Skip to main content

တယ္လီပသီ ( ဝါ ) အီးအက္စ္ပီ

တယ္လီပသီ ( ဝါ ) အီးအက္စ္ပီ
----
တမလွန်ဘဝအကြောင်းကို စူးစမ်းလေ့လာတဲ့ အခါမှာ သုတေသီဆရာတွေရဲ့ အချက်အလက်တွေကို မဖေါ်ပြမီ တယ်လီပသီအကြောင်းကိုတော့ ရေးသားရပါလိမ့်မယ် ။ ဘာကြောင့်လဲဆိုတော့ တွေ့ရှိချက်တွေကို စဉ်းစားတဲ့အခါမှာ မျက်ကွယ်ပြုထားလို့ မရတဲ့ အချက်ဖြစ်နေလို့ပါပဲ ။ တယ်လီပသီဆိုတာ လူတစ်ဦးကနေ တစ်ဦးကို စိတ်ကူးဆက်ခြင်း သို့မဟုတ် လူတစ်ဦး သိနေတာကို အခြားသူတစ်ဦးက နား မျက်စိ စတာတွေကိုမသုံးပဲ အလိုလို သိနေခြင်းဖြစ်တယ် ။ အဲ့ဒီ့ စိတ်စွမ်းအင်ကို အခုခေတ်မှာ စိတ်ဝိညာဉ် သုတေသီတွေက အီးအက်စ်ပီ လို့ ခေါ်တယ် ။ ပရဝိညာဉ်လို့ ဆိုဟန်တူပါတယ် ။ ဒါပေမယ့် ပရဝိညာဉ်ဆိုပေမယ့် အတ္တဝိညာဉ်လိုမဟုတ်ပဲ စိတ်စွမ်းအင်တစ်မျိုးတာ ဖြစ်တယ်လို့ ဒီလိုဆိုပါတယ် ။

အနောက်တိုင်း စိတ်ဝိညာဉ် သုတေသီတွေကတော့ သိပ္ပံနည်းကျ စူးစမ်းလေ့လာခဲ့တာမှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တယ် ။ အဲ့ဒီ့ စိတ်စွမ်းအင်နဲ့ ပတ်သတ်ပြီး တိကျခိုင်မာတဲ့ ကိုယ်တွေ့ သာဓကတွေ အထောက်အထားတွေ ကို အမေရိကန်ပြည် ဂျူ့တက္ကသိုလ်က ပါမောက္ခရိုင်းရဲ့ ဖဲချပ်များကိုအသုံးပြု စမ်းသပ်လေ့လာခဲ့တာမှာ သိပ္ပံပညာရှင်တွေရဲ့ ထင်မြင်ချက်တွေ များစွာ ထွက်ပေါ်လာခဲ့တယ် ။ ဘာကြောင့်လဲဆိုတော့ အင်မတန် ထူးခြားတဲ့ စွမ်းအင်တစ်မျိုးဖြစ်နေတာကို တွေ့ရှိကြလို့ပါပဲ ။ အနောက်တိုင်းမှာတော့ ဒါတွေကို အထူးအဆန်းဖြစ်နေပေမယ့် အရှေ့တိုင်းက မြန်မာ အစရှိတဲ့ အိန္ဒိယတွေမှာတော့ စိတ်စွမ်းအင်ဆိုတာ ပြောစရာမလိုအောင်ကို ရင်းနှီးနေကြပါတယ် ။

ပုဂ္ဂိုလ်တစ်ဦးရဲ့ စိတ်စွမ်းအင်သတ္တိလှုပ်ရှားရန်အတွက် စိတ်ကြည်လင်ပေါ့ပါးနေဖို့ အရေးကြီးပါတယ် ။ သူ့ရဲ့ အစွမ်းသတ္တိကို ယုံကြည်ရန်လဲ လိုတယ် ။ စိတ်ညစ်ညူးထိုင်းမှိုင်းပြီး သံသယ ဝင်နေတဲ့အခါ အီးအက်စ်ပီဟာ အားနည်းနေတက်တယ်လို့ ဆိုတယ် ။ အီးအက်စ်ပီနဲ့ စိတ်ခြင်း ဆက်သွယ်သူများမှာ အများအားဖြင့် စိတ်ဓါတ်စရိုက် နီးစပ်တဲ့ လင်နဲ့မယား မိဘနဲ့ သားသမီး ညီအကို မောင်နှမ မိတ်ဆွေ သူငယ်ချင်းတွေ ဖြစ်နေတက်တာကို ထူးခြားစွာ တွေ့ရပါတယ် ။

အဲ့ဒီ့ စိတ်စွမ်းအင်သတ္တိဟာ အချိန်ကာလ နေရာဒေသနဲ့ သတ်ဆိုင်မှု မရှိဘူးလို့ ဆိုပါတယ် ။ သူက ဘယ်နေရာပဲ ရောက်ရောက် ဘယ်လောက်ပဲ ဝေးဝေး အဆက်အသွယ်ပြုလုပ်နိုင်တယ်လို့ ဒီလိုဆိုခြင်းဖြစ်တယ် ။ အချို့ ပုဂ္ဂိုလ်တွေဟာ အခြားတစ်ဦးရဲ့ အတိတ်ကာလက အဖြစ်အပျက်တွေကို အလိုလို သိနေပြီး အနာဂတ်မှာ ဖြစ်မဲ့ အရာတွေကို မှန်ကန်အောင် မှန်းဆနိုင်တဲ့ အထိ ရှိလာပါတယ် ။ အတိအကျတွေက ပိုများတယ်လို့ ဒီလိုဆိုတယ် ။ အီးအက်စ်ပီရဲ့ ဆက်သွယ်မှုမှာ လူ တစ်ဦးနဲ့ တစ်ဦး ကွာဝေးမှုဟာ အခက်အခဲမဟုတ်ပါဘူး ။ ဆိုဗီယက်ပညာရှင်တို့ရဲ့ စမ်းသပ်မှု တစ်ခုမှာ မော်စကိုမြို့က လူက ၁၈၇၅ မိုင် ကွာဝေးတဲ့ နိုဗိုဆီဗစ်မြို့မှာရှိတဲ့ အခြားသူတစ်ယောက်ထံကို မိမိအား စမ်းသပ်သူတို့ကပြတဲ့ အရာဝတ္ထုကို စိတ်နဲ့ သတင်းပေးပို့တဲ့ စမ်းသပ်မှုကို ပြုလုပ်ခဲ့တယ်။ အဲ့ဒီ့ စမ်းသပ်မှုမှာ မိုင်ပေါင်းများစွာ ဝေးကွာနေတဲ့ လူတစ်ဦးရဲ့အမြင်ဟာ တစ်ဖက်က တိကျစွာ ပြောနိုင်တာကို ထူးဆန်းစွာ တွေ့ရှိအတည်ပြုခဲ့ကြပါတယ် ။ စိတ်ဝိညာဉ် သုတေသနနယ်ပယ်မှာတော့ အဲ့ဒီ့ စိတ်စွမ်းအင်ကို လက်ခံထားကြပါတယ်။ သိပ္ပံပညာရှင်အများစုကတော့ ဖြေရှင်းလို့ မရတဲ့ ပုဒ်စ္ဆာအနေနဲ့ မှတ်ချက်ပေးကြတယ် ။

စိတ်ဝိညာဉ် သုတေသနကို စေ့ငှစွာ လေ့လာခဲ့တဲ့ ဗြိတိသျှစိတ်ပညာရှင်တစ်ဦး ရေးသားထားတာမှာတော့ ((( ကမ္ဘာအရပ်ရပ်ရှိ တက္ကသိုလ်ပေါင်း ၃၀ မှ သုသေတန ဌာနများသည်လည်းကောင်း ကျွန်ပ်တို့ အထူးယုံကြည်လေးစားအပ်သော ပညာရှင်ပေါင်း မြောက်များစွာတို့သည်လည်းကောင်း တယ်လီပတီခေါ် အီးအက်စ်ပီအကြောင်း လေ့လာခဲ့ကြသည် ။ ထို သုသေတနပညာရှင်တို့အနက် ပုဂ္ဂိုလ် အတော်များများသည် လက်ဦးပထမက အီးပီအက်စ်ကို လက်မခံခဲ့ကြပေ ။ ထိုပညာရှင်တို့ စူးစမ်းလေ့လာရာမှ တွေ့ရှိချက်များသည်အကယ်၍ အားလုံး ပူးပေါင်းကြံစည်၍ လိမ်လည်လုပ်ဆောင်မှုများမဟုတ်ပါက ဆန္ဒစွဲ / ဝါဒကင်းသော ပုဂ္ဂိုလ်အဖို့ လက်ခံရန် အချက်တစ်ခုသာလျှင် ရှိ၏ ။ ယင်းမှာ အချို့သူများသည် အခြားသူများ၏ စိတ်၌သော်လည်းကောင်း ပြင်ပ လောက၌သော်လည်းကောင်း ရှိနေသော အကြောင်းအရာကို သိပ္ပံပညာက ယခုအထိ နာမလည်သေးသော နည်းဖြင့် သိရှိနိုင်သည်ဆိုသော အချက်ဖြစ်၏ )))

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...