Skip to main content

ရုပ်နဲ့နာမ် ( အစ္စလမ် )

ရုပ်နဲ့နာမ် ( အစ္စလာမ် )
----
အစ္စလာမ်ဘာသာရဲ့ထူးခြားတဲ့ သွင်ပြင်လက္ခဏာတစ်ခုဟာ လူ့ဘဝကို ရုပ်နဲ့ နာမ် ( ဝိညာဉ် ) ဆိုပြီး မခွဲခြားထားခြင်းပဲဖြစ်ပါတယ် ။ လူ့ဘဝမှာ ညီညွတ်မှုရှိတယ်လို့ မှတ်ယူထားကြတယ် ။ ရုပ်နဲ့ နာမ်ဆိုပြီး သီးခြား ခွဲခြားထားတာမရှိပါဘူး ။ လူ့ဘဝဟာ ငြင်းဆန်ဖို့မဟုတ်ပဲ ဖြည့်ဆည်းရန်သာဖြစ်တယ်လို့ ဒီလို ယူဆကြတယ် ။

အစ္စလာမ်ဘာသာဟာ ပြင်းထန်စွာ ခြိုးခြံကျင့်တဲ့ အကျင့်ကို အယုံအကြည်မရှိကြပါဘူး ။ ရုပ်ဝတ္ထုပစ္စည်းများအားလုံးကို စွန့်လွှတ်ပြီး ရှောင်ရှားနေထိုင်ကြဖို့ မညွှန်ပြဘူး ။ ဝိညာဉ်လောကကို ရောက်ရှိဖို့အတွက်က ကမ္ဘာလောကကြီးကို ငြီးငွေ့တဲ့အမြင်နဲ့မှ ရောက်ရှိနိုင်တာမဟုတ်ပဲ ခက်ခဲကြမ်းတမ်းတဲ့ ဘဝ ခရီးတွေမှာ ဘုရားတရားကို ရိုသေလေးစားခြင်းဖြင့်သာ ရောက်ရှိနိုင်တယ်လို့ ဒီလိုဆိုပါတယ် ။ ထာဝရ ဘုရားသခင်က လူသားတို့အတွက် ဖန်ဆင်းပေးထားတဲ့ ချမ်းသာသုခတွေ / အစားအစာတွေကို မည်သူကမှ မသုံးဆောင် မစားသောက်ဖို့ မတားမြစ်ထားပါဘူး ။ ( ကုရ်အာန် ၇း ၃၁ )

အစ္စလာမ်ဘာသာက " စားပါ သောက်ပါ သို့သော် မလွန်ကျူးစေနှင့် " ဆိုပြီး ဆုံးမထားတယ် ။ ( ကုရ်အာန် ၇း ၃၁ ) အဲ့ဒီ့နည်းနဲ့ အစ္စလာမ်ဘာသာဟာ ရုပ်ဝတ္ထုရေးရာနဲ့ ကျင့်ဝတ်ရေးရာတွေမှာဖြစ်စေ လောကီဘဝနဲ့ ဝိညာဉ်ဘဝရေးရာတွေမှာဖြစ်စေ တခြားစီ ခွဲခြားထားဖို့ ခွင့်မပြုပါဘူး ။ လူသားတွေဟာ မိမိတို့ အင်အားကို ကျန်းမာသန်စွမ်းတဲ့ ဘဝခန္ဓာကိုယ် ပြန်လည်တည်ဆောက်ရာမှာ အသုံးပြုဖို့ တိုက်တွန်းထားတယ် ။ ရုပ်ဝတ္ထုဆိုင်ရာ အင်အားနဲ့ အကျင့်တရားဆိုင်ရာ အင်အားတွေကို ဆက်စပ်ပေါင်းစည်းပေးရမယ် ။ ရုပ်ဝတ္ထုပစ္စည်းများကို အသုံးပြုပြီး ဝိညာဉ်ရေးရာကယ်တင်မှုကို ရရှိနိုင်ကာ ခြိုးခြံစွာကျင့်ကြံမှုဟာ လမ်းအမှားတာဖြစ်ကြောင်း သင်ကြားကြပါတယ် ။

အစ္စလာမ်ဘာသာဟာ ရုပ်နဲ့နာမ်( ဝိညာဉ် ) ဆိုင်ရာ ဘဝရဲ့ အခြေခံအကြောင်းရင်းနှစ်ခုကို ညီမျှအောင် တည်ဆောက်ပေးတယ် ။ ကမ္ဘာလောကမှာ ရှိရှိသမျှ အရာရာတိုင်းက လူသားတို့အတွက်သာ ဖြစ်တယ် ။ လူသားကိုယ်တိုင်မှာလဲ ထာဝရဘုရားသခင်အတွက်ဖြစ်တယ်လို့ ဒီလိုဆိုပါတယ် ။ အစ္စလာမ်ဘာသာရဲ့ သင်ကြားပြသမှုဟာ လူသားတို့ရဲ့ လောကီရေးနဲ့ လောကုတ္တရာရေး လိုအပ်ချက်များကို ဖြည့်စွမ်းပေးတယ် ။ တစ်ဦးတည်းအနေနဲ့ ဖြစ်စေ အများစု အနေနဲ့ဖြစ်စေ မိမိရဲ့ လောကီဘဝကို ပြုပြင်ပြောင်းလဲဖို့ သင်ကြားပြသပေးပြီး အဓမ္မအပေါ်ကို ဓမ္မက လွှမ်းမို့ဖို့ရန် / မကောင်းမှုတွေအပေါ် ကောင်းမှုတွေနဲ့ လွှမ်းခြုံဖို့ရန် ဆောင်ရွက်စေပါတယ် ။ အစ္စလာမ်ဘာသာဝင်တွေဟာ ဒီပုံစံအတိုင်း လိုက်နာကျင့်သုံးကြတယ်လို့ ဆိုပါတယ်ခင်ဗျာ ။

ဗဟုသုတရရှိနိုင်ကြပါစေ
#htoohtoolay

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...