Skip to main content

ပေးလှူစွန့်ကြဲခြင်း ( အစ္စလာမ် အယူ )

ဇကာတ် ပေးလှူစွန့်ကြဲခြင်း ( အစ္စလာမ် အယူ )

----

အစ္စလာမ်ဘာသာရဲ့ အခြေခံ မူကြီးများအနက် မလှူမနေရဆိုတဲ့ မူကြီးပါပြီး ဆင်းရဲသားများကို ပေးကမ်းစွန့်ကြဲရတာဟာလဲ တာဝန်တစ်ရပ်အနေနဲ့ ရှိနေပါတယ် ။ အစ္စလာမ် ဘာသာဝင်တို့ဟာ တစ်နှစ်အတွင်း မိမိတို့ရဲ့ ပိုင်ဆိုင်ငွေ နှစ်ပိုင်းတစ်ပိုင်း ရာခိုင်နှုန်းကို မရှိဆင်းရဲသား မွတ်ဆလင်များအား ပေးဝေရတယ် ။ လှူဒါန်းမှုမှာလဲ နှစ်မျိုး ရှိပြီး တစ်မျိုးက မလှူမနေရ အလှူပေးခြင်းနဲ့ နောက်တစ်မျိုးကတော့ မိမိသဘောအလျောက် လှူဒါန်းခြင်း ဖြစ်ပါတယ် ။ မလှူမနေရဆိုတာဟာ ချမ်းသာသူများက ဆင်းရဲသူများကို မိမိပိုင်ဆိုင်တဲ့ အချိုးအစားအတိုင်း ပေးလှူတာ ခေါ်တယ် ။ ချမ်းသာသူများက ဆင်းရဲသူများကို ပေးလှူတာကြောင့် အလှူရှင်ရော အလှူခံပါ ကောင်းကျိုးချမ်းသာကို ရရှိရုံတာ မကပဲ လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ ဓနဥစ္စာကိုပါတိုးပွားစေနိုင်ပါတယ် ။ ဒါ့အပြင် ပေးလှူသူရဲ့ နှလုံးသားထဲမှာ စွဲကပ်နေတဲ့ ချမ်းသာကြွယ်ဝမှုအပေါ် မက်မောတဲ့ လောဘကို ထိန်းချုပ်နိုင်တယ်လို့ ဒီလိုဆိုပါတယ် ။ ချမ်းသာကြွယ်ဝမှုဟာ ယုံကြည်နိုင်လောက်အောင် အပြစ်တွေကို ကျူးလွန်နိုင်စေတယ်လို့ ဆိုတယ်။

တမန်တော် မုဟမ္မဒ်က မလှူမနေရ လှူဒါန်းတာကို ချမ်းသာသူများထံကနေ ဆင်းရဲသူများကို ပြန်လည်ပေးအပ်တဲ့ပစ္စည်း ဇကာတ် လို့ ဖေါ်ပြတယ် ။ မလှူမနေရ အလှူမျိုးကို လူတန်းစား ၈ မျိုးအနေနဲ့ စွန့်ကြဲနိုင်ပါတယ် ။ ရွှေနဲ့ ငွေကို ပေးလှူရတဲ့ အလှူ , စီးပွားရေးသုံး ပစ္စည်းများကို ပေးလှူရတဲ့ အလှူ , တစ်နှစ်သာ ကာလသော အချိန်အတွင်း ၆ လကျော် စာကျက်များမှာ ကျက်စားကြတဲ့ သိုး , ဆိတ် , ကျွဲ , နွား စတဲ့ တိရိစ္ဆာန်တို့ကိုပေးလှူရတဲ့ အလှူနဲ့ ကမ္ဘာမြေကြီးပေါ် ပေါက်ရောက်တဲ့ အရေးကြီးသော ကောက်ပဲသီးနှံများကို လှူဒါန်းတဲ့ အလှူပဲ ဖြစ်တယ် ။ ကောက်ပဲသီးနှံအလှူမှာ ရိတ်သိမ်းပြီးလျှင် ပြီးခြင်း ပေးလှူရတယ် ။ ကျန်အလှူမျိုးကတော့ တစ်နှစ်ကြာတဲ့အခါမှပဲပေးလှူရတာဖြစ်တယ်လို့ ဒီလို ယူဆကြပါတယ်ခင်ဗျာ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...