Skip to main content

တန္ေဆာင္တိုင္ပြဲေတာ္ဆိုတာ !

တန္ေဆာင္တိုင္ပြဲေတာ္ရွင္းတမ္း
-------
တန္ေဆာင္တိုင္ပြဲေန႕သည္ ကဆုန္လျပည့္ေန႕မ်ိဳးကဲ႕သို႕ သာသနာေရးဆိုင္ရာ ပြဲေန႕မ်ိဳး မဟုတ္ေခ် ။ ႀကတၱိကာနကၡႏွင့္ စန္းရွင္ေသာ လျဖစ္သျဖင့္ မီးနတ္ပူေဇာ္ပြဲအျဖင့္ က်င္းပသည့္ ေပ်ာ္ပြဲသက္သက္ျဖစ္ေလသည္ ။ သတင္းကြ်တ္ မီးထြန္းပြဲတြင္ ရာသီဥတုမသာယာသျဖင့္ လႊတ္လႊတ္လပ္လပ္ ေပ်ာ္ပြဲ မဆင္ႏႊဲရေသာ အေပ်ာ္အပါး ဝါသနာပါသူမ်ားအတြက္ တန္ေဆာင္တိုင္ပြဲ ျဖစ္ေပၚလာရသည္ဟု မွတ္ယူရေလသည္ ။ မဟာဝိနယကနတ္မင္းႀကီးသည္ ထိုလတြင္ နိုးသျဖင့္ နတ္မင္းအားပူေဇာ္သည့္ပြဲကို ဗုဒၶဘာသာမထြန္းကားမီကပင္ တန္ေဆာင္မုန္း လျပည့္ေန႕တိုင္း က်င္းပခဲ႕သည့္ အေလ့ရွိခဲ႕ေလသည္ ။ ယင္းသို႕ မီးနတ္ပူေဇာ္ပြဲႏွင့္ နတ္မင္းႀကီး ပူေဇာ္ပြဲမ်ား က်င္းပခဲ႕သည္မွစ၍ ယခုတိုင္ တန္ေဆာင္တိုင္ပြဲဟု သမုတ္ကာ မီးထြန္းပြဲမ်ား ေနရာအရပ္ရပ္တြင္ က်င္းပႀကသည္ ။ တန္ေဆာင္မုန္းလ မျပည့္မီ အဖိတ္ေန႕ ။ လျပည့္ေန႕ႏွင့္ လျပည့္ေက်ာ္ တစ္ရက္ေန႕ ၃ ရက္လံုးလံုးကို တန္ေဆာင္တိုင္ပြဲေန႕ဟု သတ္မွတ္ႀကသည္ ။ ယင္းပြဲေန႕မ်ားတြင္ ယခုအခါ မီးပံုး မီးသီးမ်ားကို အျပိဳင္အဆိုင္ထြန္းညွိ၍ ပြဲလမ္းသဘင္မ်ား ဆင္ႏႊဲႀကေလသည္ ။

တန္ေဆာင္တိုင္ပြဲေန႕သည္ ဘာသာေရးႏွင့္ မဆိုင္ေသာ္လည္း တစ္ခ်ိဳ႕က ဆက္၍ ယူႀကသည့္ အထိန္းအမွတ္လည္း ရွိေသး၏ ။ ၄င္းမွာ ဘုရားရွင္၏ မယ္ေတာ္ မိနတ္သားသည္ သားေတာ္ဘုရားေလာင္း ေတာထြက္ရဟန္းဝတ္ေတာ့မည္ကို သိေသာအခါ သကၤန္းကပ္လိုသျဖင့္ ညဥ္႕ခ်င္းျပီး သကၤန္းရက္ခ်ဳပ္သည္ကို ယူကာ အထိန္းအမွတ္အျဖင့္ တန္ေဆာင္မုန္း လျပည့္ေန႕တိုင္း မသိုးသကၤန္းရက္ပြဲက်င္းပႀကသည္ ။ ထို႕အျပင္လည္း ဝိနည္းေတာ္အရ အခ်ိန္ႏွင့္ ကပ္ရေသာ အက်ိဳးထူးသည့္ ကထိန္လ်ာညပ္သကၤန္း ဆပ္ကပ္လွဴဒါန္းနိုင္သည့္ ေနာက္ဆံုးေန႕ျဖစ္သျဖင့္ အျမိဳ႕ျမိဳ႕အရပ္ရပ္တြင္ ကထိန္ခင္းပြဲမ်ား အျပိဳင္အဆိုင္ က်င္းပႀကေလသည္ ။ ထို႕အျပင္ တာဝတိ ံသာပြဲရွိေသးသည္ ။ ထိုပြဲေပ်ာ္ေတာ္မွာ ႀကယ္တာယာ နကၡတ္မ်ား စံုလင္ေသာအခါျဖစ္သျဖင့္ တာဝတိ ံတာရွိ စူဠာမနိ ဘုရားအား ပူေဇာ္ရန္ မီးပံုးပ်ံမ်ားလည္း လႊတ္ႀကသည္ ။

အထက္ပါပြဲမ်ားအျပင္ တန္ေဆာင္မုန္း လျပည့္ေန႕တြင္ သွ်င္မာလဲပြဲကိုက်င္းပတက္ႀကသည္ ။ အရိေမတၱိယ် ဘုရားအေလာင္းေတာ္ နတ္သားက သီဟိုဠ္ကြ်န္းမွ ရွင္မာလဲမေထရ္အား တန္ေဆာင္မုန္း လျပည့္ေန႕တိုင္း လူအေပါင္းတို႕အားေဝႆႏၱရာ ဇာတ္ေတာ္ကို ေဟာႀကားရန္ ေတာင္ပန္သည္ဟုဆို၍ ရွင္မာလဲက ဂါထာတစ္ေထာင္ျဖင့္ သီဆိုပူေဇာ္သည္ကို အထိန္းအမွတ္ျပဳကာ အသီးတစ္ေထာင္။ အပြြင့္တစ္ေထာင္ ။ ပန္းတစ္ေထာင္ ။ ဆီမီးတစ္ေထာင္ အစရွိသည္မ်ား ျဖစ္ေပၚလာဟန္တူသည္ ။ အထက္ပါအေႀကာင္းအရာမ်ားမွာ ေထရဝါဒ ဗုဒၶသာသနာႏွင့္မသတ္ဆိုင္ေႀကာင္း နားလည္ရေပမည္ ။

ယခုအခ်ိန္အခါ၌မူ မီးနတ္ပူေဇာ္ျခင္းမ်ိဳးမဟုတ္ပဲဗုဒၶျမတ္စြာေဂါတမဘုရားအား ရည္ကာ မီးပူေဇာ္မႈမ်ားႏွင့္ ေကာင္းကင္သို႕ မီးပံုးပ်ံမ်ားလႊတ္၍ တစ္မ်ိဳးတစ္ဖံု ပူေဇာ္ႀကျပန္ပါသည္ ။ မည္သို႕ပင္ဆိိုေစ ေဂါတမဗုဒၶျမတ္စြာဘုရားရွင္အား မည္သည့္အခ်ိန္ မည္သည့္အခါမဆို ပူေဇာ္မႈမ်ား၌ ေစတနာစင္ႀကယ္ကာ ပူေဇာ္ပါက အက်ိဳးျဖစ္ထြန္းသည္မွာမလႊဲေပ ။ ေခတ္အေလ်ာက္မီးနတ္ပူေဇာ္မႈအယူကို ဖယ္ကာကြယ္ေပ်ာက္လ်က္ ဘုရားအားမီးပူေဇာ္ ကုသုလ္ယူႀကသျဖင့္ တစ္မ်ိဳးတစ္ဖံု ကုသိုလ္ရျပန္ေလသည္ ။ ထို႕ေႀကာင့္ ဆက္လက္ကာ ျမတ္စြာဘုရားအား မွတ္ယူလ်က္ ကုသိုလ္အမႈမ်ား လုပ္ေဆာင္ႀကျခင္းမ်ားအား ကြ်န္ပ္၏ ထင္ျမင္ခ်က္ကိုတင္ျပရပါလွ်င္မူ ကုသိုလ္အမႈျဖစ္ပါေသာေႀကာင့္ ဝမ္းေျမာက္ဝမ္းသာ မီးပူေဇာ္ျခင္း အလွဴအတန္းျပဳလုပ္ျခင္းမ်ားကို အားေပးမိခ်င္မိပါသည္ ။

တန္ေဆာင္တိုင္ပြဲကို ယခုမွ ျပဳလုပ္သည္မဟုတ္ ျမန္မာမင္းအဆက္ဆက္မွ ပြဲေတာ္အခါ၌ နန္းတြင္း နန္းျပင္ အလြန္စည္ကားစြာျပဳလုပ္လာခဲ႕ေႀကာင္း စာေပမ်ား၌ ေလ့လာေတြ႕ရွိရသမွ်အား ဆက္စပ္၍ ေရးသားတင္ျပလိုက္ရပါေလ၏ ။

ဗဟုသုတ တိုးပြားႀကပါေစ ။

#htoohtoolay



တန်ဆောင်တိုင်ပွဲတော်ရှင်းတမ်း
-------
တန်ဆောင်တိုင်ပွဲနေ့သည် ကဆုန်လပြည့်နေ့မျိုးကဲ့သို့ သာသနာရေးဆိုင်ရာ ပွဲနေ့မျိုး မဟုတ်ချေ ။ ကြတ္တိကာနက္ခနှင့် စန်းရှင်သော လဖြစ်သဖြင့် မီးနတ်ပူဇော်ပွဲအဖြင့် ကျင်းပသည့် ပျော်ပွဲသက်သက်ဖြစ်လေသည် ။ သတင်းကျွတ် မီးထွန်းပွဲတွင် ရာသီဥတုမသာယာသဖြင့် လွှတ်လွှတ်လပ်လပ် ပျော်ပွဲ မဆင်နွှဲရသော အပျော်အပါး ဝါသနာပါသူများအတွက် တန်ဆောင်တိုင်ပွဲ ဖြစ်ပေါ်လာရသည်ဟု မှတ်ယူရလေသည် ။ မဟာဝိနယကနတ်မင်းကြီးသည် ထိုလတွင် နိုးသဖြင့် နတ်မင်းအားပူဇော်သည့်ပွဲကို ဗုဒ္ဓဘာသာမထွန်းကားမီကပင် တန်ဆောင်မုန်း လပြည့်နေ့တိုင်း ကျင်းပခဲ့သည့် အလေ့ရှိခဲ့လေသည် ။ ယင်းသို့ မီးနတ်ပူဇော်ပွဲနှင့် နတ်မင်းကြီး ပူဇော်ပွဲများ ကျင်းပခဲ့သည်မှစ၍ ယခုတိုင် တန်ဆောင်တိုင်ပွဲဟု သမုတ်ကာ မီးထွန်းပွဲများ နေရာအရပ်ရပ်တွင် ကျင်းပကြသည် ။ တန်ဆောင်မုန်းလ မပြည့်မီ အဖိတ်နေ့ ။ လပြည့်နေ့နှင့် လပြည့်ကျော် တစ်ရက်နေ့ ၃ ရက်လုံးလုံးကို တန်ဆောင်တိုင်ပွဲနေ့ဟု သတ်မှတ်ကြသည် ။ ယင်းပွဲနေ့များတွင် ယခုအခါ မီးပုံး မီးသီးများကို အပြိုင်အဆိုင်ထွန်းညှိ၍ ပွဲလမ်းသဘင်များ ဆင်နွှဲကြလေသည် ။

တန်ဆောင်တိုင်ပွဲနေ့သည် ဘာသာရေးနှင့် မဆိုင်သော်လည်း တစ်ချို့က ဆက်၍ ယူကြသည့် အထိန်းအမှတ်လည်း ရှိသေး၏ ။ ၄င်းမှာ ဘုရားရှင်၏ မယ်တော် မိနတ်သားသည် သားတော်ဘုရားလောင်း တောထွက်ရဟန်းဝတ်တော့မည်ကို သိသောအခါ သင်္ကန်းကပ်လိုသဖြင့် ညဥ့်ချင်းပြီး သင်္ကန်းရက်ချုပ်သည်ကို ယူကာ အထိန်းအမှတ်အဖြင့် တန်ဆောင်မုန်း လပြည့်နေ့တိုင်း မသိုးသင်္ကန်းရက်ပွဲကျင်းပကြသည် ။ ထို့အပြင်လည်း ဝိနည်းတော်အရ အချိန်နှင့် ကပ်ရသော အကျိုးထူးသည့် ကထိန်လျာညပ်သင်္ကန်း ဆပ်ကပ်လှူဒါန်းနိုင်သည့် နောက်ဆုံးနေ့ဖြစ်သဖြင့် အမြို့မြို့အရပ်ရပ်တွင် ကထိန်ခင်းပွဲများ အပြိုင်အဆိုင် ကျင်းပကြလေသည် ။ ထို့အပြင် တာဝတိ ံသာပွဲရှိသေးသည် ။ ထိုပွဲပျော်တော်မှာ ကြယ်တာယာ နက္ခတ်များ စုံလင်သောအခါဖြစ်သဖြင့် တာဝတိ ံတာရှိ စူဠာမနိ ဘုရားအား ပူဇော်ရန် မီးပုံးပျံများလည်း လွှတ်ကြသည် ။

အထက်ပါပွဲများအပြင် တန်ဆောင်မုန်း လပြည့်နေ့တွင် သျှင်မာလဲပွဲကိုကျင်းပတက်ကြသည် ။ အရိမေတ္တိယျ ဘုရားအလောင်းတော် နတ်သားက သီဟိုဠ်ကျွန်းမှ ရှင်မာလဲမထေရ်အား တန်ဆောင်မုန်း လပြည့်နေ့တိုင်း လူအပေါင်းတို့အားဝေဿန္တရာ ဇာတ်တော်ကို ဟောကြားရန် တောင်ပန်သည်ဟုဆို၍ ရှင်မာလဲက ဂါထာတစ်ထောင်ဖြင့် သီဆိုပူဇော်သည်ကို အထိန်းအမှတ်ပြုကာ အသီးတစ်ထောင်။ အပွွင့်တစ်ထောင် ။ ပန်းတစ်ထောင် ။ ဆီမီးတစ်ထောင် အစရှိသည်များ ဖြစ်ပေါ်လာဟန်တူသည် ။ အထက်ပါအကြောင်းအရာများမှာ ထေရဝါဒ ဗုဒ္ဓသာသနာနှင့်မသတ်ဆိုင်ကြောင်း နားလည်ရပေမည် ။

ယခုအချိန်အခါ၌မူ မီးနတ်ပူဇော်ခြင်းမျိုးမဟုတ်ပဲဗုဒ္ဓမြတ်စွာဂေါတမဘုရားအား ရည်ကာ မီးပူဇော်မှုများနှင့် ကောင်းကင်သို့ မီးပုံးပျံများလွှတ်၍ တစ်မျိုးတစ်ဖုံ ပူဇော်ကြပြန်ပါသည် ။ မည်သို့ပင်ဆိိုစေ ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်အား မည်သည့်အချိန် မည်သည့်အခါမဆို ပူဇော်မှုများ၌ စေတနာစင်ကြယ်ကာ ပူဇော်ပါက အကျိုးဖြစ်ထွန်းသည်မှာမလွှဲပေ ။ ခေတ်အလျောက်မီးနတ်ပူဇော်မှုအယူကို ဖယ်ကာကွယ်ပျောက်လျက် ဘုရားအားမီးပူဇော် ကုသုလ်ယူကြသဖြင့် တစ်မျိုးတစ်ဖုံ ကုသိုလ်ရပြန်လေသည် ။ ထို့ကြောင့် ဆက်လက်ကာ မြတ်စွာဘုရားအား မှတ်ယူလျက် ကုသိုလ်အမှုများ လုပ်ဆောင်ကြခြင်းများအား ကျွန်ပ်၏ ထင်မြင်ချက်ကိုတင်ပြရပါလျှင်မူ ကုသိုလ်အမှုဖြစ်ပါသောကြောင့် ဝမ်းမြောက်ဝမ်းသာ မီးပူဇော်ခြင်း အလှူအတန်းပြုလုပ်ခြင်းများကို အားပေးမိချင်မိပါသည် ။

တန်ဆောင်တိုင်ပွဲကို ယခုမှ ပြုလုပ်သည်မဟုတ် မြန်မာမင်းအဆက်ဆက်မှ ပွဲတော်အခါ၌ နန်းတွင်း နန်းပြင် အလွန်စည်ကားစွာပြုလုပ်လာခဲ့ကြောင်း စာပေများ၌ လေ့လာတွေ့ရှိရသမျှအား ဆက်စပ်၍ ရေးသားတင်ပြလိုက်ရပါလေ၏ ။

ဗဟုသုတ တိုးပွားကြပါစေ ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...