆာ္ခဲ႕တယ္ ။ ဥေရာပက လူေတြက ပါလက္ဆတိုင္းကို ခ်ီတက္လာျကျပီး ဂ်ရႈးဆလင္ျမိဳ႕ကို သိမ္းပိုက္ဖို႕ တပ္ျကီး ႏွစ္တပ္ ဖြဲ႕စည္းလိုက္ပါတယ္။ တစ္တပ္ကို ပီတာ - သ - ဟာမစ္ က ေခါင္းေဆာင္ျပီး က်န္တစ္တပ္ကို ေဝၚလတာ - သ - ပဲနီလက္ က ေခါင္းေဆာင္တယ္ ။

ပီတာေခါင္းေဆာင္တဲ႕ တပ္ဟာ ကတိုက္ကရိုက္ တပ္ဖြဲ႕လိုက္ရတာေျကာင့္ အစီအစဥ္လဲ မက် / လက္နက္လဲ မျပည့္စံုခဲ႕ဘူး ။ ဒါ့အျပင္ အေရွ႕နိုင္ငံမ်ားကို ခ်ီတက္ရာမွာ ခရီးလမ္းက အင္မတန္ ပင္ပန္းလွတာေျကာင့္ လမ္းမွာပဲ တပ္သားေတြဟာ ေသေက်ပ်က္ဆီးကာ အေရးမလွပဲ ျဖစ္သြားပါေတာ့တယ္ ။ ဒါေပမယ့္ ေဝၚလတာ ေခါင္းေဆာင္တဲ႕ တပ္မွာေတာ့ ကြန္စတန္တီနိုျမိဳ႕အထိ ခ်ိီတက္နိုင္ခဲ႕တယ္ ။ အဲ႕ဒီ႔တပ္ ႏွစ္တပ္ထြက္သြားျပီးမွ မင္းညီမင္းသားနဲ႕ သူရဲေကာင္းေတြ အေျမာက္အမ်ားပါျပီး စနစ္တက်က်င့္သားရတဲ႕တပ္ေတြဟာ ပါလက္စတိုင္းဘက္ကို ဆက္လက္ခ်ီတက္လာပါတယ္ ။ အဲ႕ဒီလို ခ်ီတက္တိုက္ခိုက္ရာ လမ္းတစ္ေလွ်ာက္ ခရစ္ယာန္တို႕ဖက္က အက်အဆံုး မ်ားသေလာက္ ဆာရဆင္တို႕ဘက္ကလဲ အပ်က္အဆီး အင္မတန္ အထိနာလာေတာ့တယ္ ။ ျမိဳ႕ျကီးမ်ားကို သိမ္းပိုက္နိုင္ခဲ႕ျပီး ၁၀၉၉ ခုႏွစ္မွာ ရည္ရြယ္ခ်က္ ပန္းတိုက္ျဖစ္တဲ႕ ေဂ်ရူးဆလင္ျမိဳ႔ကို ေသြးေခ်ာင္းစီးသမွ် တိုက္ခိုက္သိမ္းပိုက္ျကပါေတာ႔တယ္ ။ အဲ႕ဒီ႕အခါ ခရႈးဆိတ္စစ္တပ္မ်ားဘက္က ေခါင္းေဆာင္တစ္ဦးျဖစ္တဲ႕ ဗူးယြန္ျမိဳ႕သား ေဂါ့ဖရီးအားဂ်ရူးဆလမ္းကို ဘုရင္အျဖစ္တင္ေျမာက္ျပီး ေသဥ္ေျမကို ကာကြယ္ေစာင့္ေရွာက္ဖို႕ ထားခဲ့တယ္။

ထိုစဥ္က ကရူးဆိတ္စစ္တပ္မ်ားမွာ ပါဝင္တဲ႔ သူေတြဟာ ဂုဏ္ထူး ဘြဲ႕ထူး ေက်ာ္ေဇာျခင္းေတြကိုသာမက လယ္ယာမိုးေျမ ေရႊေငြ အေျမာက္အမ်ား ရရွိျကပါတယ္ ။ ဒါေျကာင့္ ေနာက္ေခတ္မ်ားမွာ ကရူးဆိတ္စစ္တပ္ထံ ဝင္ေရာက္လာသူေတြ အင္မတန္ မ်ားျပားခဲ႕ေတာ့တယ္ ။ သို႕ေသာ္ သူတို႕ေတြဟာ အယူဝါဒအတြက္ တိုက္ခိုက္ျခင္းမ်ိဳး မဟုတ္ေတာ့ပဲ မိမိတို႕ ေက်ာ္ေဇာဖို႕ ခ်ီတက္တဲ႔အခါ လမ္းခရီးတစ္ေလ်ာက္မွာရွိတဲ႕ ျပည္နယ္မ်ားကို လုယက္တိုက္ခိုက္ဖို႕ အတြက္သာ လိုလားေနခဲ႕ျကတယ္ ။

၁၁၄၇ ခုႏွစ္ ၄၈ ခုႏွစ္မွာ ဒုတိယအျကိမ္ ကရုးဆိတ္စစ္ပြဲျကီး ျဖစ္လာျပန္တယ္ ။ အဲ႕ဒီ႕စစ္မွာ ျပင္သစ္တုန္းက စိန္ဗါးနဒ္က ေဆာ္ျသျပီး ဂ်ားမနီ နိုင္ငံမွ တတိယကြန္းရဒ္ဘုရင္နဲ႕ ျပင္သစ္နိုင္ငံ သတၱမလူဝီပါဝင္တဲ႕ ကရူးဆိတ္ တပ္ျကီးဟာ ပါလက္စတိုင္းဘက္ကို ခ်ီတက္ခဲ႕ပါတယ္။ ဒါေပမယ့္လဲ စီမံခန္႕ခြဲမႈ ညံ႕ဖ်င္းတာေျကာင့္ ပါလက္စတိုင္းကို မေရာက္ခင္မွာပဲ အေရးမလွပဲ ေနာက္ျပန္ဆုတ္လာခဲ႕ရပါေတာ့တယ္ ။

အဲ႕ဒီ႕ေနာက္ အႏွစ္ေလးဆယ္ခန္႕မွာ ထင္ရွားလွတဲ႕ မြတ္ဆလင္ေခါင္းေဆာင္ ဆဲလဒင္းဘုရင္က ဂ်ရူးဆလမ္းျမိဳ႕ကို တိုက္ခိုက္သိမ္းပိုက္တာေျကာင့္ တတိယ ခရူးဆိတ္စစ္ပြဲျကီးကို ၁၁၈၉ မွ ၁၁၉၁ အထိ ျကာျမင့္စြာ ျဖစ္ပြားခဲ႕တယ္ ။ ( ဆဲလဒင္း - ရႈ )

ထိုစဥ္က ေခါင္းေဆာင္သူမွာ ဖရက္ဒရစ္ဗါဗေရာဆာဧကရာဇ္ဘုရင္ ဖိလစ္နဲ႕ အဂၤလန္ျပည္ဘုရင္ ပထမ ရစ္ခ်က္တို႕ျဖစ္တယ္။ ဖရက္ဒရစ္ဗါဗ ေရာ့ဆာမွာ အာရွမိုင္းနားကို ေရာက္ျပီး ျမိဳ႔တစ္ျမိဳ႕ သိမ္းျပီးမွ ျမစ္တစ္ျမစ္ကို ျဖတ္ကူးစဥ္မွာ ေရနစ္ေသဆံုးသြားပါတယ္ ။ ဒါေျကာင့္ ရစ္ခ်က္နဲ႕ ဖိလစ္ ႏွစ္ဦးသာ ေခါင္းေဆာင္ျပီး ဂ်ရူးဆလင္ျမိဳ႕ကို ခ်ီတက္ခဲ႕ျကတယ္ ။ သို႕ေသာ္ ဧကျမိဳ႕ကိုသိမ္းျပီးေနာက္ ေခါင္းေဆာင္ႏွစ္ဦး သေဘာထား ကြဲလႊဲလာတာေျကာင့္ ဖိလစ္က တပ္ေခါက္ျပီး ျပန္ခဲ႕ပါေတာ့တယ္။ ရစ္ခ်က္တစ္ဦးတည္း ပါလက္စတိုင္းမွာ က်န္ခဲ႕ျပီး ဆက္လက္တိုက္ခိုက္ေသာ္လဲ ေျမွာ္လင့္ခ်က္ မရွိေတာ့တာေျကာင့္ ဆဲလဒင္းနဲ႕ စစ္ေျပျငိမ္းေရး စာခ်ဳပ္ ခ်ဳပ္ခဲ႕ရေတာ့တယ္ ။ အဲ႕ဒီ႕စာခ်ဳပ္နဲ႕ ခရစ္ယာန္ ဘုရားဖူးမ်ားကို မြတ္ဆလင္တို႕က မေႏွာက္ယွက္ဖို႕ဆဲလဒင္းထံက ကတိရခဲ႕ေလတယ္ ။

စတုတၳေျမာက္ ကရူးဆိတ္စစ္ပြဲမွာေတာ့ ဖလန္းဒါးနယ္စား ေကာင့ေဗၚလဒြင္ ေခါင္းေဆာင္ျပီး ပါလက္စတိုင္းဘက္ကို ခ်ီတက္ခဲ႕ပါတယ္။ သို႕ေပမယ့္လဲ ဗင္းနစ္ျမိဳ႕အေရာက္မွာ ကြန္စတန္တီ နိုပယ္ျမိဳ႕ကေန စစ္ကူေခၚတာေျကာင့္ အဲ႕ဒီ႕ျမိဳ႕ကို သြားေရာက္ျပီး ကူညီခဲ႕ရတယ္ ။ ဒါေျကာင့္ ပါလက္စတိုင္းကို မေရာက္ပဲ ကြန္စတန္တီနိုျမိဳ႕ကို ကရူးဆိတ္တပ္မ်ားက တိုက္ခိုက္ လုယက္ျကတယ္ ။ ဧကရာဇ္ဘုရင္ ကြယ္လြန္တဲ႕အခါ ေဗာ္လဒြင္ဟာ ထီးနန္းကို ဆက္ခံယူလိုက္ပါေတာ့တယ္ခင္ဗ်ာ ။

ဖတ္လို႕ မျပီးေသးပါ။ ဒါေျကာင့္ ဆက္လက္ေလ့လာရင္း ဆက္လက္ ေရသားျဖစ္ပါအုန္းမယ္ !

#htoohtoolay
myothetzaw23.blogspot.com





ကရူးဆိတ်စစ်ပွဲ

ကရူးဆိတ်စစ်ပွဲများ
-----
ဗုဒ္ဓအယူဝါဒတို့သည် မြတ်စွာဘုရားပွင့်ထွန်းရာ ဗုဒ္ဓဂါယာကို အထွတ်အမြတ်ထား၍ ဘုရားဖူးသွားလာသကဲ့သို့ ခရစ်ယာန်တို့သည်လဲ သခင်ယေရှု ဖွားမြင်ရာဒေသဖြစ်သော ဂျရှုးဆလင်မြို့ကို အထွတ်အမြတ်ထားလျက် ဘုရားဖူး သွားကြလေ၏ ။ အလယ်ခေတ်အတွင်း ဥရောပ တိုက်သားတို့ ဂျရူးဆလင်မြို့သို့ ဘုရားဖူးသွားကြစဉ်က ဂျရှုးစလင်မြို့ တည်ရာ ပါလန်စတိုင်းပြည်ကို အုပ်စိုးလျက်ရှိသော အာရပ်မွတ်စလင်တို့သည် ခရစ်ယာန်ဘုရားဖူးများကို အနှောက်အယှက်မပြုခဲ့ချေ ။ သို့သော် ၁၁ ရာစုနှစ်တွင် ဂျရှုးစလင်မြို့သည် ထိုခေတ်က ဆာရဆင်ခေါ်သည့် ဆဲလဂျွတ်တရက်တို့၏ လက်အောက်သို့ ကျရောက်သွားသဖြင့် ခရစ်ယာန်ဘုရားဖူးများမှာ အာရပ်မွတ်စလင်တို့ လက်ထက်ကကဲ့သို့ မဟုတ်မူပဲ ညှဉ်းပန်းနှိပ့်စက်ခြင်းကို ခံကြရလေတော့သတည်း ။

ထိုစာပိုဒ်ကို ကျွန်တော် အတော်စိတ်ဝင်စားသွားခဲ့ပါတယ် ။ ဒါကြောင့် ဒီသမိုင်းကို လက်လှန်းမှီသလောက် ထပ်မံဖတ်ရှုလေ့လာရင်း သူ၏ မူရင်းအဆိုများကို အကျဉ်းချုပ်ကာ ပြန်လည် ရေးသားတင်ပြလိုက်ရပါတယ် ။

ဒီလိုနဲ့ ခရစ်ယာန်တို့ဟာ မခံမရပ်နိုင်အောင်ဖြစ်ပြီး ငါတို့ အထွတ်အမြတ်ထားရာဖြစ်တဲ့ သေဉ်မြကို ဆာရဆင်တို့ လက်ကနေ ပြန်လည်သိမ်းပိုက်ကြမယ်ဆိုပြီး ကြိုးစားကြပါတော့တယ် ။ အဲ့ဒီလိုနဲ့ ၁၁ ရာစုကနေ ၁၃ ရာစုနှစ်တိုင်အောင် ကရှုးဆိတ်စစ်ပွဲကြီး ရှစ်ကြိမ်မျှြုဖစ်ပွားခဲ့ပါတယ် ။

ပထမ ခရှုးဆိတ်စစ်ပွဲက ၁၀၆၉ ခုနှစ်ကနေ ၉၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ပြီး ဂျရှုးဆလမ်းမှာ ခရစ်ယာန်တို့ကို ဆာရဆင်တို့က ညဉ်းပန်းနှိပ့်စက်တာ ဒီအတိုင်း ကြည့်နေမယ်ဆိုရင် ကဲတာထက် ကဲလာပြီး ခရစ်ယာန်အယူဝါဒအားလုံး ပျောက်ကွယ်သွားလိမ့်မယ်လို့ ဒီလို မြင်လာကြပါတော့တယ်။ ဒါကြောင့် ကလားမွန်မြို့မှာ အယူဝါဒဆိုင်ရာ အစည်းအဝေးကြီး ကျင်းပပြီး ဆာရဆင်တို့ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ် ။ အဲ့ဒီ့အရေးမှာ ပီတာ - သ - ဟာမစ် က အယူဝါဒဆော်ကားသူ ဆာရဆင်တို့ကို တိုက်ခိုက်ချေမှုန်းဖို့ ဥရောပတစ်ခွင်ကို လှည့်လှည်ပြီး လှုပ်ဆော်ခဲ့တယ် ။ ဥရောပက လူတွေက ပါလက်ဆတိုင်းကို ချီတက်လာကြပြီး ဂျရှုးဆလင်မြို့ကို သိမ်းပိုက်ဖို့ တပ်ကြီး နှစ်တပ် ဖွဲ့စည်းလိုက်ပါတယ်။ တစ်တပ်ကို ပီတာ - သ - ဟာမစ် က ခေါင်းဆောင်ပြီး ကျန်တစ်တပ်ကို ဝေါ်လတာ - သ - ပဲနီလက် က ခေါင်းဆောင်တယ် ။

ပီတာခေါင်းဆောင်တဲ့ တပ်ဟာ ကတိုက်ကရိုက် တပ်ဖွဲ့လိုက်ရတာကြောင့် အစီအစဉ်လဲ မကျ / လက်နက်လဲ မပြည့်စုံခဲ့ဘူး ။ ဒါ့အပြင် အရှေ့နိုင်ငံများကို ချီတက်ရာမှာ ခရီးလမ်းက အင်မတန် ပင်ပန်းလှတာကြောင့် လမ်းမှာပဲ တပ်သားတွေဟာ သေကျေပျက်ဆီးကာ အရေးမလှပဲ ဖြစ်သွားပါတော့တယ် ။ ဒါပေမယ့် ဝေါ်လတာ ခေါင်းဆောင်တဲ့ တပ်မှာတော့ ကွန်စတန်တီနိုမြို့အထိ ချိီတက်နိုင်ခဲ့တယ် ။ အဲ့ဒီ့တပ် နှစ်တပ်ထွက်သွားပြီးမှ မင်းညီမင်းသားနဲ့ သူရဲကောင်းတွေ အမြောက်အများပါပြီး စနစ်တကျကျင့်သားရတဲ့တပ်တွေဟာ ပါလက်စတိုင်းဘက်ကို ဆက်လက်ချီတက်လာပါတယ် ။ အဲ့ဒီလို ချီတက်တိုက်ခိုက်ရာ လမ်းတစ်လျှောက် ခရစ်ယာန်တို့ဖက်က အကျအဆုံး များသလောက် ဆာရဆင်တို့ဘက်ကလဲ အပျက်အဆီး အင်မတန် အထိနာလာတော့တယ် ။ မြို့ကြီးများကို သိမ်းပိုက်နိုင်ခဲ့ပြီး ၁၀၉၉ ခုနှစ်မှာ ရည်ရွယ်ချက် ပန်းတိုက်ဖြစ်တဲ့ ဂျေရူးဆလင်မြို့ကို သွေးချောင်းစီးသမျှ တိုက်ခိုက်သိမ်းပိုက်ကြပါတော့တယ် ။ အဲ့ဒီ့အခါ ခရှုးဆိတ်စစ်တပ်များဘက်က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗူးယွန်မြို့သား ဂေါ့ဖရီးအားဂျရူးဆလမ်းကို ဘုရင်အဖြစ်တင်မြောက်ပြီး သေဉ်မြေကို ကာကွယ်စောင့်ရှောက်ဖို့ ထားခဲ့တယ်။

ထိုစဉ်က ကရူးဆိတ်စစ်တပ်များမှာ ပါဝင်တဲ့ သူတွေဟာ ဂုဏ်ထူး ဘွဲ့ထူး ကျော်ဇောခြင်းတွေကိုသာမက လယ်ယာမိုးမြေ ရွှေငွေ အမြောက်အများ ရရှိကြပါတယ် ။ ဒါကြောင့် နောက်ခေတ်များမှာ ကရူးဆိတ်စစ်တပ်ထံ ဝင်ရောက်လာသူတွေ အင်မတန် များပြားခဲ့တော့တယ် ။ သို့သော် သူတို့တွေဟာ အယူဝါဒအတွက် တိုက်ခိုက်ခြင်းမျိုး မဟုတ်တော့ပဲ မိမိတို့ ကျော်ဇောဖို့ ချီတက်တဲ့အခါ လမ်းခရီးတစ်လျောက်မှာရှိတဲ့ ပြည်နယ်များကို လုယက်တိုက်ခိုက်ဖို့ အတွက်သာ လိုလားနေခဲ့ကြတယ် ။

၁၁၄၇ ခုနှစ် ၄၈ ခုနှစ်မှာ ဒုတိယအကြိမ် ကရုးဆိတ်စစ်ပွဲကြီး ဖြစ်လာပြန်တယ် ။ အဲ့ဒီ့စစ်မှာ ပြင်သစ်တုန်းက စိန်ဗါးနဒ်က ဆော်သြပြီး ဂျားမနီ နိုင်ငံမှ တတိယကွန်းရဒ်ဘုရင်နဲ့ ပြင်သစ်နိုင်ငံ သတ္တမလူဝီပါဝင်တဲ့ ကရူးဆိတ် တပ်ကြီးဟာ ပါလက်စတိုင်းဘက်ကို ချီတက်ခဲ့ပါတယ်။ ဒါပေမယ့်လဲ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် ပါလက်စတိုင်းကို မရောက်ခင်မှာပဲ အရေးမလှပဲ နောက်ပြန်ဆုတ်လာခဲ့ရပါတော့တယ် ။

အဲ့ဒီ့နောက် အနှစ်လေးဆယ်ခန့်မှာ ထင်ရှားလှတဲ့ မွတ်ဆလင်ခေါင်းဆောင် ဆဲလဒင်းဘုရင်က ဂျရူးဆလမ်းမြို့ကို တိုက်ခိုက်သိမ်းပိုက်တာကြောင့် တတိယ ခရူးဆိတ်စစ်ပွဲကြီးကို ၁၁၈၉ မှ ၁၁၉၁ အထိ ကြာမြင့်စွာ ဖြစ်ပွားခဲ့တယ် ။ ( ဆဲလဒင်း - ရှု )

ထိုစဉ်က ခေါင်းဆောင်သူမှာ ဖရက်ဒရစ်ဗါဗရောဆာဧကရာဇ်ဘုရင် ဖိလစ်နဲ့ အင်္ဂလန်ပြည်ဘုရင် ပထမ ရစ်ချက်တို့ဖြစ်တယ်။ ဖရက်ဒရစ်ဗါဗ ရော့ဆာမှာ အာရှမိုင်းနားကို ရောက်ပြီး မြို့တစ်မြို့ သိမ်းပြီးမှ မြစ်တစ်မြစ်ကို ဖြတ်ကူးစဉ်မှာ ရေနစ်သေဆုံးသွားပါတယ် ။ ဒါကြောင့် ရစ်ချက်နဲ့ ဖိလစ် နှစ်ဦးသာ ခေါင်းဆောင်ပြီး ဂျရူးဆလင်မြို့ကို ချီတက်ခဲ့ကြတယ် ။ သို့သော် ဧကမြို့ကိုသိမ်းပြီးနောက် ခေါင်းဆောင်နှစ်ဦး သဘောထား ကွဲလွှဲလာတာကြောင့် ဖိလစ်က တပ်ခေါက်ပြီး ပြန်ခဲ့ပါတော့တယ်။ ရစ်ချက်တစ်ဦးတည်း ပါလက်စတိုင်းမှာ ကျန်ခဲ့ပြီး ဆက်လက်တိုက်ခိုက်သော်လဲ မြှော်လင့်ချက် မရှိတော့တာကြောင့် ဆဲလဒင်းနဲ့ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ခဲ့ရတော့တယ် ။ အဲ့ဒီ့စာချုပ်နဲ့ ခရစ်ယာန် ဘုရားဖူးများကို မွတ်ဆလင်တို့က မနှောက်ယှက်ဖို့ဆဲလဒင်းထံက ကတိရခဲ့လေတယ် ။

စတုတ္ထမြောက် ကရူးဆိတ်စစ်ပွဲမှာတော့ ဖလန်းဒါးနယ်စား ကောင့ဗေါ်လဒွင် ခေါင်းဆောင်ပြီး ပါလက်စတိုင်းဘက်ကို ချီတက်ခဲ့ပါတယ်။ သို့ပေမယ့်လဲ ဗင်းနစ်မြို့အရောက်မှာ ကွန်စတန်တီ နိုပယ်မြို့ကနေ စစ်ကူခေါ်တာကြောင့် အဲ့ဒီ့မြို့ကို သွားရောက်ပြီး ကူညီခဲ့ရတယ် ။ ဒါကြောင့် ပါလက်စတိုင်းကို မရောက်ပဲ ကွန်စတန်တီနိုမြို့ကို ကရူးဆိတ်တပ်များက တိုက်ခိုက် လုယက်ကြတယ် ။ ဧကရာဇ်ဘုရင် ကွယ်လွန်တဲ့အခါ ဗော်လဒွင်ဟာ ထီးနန်းကို ဆက်ခံယူလိုက်ပါတော့တယ်ခင်ဗျာ ။

ဖတ်လို့ မပြီးသေးပါ။ ဒါကြောင့် ဆက်လက်လေ့လာရင်း ဆက်လက် ရေသားဖြစ်ပါအုန်းမယ် !

#htoohtoolay



Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...