Skip to main content

စိတ်စွမ်းအား

စိတ်စွမ်းအား
-----
စိတ်အစဉ်ဆိုတာ ပျက်သွားတာ မရှိဘူး ။ ရုပ်တွေကတော့ တချို့ ရုပ်တွေက ပျက်သွားတာရှိတယ် ။ ကမ္မဇရုပ်ကတော့ မပြတ်ဘူးလို့ ပြောရမယ် ။ မပြတ်ဘူးဆိုပေမယ့် ဒီဘဝက ကမ္မဇရုပ်က ပါသွားတာမဟုတ်ဘူး ။ နောက်ကမ္မဇရုပ်က အသစ် ။ ဒီဘဝက ဘာမှ ပါသွားတာမရှိဘူး ။ သို့သော် line အနေနဲ့တော့ ဆက်စပ်နေတယ်လို့ ဒီလိုပြောရမယ် ။ ပါသွားတာတော့ ဘာမှမရှိဘူး ။ ရုပ်လဲ မရှိသလို နာမ်လဲ မရှိဘူး ။

ဒါဖြင့် တချို့ကမေးတယ် ။ ဥပမာ - သေခါနီးမှာ လက်အဖြတ်ခံရပြီး သေသွားတယ် ။ နောက်ဘဝမှာ လက်ပျက်ကြီး ဖြစ်နေတယ် ။ ဘုန်းကြီးတို့ကျောင်းမှာ ဦးဇင်းတစ်ပါးရှိတယ်။ ခေါင်းမှာ ဓါးဒဏ်ရာကြီးနဲ့ ။ တစ်နေ့တော့ ဘုန်းကြီးက မြင်လို့ မေးတယ် ။ " ဒီ ခေါင်းက ဓါးဒဏ်ရာကြီးက ဘာဖြစ်တာတုန်း ။ ဘယ်သူက ဓါးနဲ့ ခုတ်ထားတာတုန်း " လို့ဆိုတော့ " မဟုတ်ဘူး " တဲ့ ။ " မွေးရာပါ " တဲ့ ။

ဟိုဘဝက ဓါးဒဏ်ရာ ဒီဘဝ ဘယ်လိုပါလာတုန်းဆိုရင် စိတ်စွဲလမ်းမှုကြောင့် ဖြစ်တာ ။ ဥပါဒါန်ကြောင့်ဖြစ်တာလို့ ပြောရမယ် ။ သူ့စိတ်ထဲမှာ ခေါင်းက ဒဏ်ရာကြီးဆိုတဲ့ အမှတ်နဲ့ သေသွားသည့် အတွက်ကြောင့် နောင်ဖြစ်လာတဲ့အခါ အဲ့ဒီ့ဒဏ်ရာကြီးက အမှတ်အသား ဖြစ်နေတယ် ။ စိတ်စွမ်းအားဆိုတာ အင်မတန် ပြင်းထန်တယ်နော် ။ စိတ်ရဲ့ စွမ်းအားတစ်ခုဟာ လူကိုလဲ အသက်ရှင်စေနိုင်တယ် ။ လူကိုလဲ သေစေနိုင်တယ် ။

တစ်ခါတုန်းက ကြားဖူးတယ် ။ Psychology နဲ့ ပတ်သတ်ပြီးတော့ စမ်းသပ်မှု တစ်ခုရှိတယ် ။ သေဒဏ်ပေးမယ့် ရာဇဝတ်သားတစ်ယောက်ကို ရိုက်နှက်ညှဥ်းဆဲခြင်းမပြုပဲနဲ့ စိတ်ဘက်ဆိုင်ရာာ ဒုက္ခရောက်အောင် လုပ်ပြီးသတ်တာ ရှိဖူးတယ် ။

ဘယ်လိုတုန်းဆိုလို့ရှိရင် တရားသူကြီးက အမိန့်ချတယ် ။ ဒီရာဇဝတ်သားရဲ့ လည်ချောင်းကိုဖေါက်ပြီး လည်ချောင်းသွေးထုတ်သတ်ရမယ်လို့ ။ အဲ့ဒီလို အမိန့်ချတယ် ။ အမိန့်ချပြီးတော့ " ကဲ ဒီကောင်သတ်မယ် ။ မျက်စိကိုအဝတ်နဲ့စည်း ။ ရေဇလုံ အနားနား ယူထား ။ ဒီကောင် လည်ချောင်းသွေးဖေါက် " ဆိုပြီးတော့ လည်ချောင်းလေး နည်းနည်း ဆတ်ကနဲ နာသွားအောင် ဖေါက်လိုက်ပြီး ရေဇလုံထဲမှာ ရေကျသံလေး ပေးထားတယ် ။ တကယ်က သူ့လည်ချောင်းက သွေးတစ်စက်မှ မထွက်ဘူး ။ အဲ့ဒီလို ရေဇလုံထဲမှာ ရေကျသံကြားတော့ ' ငါ့လည်ချောင်း သွေးတွေ ထွက်ပြီး ရေဇလုံထဲ ကျနေပြီ ' လို့ သူ့စိတ်ထဲမှာ အဲ့ဒီလို အထင်ရောက်သွားတယ်။ အဲ့ဒီလို ထင်အောင်လဲ စီမံထားတာ ။ အတော်လေးကြာတော့ ခေါင်းကြီး ငိုက်စိုက်ကျပြီး သေသွားတယ် ။

ဒါ စိတ်နဲ့ သတ်တာနော် ။ သူ့လည်ချောင်းက တကယ်ပဲ သွေးတွေထွက်နေပြီလို့ သူ့စိတ်ထဲမှာ ထင်ပြီး စိတ်စွမ်းအားနဲ့တင်ပဲ ဒီရာဇဝတ်သားဟာ အသက်ဆုံးသွားတယ်တဲ့။ ဇက်ကျိုးကျပြီးတော့ သေသွားတယ် ။ တကယ်တော့ သူ့လည်ချောင်းဟာ အရေပါးလေး စုတ်ရုံလောက်လေးပဲ ။ ရေသံပေးနေတာကလဲ သူ့လည်ချောင်းက သွေးထွက်တာမဟုတ်ဘူး ။ ဒီ့ပြင်နေရာကနေပြီး ပန်းထွက်ပြီးတော့ ရေဇလုံထဲ ကျနေတယ်ဆိုတဲ့ အနေအထားမျိုး ။ " ဟော ထွက်လာပြီ သွေးတွေ ထွက်လာပြီ " နဲ့ ဘေးက ပြောပေးတယ် ။ အဲ့ဒီလို ပြောပေးရင်းနဲ့ပဲ ဇတ်ကျိုးကျပြီး သေသွားရှာတယ် ။ စိတ်စွမ်းအားဆိုတာ အလွန်ပြင်းထန်တယ်လို့ ပြောတာနော် ။ စိတ်စွမ်းအားနဲ့ သတ်တာ ။

အဲ့ဒါကြောင့်မို့ ဘဝတစ်ခုမှာ စိတ်စွမ်းအားတွေနဲ့ ဒီလို သွားနေကြတာ ။ ရှေ့စိတ်က နောက်စိတ်ကို တွန်းအားပေးပြီးသွားလို့ သံသရာ ဘဝ အစဉ်အဆက်ဟာ မပြတ်ဘူးတဲ့ ။ အဲ့ဒါကို နားမလည်လို့ ရှိရင် ဘယ်လိုအယူအဆတွေ ပေါ်လာတုန်းဆိုတော့ " လူ့ ခန္ဓာကိုယ်ထဲမှာ ထာဝရမြဲနေတဲ့ Soul ဆိုတဲ့ အရာရှိတယ် " သို့မဟုတ် မြန်မာတွေအခေါ်ဆို လိပ်ပြာပေါ့ ။ " လိပ်ပြာလေး ထွက်သွားပြီးတော့ နောက်ခန္ဓာကိုယ်ထဲ ရောက်သွားတယ် " လို့ ( သို့မဟုတ် ) သူတို့ပြောတဲ့ Spirit ပေါ့ ။ ဘယ်အရာပဲဖြစ်ဖြစ် လူ့ခန္ဓာကိုယ်ကနေ ထွက်ပြီးတော့ သွားတာဆိုတာ ဘာမှ မရှိဘူးတဲ့ ။ အကြောင်းကြောင့် အကျိုး ဖြစ်ပေါ်ခြင်းမျှသာရှိတယ် ။ အကြောင်းဆက် မပြတ်သည့်အတွက် အကျိုးအဆက်ဆက် ဖြစ်နေတယ် ။ အဲ့ဒီ့ သဘောတွေကိုပြောတာ ။ အနန္တရပစ္စယော သမနန္တရပစ္စယော နတ္တိပစ္စယော ဝိဂတပစ္စယော / ရှေ့စိတ်ကလေး ချုပ်သွားမှ နောက်စိတ်ဟာ ပေါ်ခွင့်ရတယ်တဲ့ ။

 #htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...