Skip to main content

ဘုရားသခင်၏ အမျက်တော် ဖလား ခုနှစ်လုံး

ဘုရားသခင်၏ အမျက်တော် ဖလား ခုနှစ်လုံး
-------
ဗိမာန်တော်ထဲက ကြီးသော အသံကား သွားကြလော့ ! ဘုရားသခင်၏ အမျက်တော် ဖလား ခုနှစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြကုန်လော့ဟု ကောင်းကင်တမန် ခုနှစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏ ။

ပထမ သူသည် သွား၍ မိမိဖလားကို မြေကြီးပေါ်သို့ သွန်းလောင်းလျှင် သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍ သူ၏ရုပ်ထုကို ကိုးကွယ်သော သူတို့၌ အလွန်ဆိုးသော အနာစိမ်း ပေါက်လေ၏ ။

ဒုတိယ ကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင် ပင်လယ်သည် လူသေ၏ သွေး ကဲ့သို့သော သွေးဖြစ်လေ၏ ။ ယင်းပင်လယ်၌ အသက်ရှင်သော သတ္တဝါတို့သည် သေကြ၏ ။

တတိယကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့ လည်းကောင်း စမ်းရေတွင်းပေါ်သို့ လည်းကောင်း သွန်းလောင်းလျှင် ထိုအရာတို့သည် သွေးဖြစ်ကြ၏ ။ ကောင်းကင်တမန်ကလဲ ပစ္စုပ္ပန် အတိတ် အနာဂတ် ကာလ အစဉ် ရှိတော်မူသော အရှင်ကိုယ်တော်သည် ဤသို့ တရားစီရင်တော်မူသည့် အမှုမှာ ဖြောင့်မတ်တော် မူ၏ ။ ထိုသူတို့သည် သန့်ရှင်းသူတို့၏ သွေး ပရောဖက်တို့၏ သွေးကို သွန်းလောင်းကြသည်ဖြစ်၍ သူတို့အား သွေးကို တိုက်တော်မူပြီ ။ သူတို့လဲ ခံထိုက်ကြပါ၏ဟု လျှောက်ဆိုသည်ကို ငါကြား၏ ။ ယဇ်ပလ္လင်ကလည်း မှန်ပါ၏ ။ အနတ္တ တန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင် ဘုရားသခင် ကိုယ်တော် စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန်ဖြောင့်မတ်ကြပါ၏ဟု လျှောက်ဆိုသော အသံကို ငါကြား၏ ။

စတုတ္ထ ကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင် နေသည် လူတို့ကို မီးလောင်ရသောအခွင့်ကို ရ၏ ။ ပူအားကြီးသောအရှိန်ဖြင့် လူတို့သည် လောင်ခြင်းကို ခံရ၍ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲ ကြ၏ ။ ဘုရားသခင်ကို ချီးမွှမ်းခြင်းအလို့ငှာ နောင်တမရကြ ။

ပဉ္စမ ကောင်းကင်တမန်သည် မိမိဖလားကို သားရဲ၏ ပလ္လင်ပေါ်သို့ သွန်လောင်းလျှင် သူ၏ နိုင်ငံသည် မှောင်မိုက်အတိ ဖြစ်လေ၏ ။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသဖြင့် မိမိတို့လျာကို ကိုခဲကြ၏ ။ မိမိတို့ ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင်ကို ကျိန်ဆဲကြ၏ ။ မိမိတို့အကျင့်ကိုလဲ နောင်တမရကြ ။

ဆဌမ ကောင်းကင်တမန်သည် မိမိဖလားကို ဥဖရတ်မြစ်ပေါ်သို့ သွန်းလောင်းလျှင် အရှေ့မျက်နှာဘုရင်တို့ သွားရာလမ်းကို ပြင်ဆင်စေခြင်းအလို့ငှာ ထိုမြစ်ရေကို ခမ်းခြောက်စေ၏ ။ ထိုအခါ နံဂါး၏ ခံတွင်းထဲမှလည်းကောင်း သားရဲ၏ ခံတွင်းထဲမှ လည်းကောင်း မိစ္ဆာပရောဖက်၏ ခံတွင်းထဲမှ လည်းကောင်း ဖားကောင်ကဲ့သို့ ညှည်းညူသော ဝိညာဉ်သုံးပါးထွက်သည်ကို ငါမြင်၏ ။ နိမိတ်လက္ခဏာကို ပြသော နတ်ဆိုး၏ ဝိညာဉ် ဖြစ်သတည်း ။ ထိုဝိညာဉ်တို့သည် လောကီ တစ်နိုင်ငံလုံးတွင် ရှိသော ဘုရင်တို့ထံသို့ ထွက်သွား၍ အနတ္တတန်ခိုးတော်နှင့် ပြည်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလို့ငှာ စုဝေးကြ၏ ။ ဟေဗြဲဘာသာအားဖြင့် အာအဂေဒုန် အမည်ရှိသောအရပ်၌ စုဝေးစေကြ၏ ။ အသံတော်ကား သူခိုးကဲ့သို့ ငါလာ၏ ။ အဝတ်အချည်းစည်းနှင့် သွားလာ၍ သူတစ်ပါးရှေ့၌ ရှက်စရာအကြောင်း မရှိစေခြင်းငှာ နိးလျက်နေ၍ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏ ။

သတ္တမ ကောင်းကင်တမန်သည် မိမိဖလားကို အာကာသကောင်းကင်သို့ သွန်းလောင်းလျှင် " ပြီးပြီ "ဟု ကြီးသောအသံသည် ကောင်းကင် ဗိမာန်တော်၌ ရှိသော ပလ္လင်တော်ထဲက ထွက်၏ ။ လျှပ်စစ် ပြတ်ခြင်း အသံမြည်ခြင်း မိုးချုန်းခြင်း ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်ကြ၏ ။ မြေကြီးပေါ်မှာ လူတို့ဖြစ်သည့် ကာလမှ စ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသော မြေလှုပ်ခြင်းသည် မဖြစ်စဖူး ။ မြို့ကြီးသည် သုံးဖြာ ကွဲပြား၍ လူအမျိုးမျိုး နေသော မြို့တို့သည် ပြင်းစွာသော ဒေါသ အမြတ်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှာ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏ ။ ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏ ။ အချိန်အခွက် တစ်ဆယ်ရှိသော မိုးသီးသည် ကောင်းကင်မှ လူတို့အပေါ်သို့ ကျလေ၏ ။ ထိုမိုးသီးဘေးဒဏ် အလွန်ကြီးသည်ဖြစ်၍ လူတို့သည် မိုးသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏ ။

( ဗျာ ၁၆ : ၁ )

 #htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...