Skip to main content

ပဟေဠိ တာ့ခ်ျမဟာ

ပဟေဠိ တာ့ခ်ျမဟာ
----
အချိန်မှာ ၁၆၃၁ ခုနှစ်ဖြစ်ပါတယ် ။ မွန်ဂိုဧကရာဇ်ရှားဂျဟန် ရဲ့ အလွန်ချစ်မြတ်နိုးတော်မူတဲ့ မိဖုရားကြီး မန်းတက်ဇ်မဟယ်လ် ဟာ ကလေးမွေးဖွားစဉ်မှာပဲ နတ်ရွာစံခဲ့တယ် ။ ချစ်ရတဲ့ မိဖုရားဖြစ်တဲ့အတွက် သာမန်မစွန့်လွှတ်လိုတာကြောင့် သူ့အတွက် ကမ္ဘာချီအောင်တည်စေမယ့် ကြီးမားခန့်ထည်လွန်းတဲ့ ဂူဗိမာန်ကြီးတစ်ခုဆောက်ကာ မိဖုရားအပေါ်ထားတဲ့ သူ့ရဲ့အချစ်ကို သက်သေပြဖို့ရန် ဆန္ဒရှိလာခဲ့တယ် ။ အဲ့ဒါအပြင် သေထိတိုင်အောင် မခွဲမခွါ နေလိုတဲ့ သူ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် အလွန်ကဗျာဆန်စရာ စိတ်ကူးကို အကောင်အထည် ဖေါ်ဖို့ ကြံစည်လာတော့ပါတယ် ။ ယင်းစိတ်ကူးမှာ အလွန်ဖြူဖွေးသန့်စင်သော စကျင်ကျောက်တို့နဲ့ ပြီးစေပြီး ဂူဗိမာန်ကြီးတစ်ခုတည်ဆောက်ကာ မြစ်ရဲ့အခြားတစ်ဖက်မှာတော့ အနက်ရောင် စကျင်ကျောက်နဲ့ သူ့အတွက် ဂူဗိမာန်ကြီးတစ်ခု ဆောက်ဖို့ဖြစ်တယ် ။ အဖြူနဲ့ အနက်ရောင် ဂူဗိမာန်ကြီးနှစ်ခုကို မြစ်ကျော် ငွေရောင်တံတားတစ်စင်း ဆက်သွယ်ပြီး တည်ဆောက်ဖို့ စိတ်ကူးခဲ့တယ် ။ အဲ့ဒါကြောင့် မိဖုရားအလောင်းကို အက်ဂ်ရ်မြို့ကို သယ်ဆောင်လာခဲ့ကြပါတယ် ။

အဲ့ဒီ့နောက်မှာ လွမ်းမောဖွယ်အချစ်ဇာတ်လမ်းကို ထာဝစဉ် ဖေါ်ပြနေတဲ့ လှပလွန်းသော ကမ္ဘာ့အမွေအနစ်အဖြင့် တင်စားခံစားတဲ့ တာ့ခ်ျမဟာအမည်ရှိသော ဂူဗိမာန်ကြီး စတင်ဆောက်လုပ်ခဲ့ပါတော့တယ် ။ နေရာက ရှားဂျဟန်ဧကရာဇ်ရဲ့ ပိုင်ဆိုင်ရာနယ်မြေတောင်ဘက်အစွန်းမှာဖြစ်ပြီး မြေစားများထည့်ခြင်းဖြင့် မြစ်ကမ်းအမြင့်ထက် မိတာ ၅၀ ခန့် မြင့်အောင် တည်ဆောက်ခဲ့ပါတယ် ။ ဂူဗိမာန် တည့်တည့် မြေနေရာမှာ တွင်းများတူးပြီး ကျောက်တုံးများနဲ့ ဖြည့်ကာ ဂူဗိမာန်ရဲ့ အုတ်မြစ် ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ် ။ ထူးခြားတဲ့ အချက်ကတော့ ဂူဗိမာန်ကို ဆောက်စဉ်မှာ ဝါးငြမ်းများကို အသုံးမပြုပဲ အလွန်ကြီးမားတဲ့ အုတ်တွေနဲ့ ကြမ်းစင်ကြီးတွေ တည်ဆောက်အသုံးပြုခဲ့တာဖြစ်ပါတယ် ။ ဒါကြောင့်အဆောက်အအုံပြီးတဲ့အခါ ငြမ်းများပြန်လည်ဖျက်သိမ်းဖို့ အင်မတန်ကြာခဲ့တယ်လို့ ပညာရှင်တွေက တွက်ချက်ကြပါတယ် ။ သို့သော် ငြမ်းများ ဖျက်သိမ်းတဲ့ ဒဏ္ဍာရီလဲ ရှိနေသေးတယ် ။ ဧကရာဇ်ဘုရင်မင်းမြတ် ရှားဂျဟန်ဟာ အုတ်နဲ့ တည်ဆောက်ထားတဲ့ ငြမ်းများကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ခဲ့တယ်လို့ ဆိုတယ် ။ အဲ့ဒီ့အမိန့်ဟာ တိုင်းပြည်အတွင်းမှာရှိတဲ့ အုတ်တစ်ချပ်သယ်နိုင်သူတိုင်း လာရောက်သယ်ဆောင်ရမယ်လို့ ဒီလိုဆိုတယ် ။ အဲ့ဒီ့အမိန့်ကြောင့် ငြမ်းများကို တိုင်းသူပြည်သားတွေဟာ တစ်ညအတွင်းပဲ သယ်ဆောင်ခဲ့ကြတယ်လို့ ဆိုတယ် ။

ဒါ့အပြင် ၁၅ ကီလိုမီတာအရှည်ရှိတဲ့ မြေသားခြေလျှောလမ်း တစ်ခုကို တည်ဆောက်ကာ စကျင်ကျောက်တုံးကြီးများကို သယ်ဆောင်စေခဲ့တယ် ။ နွား ၂၀ ကနေ ၃၀ အထိဆွဲတဲ့ အထူးလှည်းကြီးတွေကိုလဲ တည်ဆောက်ပြီး ကျောက်တုံးကြီးတွေကို ဆွဲငင်စေခဲ့တယ် ။ နောက်ပြီး အထူးတည်ဆောက်ထားတဲ့ ချိန်သီးတွေကိုလဲ အသုံးပြုခဲ့တယ်လို့ ဒီလိုဆိုကြပါတယ် ။ တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ ပစ္စည်းတွေကို သယ်ဆောင်နိုင်ရေးအတွက် ဆင်ကောင်ရေ ၁၀၀၀ ခန့်ကိုလည်း နေ့စဉ် အသုံးပြုခဲ့ကြတယ် ။ တာ့ခ်ျမဟာအဆောက်အအုံကြီးကို တန်ဆာဆင်ရာမှာတော့ အိန္ဒိနိုင်ငံနဲ့ အာရှတိုက် တစ်တိုက်လုံးက သတ္ထုပစ္စည်းအစုံကို အသုံးပြုခဲ့ကြတယ်လို့ ဆိုတယ် ။ ယနေ့ခေတ် တာ့ခ်ျမဟာကြီးဟာတော့ ကမ္ဘာ့အမွေအနစ်အဖြစ် အလွန်ထင်ရှားတည်ရှိလျက်ရှိပါတယ် ။

သို့သော် အဲ့ဒီ့ အချစ်ပုံပြင်ကို စိန်ခေါ်မှုတွေ ရှိလာခဲ့ပါပြီ ။ အဲ့ဒါကတော့ ပါမောက္ခ ပီအင်န်အုတ်ခ် ( P.N.Oak ) ရေးသားတဲ့ စာအုပ်တစ်အုပ်ပဲဖြစ်တယ် ။ သူက တာ့ခ်ျမဟာကြီးဟာ ဖိဖုရားကြီးရဲ ဂူ မဟုတ်ဘူးလို့ ဆိုတယ် ။ အဲဒီ့အဆောက်အအုံဟာ ရှီးဗား အမည်ရှိတဲ့ ဘုရားသခင် ကိုးကွယ်မှုပြုရာ ဟိန္ဒူဝတ်ကျောင်း တစ်ခုသာဖြစ်တယ်လို့ ဆိုခဲ့ပါတယ် ။ သူ့ရဲ့ သုတေသန ပြုချက်များမှာ အဲ့ဒီ့အဆောက်အအုံကို မူဆလင်ဘာသာဝင်ဖြစ်သူ ရှားဂျဟန်ဘုရင်က မဟာရာဇာ ဂျေအင်ဆင်းထံမှ သိမ်းပိုက်ပြီး သူ့ရဲ့ မိဖုရားအထိမ်းအမှတ်ဂူအဖြင့် ပြုပြင်ခဲ့တာဖြစ်တယ်လို့ ဒီလိုဆိုပါတယ် ။ မူဆလင်ဘာသာဝင်တို့ဟာ ဘာသာခြားများရဲ့ ဘုရားကျောင်းများကို သိမ်းပိုက်ပြီးတိုင်း တော်ဝင်သူတို့ မြှပ်နှံရာ ဂူသင်္ချိုင်းအဖြစ် အသုံးပြုခဲ့တဲ့ ဓလေ့ရှိတယ်လို့ သူက ဆိုပါတယ် ။ အဲ့ဒီ့အတွက် ရှားဂျဟန်ဘုရင်နဲ့ သူ့ရဲ့ လွမ်းမောဖွယ်ရာ အချစ်ဇာတ်လမ်းမဟုတ်ကြောင်းဆိုခဲ့တယ် ။ ဒါ့အပြင် သူဟာ တာ့ခ်ျရ်မဟာ အဆောက်အအုံအတွင်း ရှားဂျဟန်ဘုရင်လက်ထက်မှစကာ အသေပိတ်ခဲ့တဲ့ အခန်းငယ်များ ရှိခဲ့တယ်လို့ ဆိုတယ် ။ အဲ့ဒီ့အခန်းငယ်ကို ဖွင့်ကြည့်မယ်ဆိုရင် ခေါင်းပြတ်နေတဲ့ ရှီးဗားနတ်ဘုရားရုပ်တု နဲ့ ဟိန္ဒူဘာသာဝင်တို့ ဝတ်ပြုရာ အထောက်အထားများကို တွေ့ရမှာဖြစ်ပါတယ် ။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စု နယူးရော့ခ်မြို့က ပါမောက္ခဒေါက်တာ မာဗင်မီလာ ကလည်း တာ့ခ်ျမဟာ အဆောက်အအုံကနေ မြစ်ဖက်သို့ထွက်ရာ တံခါးပေါက်တစ်ခုက နမူနာစတစ်ခုကိုယူပြီး ကာဗွန်နည်းနဲ့ သက်တမ်းစီစစ်ခဲ့တယ် ။ အဲ့ဒီ့အခါ နမူနာစဟာ ရှားဂျဟန်ဘုရင်လက်ထက် ထက် နှစ်ပေါင်း သုံးရာ ( ၃၀၀ ) စောနေကြောင်း တွေ့ခဲ့ရတယ် ။ ဒါ့အပြင် ဥရောပခရီးသည် ဂျိုးဟန်း အဲလ်ဗတ်မန်ဒယ်စလို ဟာ ရှားဂျဟန်းဘုရင်ရဲ့ မိဖုရားကွယ်လွန်ပြီး ခုနှစ် နှစ်အကြာ ၁၆၃၈ ခုနှစ်မှာ အက်ဂ်ရာမြို့ကို ရောက်ခဲ့တယ် ။ သူ့ရဲ့ အက်ဂ်ရာမြို့ လူနေမှုပုံစံကို ဖေါ်ပြခဲ့တဲ့ မှတ်တမ်းများအရ တာ့ခ်ျမဟာပုံရိပ့်ကို အထူးဖေါ်ပြထားခဲ့တာမျိုး လုံးဝ မရှိပါဘူး ။ ဒါနဲ့အတူပဲ အင်္ဂလိပ်လူမျိုး ခရီးသည်တစ်ယောက်ဖြစ်တဲ့ ပီတာမန်ဒီကလဲ မိဖုရာကြီး နတ်ရွာစံပြီး တစ်နှစ်အတွင်း အက်ဂ်ရာကိုရောက်ခဲ့တယ် ။ သူ့ရဲ့ မှတ်တမ်းမှာလဲ တာ့ခ်ျမဟာအဆောက်အအုံက ရှားဂျဟန်ဘုရင်လက်ထက်မတိုင်မီကပင် ထင်ရှားခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ် ။ ဒါကြောင့် အဖြေကို ထုတ်ယူကြည့်ရန်မှာတော့ တာ့ခ်ျမဟာရဲ့ပိတ်ထားခြင်းခံရတဲ့ အခန်းငယ်တံခါးတွေရဲ့ နောက်ကွယ်မှာ ဘယ်လို ထူးခြားစွာ ပဟေဠိတွေ ရှိနေလိမ့်မလဲဆိုတာကတော့ !

#htoohtoolay
ပဟေဠိ တာ့ခ်ျမဟာ

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...