Skip to main content

လူလို့ ထင်တာပေါ့လေ

လူလို့ ထင်တာပေါ့လေ ။
-------
လောကမှာ သေတယ်ဆိုတာ ရှုမှတ်ရတဲ့ စိတ်ကလေး ပျောက်သွားတာမျိုးပါ ။ ယခု ရှုမှတ်ရင်း ပျောက်ပျောက်သွားတဲ့ စိတ်ကလေးလိုပါပဲ ။ ယခု ရှုမှတ်ရင်း ပျောက်ပျောက်သွားတဲ့ စိတ်ကလေးလိုပင် နောက်ဆုံးစိတ်ကလေး ပျောက်သွားတာဖြစ်မှာပဲ ။ ဘဝအသစ် ဖြစ်တယ်ဆိုတာလဲ ယခု မှတ်သိတဲ့ စိတ်ကလေးတွေ အသစ် အသစ် ဖြစ်ပေါ်လာတာမျိုး ဖြစ်မှာပဲ ။ သေတာလဲ နောက်ဆုံး စိတ်တစ်စိတ်ပဲ ။ ဘဝအသစ်ဖြစ်တာလဲ အစဆုံး စိတ်တစ်ခုပဲလို့ အဲ့ဒီလို သဘောပေါက် သိသွားတယ် ။ ဥပမာနဲ့ပြောရရင်တော့ ပန်ချီကားတစ်ကားကို စွဲတယ်ဆိုပါစို့ ။ အဲ့ပန်ချီကားကို စဆွဲတာကနေ ပြီးဆုံးသွားတယ်ဆိုရင်တောင်အမှန်တော့ပန်ချီကားစဆွဲတဲ့ စုတ်ချက်က ပြီးတယ်လို့ ယူလို့မရဘူး ။ သူက စစွဲတယ်ပဲဖြစ်နေတာ ။ အဲ့လိုသဘောပါပဲ ။

ဝိပဿနာကင်းတဲ့ ပကတိပုဂ္ဂိုလ်တွေကြတော့ ဒီလိုမသိဘူး ။ သူက ငယ်ငယ်ကတည်းက ယခုထက်ထိ တစ်စိတ်ထည်း တည်နေတယ် ။ တစ်ယောက်တည်းပဲ ။ တစ်ကိုယ်တည်းပဲလို့ ဒီလိုထင်နေတယ် ။ ယခင်က သိလာခဲ့တာလဲ ဒီစိတ်ပဲ ။ ယခု သိတာလဲ ဒီစိတ်ပဲ ။ ငါကောင်ပဲလို့ ဒီလို ထင်တယ် ။ ဒါဟာ အတ္တစွဲ အတ္တဒိဋ္ဌိပဲ ။ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့သူတွေဟာ အကုန်လုံး ဒီလိုစွဲမြဲထင်မြင်နေကြတယ် ။ ဗုဒ္ဓဘာသာထဲမှာတောင်မှ ဒီလို အတ္တစွဲတွေက သုတ နည်းတဲ့ သူတွေမှာ အများချည်းဖြစ်နေတယ် ။ အဘိဓမ္မာသဘောနဲ့ ဆက်စပ်ပြီး ဗဟုသုတနဲ့ ပြည့်ဝတဲ့သူတွေမှာတော့ နည်းနည်းသက်သာရာ ရပါရဲ့ ။ ဒါတောင် ဒိဋ္ဌိအာသယရှိတဲ့သူတွေမှာ ဒီအတ္တက ဝင်ပြီး ဖြစ်တက်သေးတာပဲ ။ ဒီ ဒိဋ္ဌိအာသယဆိုတာ ဒီဒိဋ္ဌိအယူကို ဘဝများစွာ အကြိုက်များလာခဲ့လို့ အဲ့ဒီ့ ဒိဋ္ဌိအယူမှာ စိတ်ကလေးက ပြန်ပြန်ပြီး အလေ့အကျင့်သဘောမျိုးလေး နှစ်သက်နေတာလိုပေါ့ ။ အဲ့ဒီ့သဘောကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်တယ် စာပေတက်မြောက်တယ်ဆိုပေမဲ့ အဲ့လို ဒိဋ္ဌိအယူုလေးက သူ့အတွက် ပိုပြီး သိမြင်လွယ်နေတဲ့သဘာလေးဖြစ်နေတက်တယ် ။ အဲ့ဒါကို သတိထားရမှာပေါ့လေ ။ ဝိပဿနာရှုနေသူမှာတောင် ညာဏ်က မရင့်သေးရင် ဒီအယူအစွဲက ရံဖန် ရံခါ ဝင်ပြီး ဖြစ်နိုင်သေးတာပဲ ။ ပကတိပုဂ္ဂိုလ်တွေမှာဆို ဘယ်ဆိုဖွယ်ရာရှိတော့မလဲပေါ့လေ ။ ဒီတစ်သက် တစ်ဘဝလုံး တစ်စိတ်ထဲပဲ / ငါတစ်ယောက်ထဲပဲလို့ ဒီလို ထင်နေတာပါပဲပေါ့လေ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...