Skip to main content

သမ္မတ ဦးသိန်းစိန်

သမ္မတ ဦးသိန်းစိန်
----
ကျုပ်ကိုမွေးခဲ့တာ ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက်၊ သောကြာနေ့ အဖေဦးမောင်ဖြိုး၊ အမေက ဒေါ်ခင်ညွှန့် ဇာတိက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာ။ မြန်မာပြည်ရဲ့ ထမင်းအိုးကြီးလို့ နာမည်ကြီးတဲ့ဒေသ စပါးကွင်းတွေ မြစ်ချောင်းအင်းအိုင်တွေနဲ့ စိမ်းစိုလတ်ဆတ်တဲ့ဒေသက ကျုပ်ရဲ့မွေးရပ်မြေ ကျုပ်ခေါင်းချချင်တဲ့နေရာ

 မွေးချင်းသုံးယောက် အစ်မဖြစ်သူက ဒေါ်ရင်လှိုင့် အစ်ကိုဖြစ်သူက ဦးထွန်းမြင့် သူကတော့ အခုချိန်ထိ ထိပ်မပြောင်သေး ကျူပ်မှာသာ အရေးပေါင်းစုံနဲ့ ခေါင်းတွေပူ မလိုသူတွေကပြောင်ကြီး လိုသူတွေက ဘပြောင်တဲ့ ။ ဘာပဲဖြစ်ဖြစ်လေ မကျေနပ်စရာမှမရှိဘဲ တကယ်လည်း မှန်နေတာကိုး

ဆင်းရဲတဲ့ ကျေးလက်မိသားစုဘဝကနေ့  ပညာရေးကိုသင်ယူခဲ့ရတာ ခုချိန်ထိ ဆရာတွေရဲ့ကျေးဇူးကို မမေ့နိုင်သေးပါဘူး
ကျုံကူးကျေးရွာရှိ ဆရာဦးမောင်ဦးကျောင်းလေး တခါတလေများ အခုတောင် အပူအပင် ကင်းကင်းနဲ့ သွားတက်ချင်ပါသေးရဲ့
ကျုပ်အလယ်တန်းမှာ မိဘတွေမပြေလည်ကြတော့ တစ်နှစ်နောက်ကျခဲ့သေးတာကလား
ဒီလိုနဲ့ပဲ DSA ၀င်ခွင့်အောင်တဲ့ဆီရောက်ပါလေရော
မှတ်မိသေးတယ် အခု ဒေါ်စိန်အေးလို့နာမည်ကြီးနေတဲ့
 ပြင်ဦးလွင် စစ်တက္ကသိုလ် ကို ၁၉၆၄ ခုနှစ်မှာ အပတ်စဉ်(၉) တက်ခဲ့ရတာကို
ကျုပ်တို့က အမေ့ရဲ့သားဦးတွေပေါ့ဗျာ

 ၁၉၆၈ မှာ B.A(DSA) ဘွဲ့ရ ။ သင်တန်းလည်းဆင်းရော ရှမ်း(၁) မှာ တာဝန်ထမ်း ၁၉၈၆ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်ရောက်ခဲ့ပြန်ရော
ကျုပ် တာဝန်ကျ ကျင်လည်ခဲ့ရတဲ့ဒေသတွေ ဌာနချုပ်တွေကတော့ အစုံပဲ

၁၉၈၂ ခုနှစ်အထိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ခမရ(၁၀၉) နဲ့ ခလရ(၈၉) တွေမှာ ဗိုလ်မှူးအဆင့် ။ ၁၉၈၈ ခုနှစ်တွင် တပ်ရင်းမှူးအဖြစ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ခြေလျင်တပ်ရင်းတွေမှာ တာဝန်ကျခဲ့တာ။

သြော် တစ်ခုကျန်သွားတယ် အဲအချိန်မှာ ကျုပ်ဘေးမှာ ကြင်သူသက်ထား ဒေါ်ခင်ခင်ဝင်း နဲ့ ရင်သွေးလေးတွေ ရှိနေပြီ တာဝန်တွေကြားကပဲ အပန်းဖြေစရာ ရတနာလေးတွေပေါ့ဗျာ

ဒီလိုနဲ့ ၁၉၈၈မှာ တပ်မတော်မှ တိုင်းပြည်အာဏာသိမ်းတယ် ကျုပ်လည်း ကာကွယ်ရေးဝန်ကြီးဌာန(ကြည်း) တွင် စစ်ဦးစီးဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေးမှူးအဖြစ် တာဝန်ယူရပြန်ပါရော မှတ်မှတ်ရရ အဲဒီနှစ်ပဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သူရဲကောင်းလက်မှတ်ရခဲ့တယ် ။

နောက်တော့ စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ်တွေ ဖွင့်တဲ့အခါ မှော်ဘီမြို့နယ်၊ ဖူးကြီးအခြေစိုက် စကခ(၄) တွင် တပ်မမှူးအဖြစ် တာဝန်ယူခဲ့ရတယ်။ ၁၉၉၆ မှာ ဗိုလ်မှူးချုပ်ပေါ့ဗျာ
၁၉၉၇ကတော့ ကျုပ်ဘဝမှာ နှစ်ခါ ရာထူးတိုးတဲ့နှစ်
 တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တစ်ခါ် ဗိုလ်ချုပ်ရာထူးက တစ်ခါ

အသက်နဲ့အတွေ့အကြုံများလာတာနဲ့အမျှ နိုင်ငံရေးဇာတ်ခုံထဲ ရောက်မှန်းမသိရောက်လာ အတိုက်အခိုက်တွေ အမြှောက်အပင့်တွေရဲ့ကြားမှာပဲ ရာထူးတွေအဆင့်ဆင့်ဖြတ်သန်းရင်း သမ္မတနေရာရောက်လာခဲ့ပြန်ပါရော

ဝေဖန်သူ ဆဲဆိုသူ ချစ်သူ မုန်းသူ ကြုံရတာလည်း စုံလို့ပါပဲ အရင်ကာချုပ်ရဲ့ ရုပ်သေးရုပ်အဖြစ် နာမည်ကြီးခဲ့တဲ့ကျုပ် အင်္ဂလိပ်စကားမတတ်ဘူးလို့နာမည်ကြီးခဲ့တဲ့ကျုပ် တစ်ခါတစ်ခါကျတော့လည်း ကိုယ့်ဘာသာ တရားတွေကျနေမိတယ်
ရှင်ဘုရင်တို့ အစိုးရတို့ဆိုတာ အတော်အကုသိုလ်ကြီးလို့ ဒီနေရာ ရတာလို့လည်း တွေးမိပါရဲ့ဗျာ သွားသွားလာလာ အိပ်အိပ် စားစား ဘယ်အချိန်မဆို ခေါင်းထဲ တာဝန်တွေနဲ့ကိုးးး

အချို့တွေတော့ ပြောကြတာပေါ့ဗျာ နိုင်ငံကိုရောင်းစားတာတို့ တရုတ်ကြီးနဲ့ဘာညာတို့ ဘင်္ဂါလီကို ဘယ်သို့တို့
အမှန်တော့ ကျုပ်လက်ထဲမရောက်ခင်တည်းက မြန်မာနိုင်ငံအခြေအနေကို အဲလိုဝေဖန်ဆဲဆိုနေသူတွေလည်း အသိပါ စီးပွားရေးပိတ်ဆို့မှုတွေ ကြွေးမြီတွေနဲ့ အစုံပါပဲ
ကျုပ်က ကယ်တင်ရှင်တော့မလုပ်နိုင်ခဲ့ပါဘူးဗျာ
အခြေအနေပိုမဆိုးအောင်တော့ တတ်နိုင်သမျှ ထိန်းခဲ့တာပါပဲ ပေါက်ပြဲနေတဲ့ အိမ်ခေါင်မိုးတစ်ခုကို ဟပ်ချလောင်းဆိုပြီး အသစ်လဲပေးနိုင်လောက်အောင် ကျုပ်မတော်ခဲ့ဘူး ဖာထေးလို့ရနိုင်တာလေးတွေတော့ ကျုပ်လုပ်ခဲ့ပါတယ်

ဒါပေမယ့် ........ဒါပေမယ့်ပေါ့ဗျာ ကျုပ်ရဲ့ နောက်ပိုင်းအချိန်တွေမှာ အကောင်းမမြင်ခံရတာတွေ ပိုများလာတယ် နို့သောက်ပါ ဆိုတဲ့စေနာ စကားက ဟာသတစ်ခု ဖြစ်သွားတာတော့ ရင်အနာဆုံးပေါ့ ကျုပ်လည်း လိုသွားတာ ဂျပန်က မူလတန်းကလေးငယ်တွေ နွားနို့ သောက်ကြရသလို ကျုပ်ပြည်သူတွေကိုလည်း အခမဲ့ တိုက်နိုင်ချင်ခဲ့တာအမှန်ပါ

ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင်ဆိုသလိုပါပဲ ပြည်ပကိုအာရုံစိုက်နေချိန် ပြည်တွင်းမှာလည်း ခဏခဏ မငြိမ်မသက် ဘာသာရေးပြဿနာ လူမျိုးရေးပြဿနာ ခုချိန်ထိ အမြစ်တွယ်နေဆဲဖြစ်တဲ့ တိုင်းရင်းသားအမည်ခံ သောင်းကြမ်းသူ အချို့ပြဿနာ
အချို့အဖွဲ့အစည်းတွေနဲ့ ပြေလည်ညှိုနှိုင်းပြီးဖြစ်ပေမယ့် စစ်ပွဲငယ်တွေက ကြိုကြားကြိုကြား

ထိုင်းလူသတ်မှုမှာလည်း ကျုပ်က အကွက်ဆင်တာ လို့နာမည်ကြီးသေးရဲ့
ပင်စင်လစာတိုးပေးမိပါတယ် ဈေးတက်အောင်လုပ်တယ်ဆိုပြီး မေတ္တာပို့ကြတယ် ကားတင်သွင်းခွင့်လေးပေးမိတယ် ယာဉ်ကြောကြပ်အောင်လုပ်တယ် ဖြစ်သွားတယ် ph တစ်လုံး ၁၅၀၀ နဲ့လူတိုင်းကိုင်ပါစေလို့ စီမံကိန်းလုပ်တယ် လိုင်းမှမကောင်းတာ ပေါင်းပြီးရိုက်စားလုပ်တာ အပြောခံရတယ် လမ်းတွေဖောက် ဂုံးကျော်တံတားတွေဆောက်ပြန်တော့လည်း အပြောမလွတ် ဗိုလ်ရှုသဘင်ကျင်းပတာတောင် ပြည်သူ့ငွေ အကျိုးမဲ့ဖြုန်းတာဖြစ်သွားတယ် နောက်ဆုံး ကျုပ်ရဲ့သမ္မတအဖြစ် နောက်ဆုံးလစာကို လှူတာတောင် အကောင်းမဖြစ်တဲ့ဘဝဆိုတော့

တစ်ခုခုဆိုရင် အစိုးရလှည့်ကွက် အစိုးရမကောင်းတာ လက်ညှိုးထိုးသူတွေလည်း အခု ကျုပ်မရှိတော့ ဘယ်သူ့ကို လက်ညှိုးထိုးမယ် မသိ သမ္မတအိမ်တော် ဆင်းလာပြီးချိန်အထိကို အာဏာလွှဲပေးပါ့မလားစိုးရိမ်နေသူတွေကြား ကျုပ်လည်း အတော် ဦးနှောက်ခြောက်လှပါပြီဗျာ
အချို့လူတွေတအားမုန်းတဲ့ကျုပ်ဟာ သူတို့အရမ်းလေးစားချစ်ခင်တဲ့ အစ်မကြီးဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲဆုတစ်ခု ရခဲ့ဖူးတာတော့ အမှတ်တရပဲ
အမေရိကန်နိုင်ငံထုတ် နိုင်ငံခြားရေးပေါ်လစီ (Foreign Policy) မဂ္ဂဇင်းက ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ စာရင်းမှာပူးတွဲပထမရခဲ့တာပေါ့ဗျာ

ဘာဖြစ်ဖြစ် အသက် ၇၀ ဝန်းကျင် အဘိုးအိုတစ်ယောက်အနေနဲ့ ကျုပ်တတ်နိုင်တာ ကောင်းမယ်ထင်တာတွေကို လုပ်နိုင်သမျှလုပ်ခဲ့ပြီးပြီ ကောင်းတာတွေလုပ်တယ်ဆိုပေမယ့် အဆိုးတွေလည်း ပါကုန်တာပေါ့ဗျာ လူပဲအမှားမကင်းဘူးမဟုတ်လား သေခြာတာက ရည်ရွယ်ချက်ရှိရှိနဲ့ မကောင်းတာ မလုပ်ခဲ့ဘူးဆိုတာပါပဲ

ကျုပ်အသက်အရွယ်ဟာ ဘဝရဲ့နောက်ဆုံးသက်တမ်းပိုင်း ကောင်းတာတွေလည်းကြုံဖူးသလို ဆိုးတာတွေလည်းကြုံဖူးပြီ လောကဓံအစုံပေါ့ဗျာ အခုချိန်မှာတော့ တကယ်ကို အေးအေးလူလူနေချင်တော့တယ် စပါးကွင်းနံ့လေးတွေသင်းနေတဲ့ မွေးရပ်မြေမှာ အပူအပင်ကင်းကင်းနေချင်တယ် မိဘများကိုလည်း တမ်းတမိပါရဲ့ ကျုပ်ပြည်သူ ကျုပ်နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေတော့ တာဝန်ထမ်းချင်မိတဲ့စိတ်ကလည်း ပျောက်မသွားးး

နောင်ဘဝဆိုတာရှိရင်တော့ အစိုးရတွေ အကြီးအကဲတွေ မဖြစ်ပါစေနဲ့ပဲ ဆုတောင်းမိတယ် လိုလေသေးမရှိ ပရဟိတလုပ်နိုင်တဲ့သူမျိုး တစ်ပြည်လုံးက ကလေးငယ်တွေကို အပတ်စဉ် နွားနို့အဝ လှူနိုင်လောက်တဲ့သူမျိုး ဖြစ်ရင်တော့ ခပ်ကောင်းကောင်းပဲ
တွေ့ဆုံ ကြုံကွဲ သမ္မတ ရာထူးကို နှုတ်ဆက်ခဲ့တယ်ပေါ့ဗျာ ကျုပ်ကို ချစ်တဲ့သူတွေရော မုန်းတဲ့သူတွေရော အားလုံးဟာ ကျုပ်ပြည်သူတွေပဲမို့ အထူးတလည် မတုန်လှုပ်တော့ပါဘူး အားလုံးကို ကျေးဇူးတင်နေမှာပါ ရသမျှအချိန်လေးမှာတော့ အကောင်းဆုံးလေးတွေ လုပ်ပေးသွားချင်ခဲ့တာပါ ကျုပ်လက်ထက်မှာမဟုတ်လည်း အစိုးရသစ်လက်ထက်မှာဖြစ်ဖြစ် အာရှထိပ်သီးနိုင်ငံဖြစ်လာစေချင်မိတာ ရင်ထဲက ခံစားချက်ပါ

ကျုပ်က အင်္ဂလိပ်လို မကျွမ်းကျင်ပါဘူး ဒါပေမယ့် ကျုပ်ပြည်သူတွေကိုတော့ ပညာရေးမှာ မျက်နှာမငယ်စေချင်ခဲ့တာပါ
ကျုပ်က ထိပ်ပြောင်ပြောင်နဲ့ ခပ်ပုပု သမ္မတ တစ်ယောက်ပါ ကျုပ်ပြည်သူအားလုံးကိုတော့ အတတ်နိုင်ဆုံး ကောင်းအောင် လုပ်ပေးခဲ့တာပါ

တစ်ချိန်ချိန်ကျရင် ....တစ်ချိန်ချိန်ကျရင်တော့ ကျုပ်ဆုတောင်းတွေအမှန်တကယ်ဖြစ်လာမယ်ထင်ပါတယ်
ကျုပ်ချစ်တဲ့ပြည်သူပြည်သားတွေနဲ့ အမိမြေ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ပါစေ လို့ ..................................................................

This is my ideas for Mr. President.
I think that he is our best President. May happy, healthy and peaceful Mr.
Good Bye!

Welcome to next President.
(myatmonphyo)
ဓမ္မဘက်တော်သား ဧရာဝတီ

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...