Skip to main content

လူကို လူလို့ မြင်ရုံနဲ့ အတ္တစွဲမဖြစ်ပါ

လူကို လူလို့ မြင်ရုံ အသိမှတ်ပြုရုံနဲ့ အတ္တစွဲမဖြစ်ပါ
---------
ပုံသဏ္ဍာန် ပညတ်ထင်ရင် အတ္တစွဲလို့ ယူဆပြောဆိုတက်ကြတယ် ။ အမှန်ဆိုရင် သစ်ပင်ကို သစ်ပင်လို့သိတာ ကျောက်ခဲကို ကျောက်ခဲလို့ သိတာ အိမ်တို့ ကားတို့ အဲ့ဒီလိုသိတာကိုလဲ အတ္တစွဲလို့ ယူဆပြောဆိုတက်ကြတာဟာ သူတို့အထင်က ပုံသဏ္ဍာန် ပညတ်ပျောက်ပြီး ပရမတ်သဘောတရားမျှထင်မှ အနတ္တအသိအမြင်ဖြစ်တယ်လို့ မြင်တာဟာ အမှန်တော့ မှားနေတာပါ ။ တကယ်ဆို ပုံသဏ္ဍာန် ပညတ်ထင်နေရုံမျှနဲ့တော့ အတ္တစွဲ မဟုတ်ပါဘူး ။ အသက် ဝိညာဉ် ရှိတဲ့နေရာမဟုတ်တဲ့ သစ်ပင် ကျောက်ခဲ အိမ် ကျောင်း စတာတွေကို သစ်ပင်က သစ်ပင် အိမ်က အိမ် ကျောင်းကကျောင်း အစရှိသလို ပညတ်ထင်အသိအမှတ် ပြုရုံမျှနဲ့တော့ အတ္တစွဲ မဟုတ်ပါဘူးလို့ ဒီလိုဆိုပါတယ် ။ အဲ့ဒါက ပညတ်စွဲလောက်တာဖြစ်တယ် ။ အသက်ဝိညာဉ်ရှိတယ်ထင်တဲ့ လူ နတ် တိရိစ္ဆာန်စတာတွေကို အသက်ရှင်နေတဲ့ အတ္တကောင်အနေဖြင့် ထင်မြင်စွဲမှတာ အဲ့ဒါဟာ အတ္တစွဲဖြစ်ပါတယ် ။ မိမိကိုယ်ကိုလဲ အတ္တကောင်လို့ ထင်မယ် ။ တစ်ပါးသူကိုလဲ အတ္တကောင်လို့ ထင်မယ် ။ ဒါဟာ အတ္တစွဲပဲ ။ အဲ့လိုမှမဟုတ်ရင် လူလို့ အမြင်နဲ့တာသုံးခြင်းလောက်ကိုအသိအမှတ်ပြုရုံဟာ အတ္တစွဲမဟုတ်ပဲ ပညတ်စွဲလောက်တာ ဖြစ်ပါတယ်လို့ ဒီလိုဆိုတာဖြစ်ပါတယ် ။ ဒါကြောင့် မိမိကိုယ်ကိုဖြစ်စေ သူတစ်ပါးကိုဖြစ်စေ အသက်ရှင်နေတဲ့ အတ္တကောင်အနေနဲ့ မထင်ပဲ ရုပ်နာမ်သဘောတရားမျှအနေနဲ့ ထင်မြင်ပါမှ အနတ္တအသ်ညာဏ် ဖြစ်ပါတယ် ။ အဲ့ဒီ့ အသိညာဏ်မှ အစစ်ဖြစ်ပါတယ် ။

htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...