Skip to main content

မေလးလူမ်ိဳးဆိုတာ !

မေလးလူမ်ိဳးဆိုတာ !
-----
မလေးလူမျိုးဟာ မလ္လာယုကျွန်းဆွယ်နဲ့ မလ္လာယုကျွန်းစုတို့မှာ နေထိုင်တဲ့ မွန်ဂိုလွိုင်လူမျိုး တစ်မျိုးဖြစ်ပါတယ် ။ မလေးလူမျိုးကို မြန်မာတို့က ပသျှူးလူမျိုးလို့လဲ ခေါ်ကြတယ် ။ တကယ်တော့ မလေးလူမျိုးဆိုတဲ့ အမည်ဟာ အဲ့ဒီ့ မလ္လာယုကျွန်းဆွယ်နဲ့ မလ္လာယုကျွန်းဆွယ်က လူမျိုးစုဖြစ်တာကြောင့် မိမိတို့ကိုယ်ကို အော်ဖို့ မလ္လာယုလို့ ခေါ်ကြသူများကို ဥရောပ တိုက်သားတို့က ပေးထားတဲ့ အမည်ဖြစ်တယ် ။ မလေးလူမျိုး စင်စစ်မှာ ပေါ်လီနီးရှန်း လူမျိုး/မိုက္ကရိုနီးရှန်း လူမျိုးတို့နဲ့ ဘာသာစကားအားဖြင့် ဆက်နွယ်နေကြသူတွေဖြစ်ပါတယ် ။သူတို့ဟာ ဆူမတြားကျွန်းမှာရှိတဲ့ ရှေးဦးမလေးလူမျိုးစုကနေ ဆင်းသက်ပေါက်ပွားလာကြတာဖြစ်တယ်။ အဲ့ဒီ့ရှေးဦး မလေးလူမျိုးစုဟာ အေဒီ ၄၀၀ ခန့်ကနေစပြီး ဟိန္ဒူ သွေးနှောလာခဲ့ပြီး ဟိန္ဒူယဉ်ကျေးမှုတွေ လွှမ်းမိုးခံရတာကနေ နောက်ပိုင်း မလ္လာယုကျွန်းဆွယ်ကို ရောက်လာခဲ့ကြကာ ၁၁၆၀ ခန့်မှာမှ စင်္ကာပူကို တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ် ။ သူတို့ဟာ ဂျာဗားကျွန်းကိုလဲ ပျံ့နှံ့သွားခဲ့ရာကနေ အခြားပင်လယ်ကမ်းခြေဒေသများကိုလဲ ပင်လယ်ကြောင်း ကုန်သွယ်ရင်း / လုယက်တိုက်ခိုက်ရင်းနဲ့ ရောက်သွားရာက ပမာအားဖြင့် ဗော်နီယိုကျွန်းမှာ ရှိယင်း တိုင်းရင်းသားတို့ကို ပင်လယ်ကမ်းခြေဒေသများမှ ကုန်းမြင့် ဒေသများဆီ မောင်းထုတ်ခဲ့ကြတာဖြစ်ပါတယ်။ မလေး လူမျိုးများဟာ ၁၄ ရာစုနှစ်မှာ မလက္ကာနိုင်ငံကို ထူထောင်ခဲ့ကြပြီး အဲ့ဒီ့နောက် ဆန်ဒါကျွန်းတွေ ဖိလစ်ပိုင်ကျွန်းတွေ မိုလပ်ကပ်ကျွန်းတွေနဲ့ သြစတြေလေးရှား အပါအဝင် ကျွန်းစုအချို့ကို သိမ်းပိုက်ခဲ့ကြပါတယ် ။

မလေးလူမျိုးဟာ ကိုယ်လုံး အဆစ်အပေါက် ကျတယ် ။ ဒါပေမယ့် ကိုယ်နေခပ်ပါးပါး ညိုညစ်ညစ်အရောင်ရှိပြီး အရပ်ပုပါတယ် ။ လက်များ သေးကာ အထူးသဖြင့် လက်ဆစ်ခြေဆစ်များဟာ အလွန် သေးငယ်ကြတယ် ။ မျက်နှာ ဝိုင်းတယ် နှာခေါင်း သေးပြီး တိုတယ် မျက်လုံး မျက်ဖန်ကောင်းတယ် ။ ပါးရိုးများ ပေါ်လွင်ထင်ရှားပေမယ့် မျက်နှာက ခပ် ပြားပြားဖြစ်ပါတယ် ။ ဆံပင်ဖြောင့်တန်းပြီး မဲနက်ကြတယ် ။ သူတို့ဟာ သူတို့နဲ့ဆိုင်တဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းပြီး ဘာသိဘာသာပဲ နေတက်ကြတယ်လို့ ဆိုတယ် ။ ဒါပေမယ့် ချက်ချက်ချာချာ ရှိပြီး ညာဏ်ထက်ကြတယ် ။

အာရပ်တို့နဲ့ ဆက်ဆံမိပြီးတဲ့ နောက်မှာ မလေးလူမျိုးဟာ ၁၃ ရာစုကနေ ၁၅ ရာစုနှစ်အထိရှိတဲ့ အဲ့ဒီ့ နှစ်များအတွင်း အယူဝါဒ ရေးရာတွေမှာဖြစ်စေ ယဉ်ကျေးမှုတွေမှာဖြစ်စေ အာရပ်တို့ကို စံနမူနာ ထားပြီး မွတ်စလင်များ လုံးဝ ဖြစ်သွားကြပါတယ် ။ ဒါပေမယ့် မလေး လူမျိုးတို့ဟာ စုန်နတ် အစွဲတွေ အခုချိန်အထိ ရှိနေကြပါသေးတယ် ။ သူတို့ဟာ ကြက်တိုက်တာတွေ ကံစမ်းကစားတာတွေကို အင်မတန် ဝါသနာ ပါသူတွေဖြစ်တယ်လို့ ဆိုတယ် ။

မလေးအမျိုးသားတို့ဟာ ပေါင်လယ်ထိရောက်တဲ့အိင်္ကျိရှည်ဖားဖားနဲ့ ဘောင်းဘီတို့ကို ဝတ်ပြီး ဦးခေါင်းမှာ ဦးထုပ်ကိုဖြစ်စေ ဆောင်းထားတက်ကြတယ် ။ ဒါမှမဟုတ် ခေါင်းစည်းပုဝါကို စည်းထားဆက်ကြပါတယ် ။ ခါးမှာတော့ ဘောင်ဘီပေါ်မှာ ပိုး ဒါမှမဟုတ် ချည်လုံကွင်းကို စည်းပတ်ဝတ်တက်တယ် ။ လုံကွင်းကိုဝတ်ရာမှာ အမျိုးသမီးများအဖို့ ခြေဆစ်အထိရောက်ပေမယ့်လဲ အမျိုးသားများကတော့ ခါးတင် ထားတက်ကြပါတယ် ။ ဒါကြောင့် ဒူးဆစ်အထိလောက်တာ ရောက်နေတက်တယ် ။ ဘောင်းဘီမှာလဲ အတန်တိုပြီး ပုံတမျိုးဖြစ်ပြီးလျှင် ရောင်စုံကန့်လန့်အစင်းများ ပါရှိတက်တယ်။ ခေတ်ကာလအလျောက် မလေးလူမျိုးတို့ဟာ ခေတ်မီလာရာကနေ အနောက်တိုင်း အဝတ်အစားတွေကို ဝတ်ဆင်လာကြပြီဖြစ်တယ် ။

မလေးဘာသာစကားဟာ သြစတြစ်ဘာသာစကား မျိုးရင်းမှ သြစတြိုနီးရှင်း ဘာသာစကားမျိုးခွဲမှာ ပါဝင်တဲ့ ဘာသာစကားမျိုးစိတ်တစ်ခု ဖြစ်ပါတယ် ။ မလေးစာမှာ အာရဗစ် အက္ခရာတို့ကို အသုံးပြုပြီး ရေးသားထားတဲ့ စာတွေဖြစ်ကာ ကဗျာလင်္ကာများ ပါဝင်ပြီး စကားပြေများလည်း ပါဝင်တယ်လို့ ဆိုတယ် ။ စကားပြေများမှာ အာရပ် / ပါးရှင်း စာပေတွေကို မှီတာက များပါတယ်လို့ ဒီလိုဆိုပါတယ်ခင်ဗျာ ။

ဗဟုသုတရရှိနိုင်ကြပါစေ
#htoohtoolay

myothetzaw23.blogspot.com

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...