Skip to main content

ဒုက္ခအပေါ် ဒုက္ခမဆင့်နဲ့

ဒုက္ခအပေါ် ဒုက္ခမဆင့်နဲ့
-----
ဒီကမ္ဘာလောကကြီးဟာ အင်မတန် ကျယ်ဝန်းလှသလို အင်မတန်မှလဲ အရောင်အသွေး စုံလင်စွာနဲ့ ကွဲပြားခြားနားမှုတွေ ရှိနေပါတယ် ။ မညီမညာတဲ့ တောတောင်ရေမြေတွေ ရှိသလို မတူညီတဲ့ စရိုက်လက္ခဏာတွေ အယူအဆတွေတာမက အကြိုက်တွေ အလေ့တွေဟာလဲ တစ်ဦးနဲ့ တစ်ဦး ကွဲပြားခြားနား တိုက်ခိုက်နေသယောင် ရှိကြပါတယ် ။ အဲ့ဒီလို ကျယ်ပြန့်လှတဲ့ အချင်းအရာတွေအကြား စေတနာနဲ့ ဖြစ်စေ ဒါမှမဟုတ် ကိုယ့်ရဲ့ အလို လောဘနဲ့ ဖြစ်စေ အရာရာတိုင်းကို တူညီအောင် လုံ့လပြုလိုတဲ့ ဆန္ဒဟာ ကျွန်တော်တို့တွေ့ရဲ့ တစ်ဦးဆီတိုင်းမှာ ရှိနေကြပါတယ် ။ အဲ့ဒါကို လောဘလို့လဲ ခေါ်ချင်ခေါ် ဒါမှမဟုတ် အတ္တလို့ပဲ သုံးချင်သုံး ပေါ့လေ ။ ဒါပေမယ့် အဲ့ဒီ့အရာကိုတော့ မှန်ကန်တဲ့ စေတနာပေလားဆိုတာ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါလိမ့်မယ်မိတ်ဆွေ ။

တစ်ခါက ပုဏ္ဍားတစ်စုဟာ မင်္ဂလာစာ ရွတ်ဖတ်ပေးဖို့ ပင့်ဖိတ်ရာကနေ ကိစ္စတွေပြီးလို့ ပြန်လာခဲ့ကြတယ် ။ လမ်းတစ်နေရာကို ရောက်တော့ နားနေကြရင်းက ထူးထူးခြားခြား ပုဏ္ဍားတစ်ဦးဟာ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးထဲကို ခဲလေးတွေကောက်ပြီး ပစ်ချနေလေသတဲ့ ။ တခြားပုဏ္ဍားတွေက မေးတယ် ။ ဘာလို့ ပစ်ချလဲပေါ့ ။ သူက မပြောဘူး ။ သူ့အလုပ် သူလုပ်နေလေတယ် ။ နောက်ဆုံး မတက်နိုင်တဲ့အခါ ပုဏ္ဍားဆရာကြီးကိုခေါ်ပြီး မေးမြန်းစေပါတော့တယ် ။ အဲ့ဒီ့တော့ တပည့်ပုဏ္ဍားက -

 ((( ဒီလို ခဲလေးတွေ ပစ်ချနေမယ်ဆိုရင် တစ်နေ့ တစ်ချိန်မှာ ဒီချောက်ကမ်းပါးကြီးက ပြည့်သွားပြီး ညီညာသွားလိမ့်မယ် ))) တဲ့ ။

အဲ့ဒါကို ကြားလိုက်ရတဲ့ ဆရာပုဏ္ဍားဟာ အလွန် အံ့အားသင့်ပြီး အချင်းအနှီးအလုပ်ပေပဲလို့ ငြီးငြူလိုက်တော့တယ် ။ ဒီအခါမှ တပည့်ဖြစ်သူက ပြောလေတယ် ။

((( ဆရာ ! ဒီအလုပ်ဟာ အချင်းအနှီးဖြစ်သလိုပဲ ဒီလောက လူတွေရဲ့စရိုက်တွေ အယူဝါဒတွေကိုလဲ ဆရာ့အလိုအတိုင်းတစ်ခုတည်းဖြစ်အောင် လုပ်ဖို့ရာမှာတော့ အင်မတန် အကျိုးနည်းတဲ့ အရာသာ ဖြစ်ပါတယ် ))) လို့ ဆိုလိုက်လေသတဲ့ ။ ( မဏိကုဏ္ဍလဝဂ် / ကောရဏ္ဍိယ )

အင်မတန် မှတ်သားစရာကောင်းပါတယ် ။

 ဒါကြောင့်မိတ်ဆွေ !

 မိမိနဲ့ အမြင်မတူသူဟာ ရန်သူမဟုတ်သလို မိမိရဲ့ အလိုဆန္ဒအတိုင်း ဖြစ်မလာခြင်းဟာလဲ ဒုက္ခမဟုတ်ပါဘူး ။ ဇာတိရလာတာနဲ့အမျှ ဒုက္ခဆင်းရဲ ရလာတာပဲမို့ အသွင်မတူတဲ့ အမြင်တွေ / လုပ်ရက်တွေအပေါ်လိုက်ပြီး ဆင်းရဲဒုက္ခ ဖြစ်နေမယ်ဆိုရင် ဒုက္ခအပေါ် ဒုက္ခ ဆင့်တာနဲ့ တူနေပါလိမ့်မယ် မိတ်ဆွေ !

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...