ပိဋကတ္ဟူသည္
----
ဘာသာေရးက်မ္းမ်ားကိုေလ့လာတဲ႕အခါ ဗုဒၶက်မ္းမ်ားတင္မကပါဘူး ဘာသာေပါင္းစံုမွ ခရစ္ယာန္ အစၥလာမ္ ဟိႏၵဴ အစရွိသေရြ႕ က်မ္းမ်ားမွာ ေရွးအစဥ္အဆက္က မူတစ္မ်ိဳးတည္းသာ ျဖစ္ပါသလားဆိုတာ အတိအက်မည္သူမွွ် ေျဖဆိုေထာက္ျပနိုင္လိမ့္မယ္လို႕ မထင္ပါဘူးခင္ဗ်ာ ။ ဘာေႀကာင့္လဲဆိုရင္ ေရြ႕လ်ားလာတဲ႕ သာသနာခရီးတစ္ေလ်ာက္ ေစာင့္ထိန္းလာခဲႀကတဲ႕ သာသနာ့စာေပပညာရွင္မ်ားစြာရွိသည့္အေလ်ာက္ ထိုသူတို႕ရဲ႕ အာေဘာ္မ်ားလည္း ပါဝင္နိုင္ပါလိမ့္မယ္ ။ ထို႕အတူပဲ ပိဋကတ္စာေပမ်ားးကို ဘုရားေဟာ ဟုတ္မဟုတ္ တိက်လား မက်လားဆ္ုိတာ နည္းနည္းေလ့လာႀကည့္မယ္ဆိုရင္ ကာလေဒသကုိ ထည့္သြင္းစဥ္းစားရပါမယ္ ။ ေနာက္ျပီး သမိုင္းေႀကာင္းရယ္ ထိုေခတ္က အေျခအေနအျပင္ ထိုအယူဝါဒ မေပၚမီ ေရွ႕ဦးရွိႏွင့္ျပီးေသာ ေခတ္ကာလ ေဒသအယူဝါဒနဲ႕ အေျခအေနတို႕ကို အတက္နိုင္ဆံုး နားလည္ထားရမွာျဖစ္ပါတယ္ ။ နည္းနည္းေလ့လာႀကည့္မယ္ဆိုရင္ ျမန္မာနိုင္ငံက ပါဠိပိဋကတ္ဟာ သီဟိုဠ္ကြ်န္းမွ ေရာက္ရွိလာတဲ႕ပိဋကတ္က်မ္းမ်ားျဖစ္ပါတယ္ ။ သီဟိုဠ္သားတို႕ရဲ႕ ဗုဒၶဝင္က်မ္းမ်ားမွာ ဘီစီ ၃ ရာစု သု႕မဟုတ္ ခရစ္မေပၚမွီ တတိယ ရာစုေခတ္ေလာက္က အိႏၵိယျပည္ေျမာက္ပိုင္းမွ သီဟိုဠ္ကြ်န္းသို႕ေရာက္ရွိလာျပီး သီဟိုဠ္သားတို႕က ပိဋကတ္ကို ႏႈတ္ျဖင့္ေဆာင္ခဲ႕ကာ ဘီစီ ပထမေခတ္ကုန္ခါနီးေလာက္မွ ေပထက္အကၡရာ တင္ခဲ႕ျခင္းျဖစ္ပါတယ္ ။ သီဟိုဠကြ်န္းဟာ အိႏၵိယျပည္မွ ပထမဦးစြာ အေျခစိုက္ေသာ ဗုဒၶဝါဒျဖစ္ျပီး အဲ႕ဒီ႕ေနာက္မွ ပိဋကတ္စာေပကို အျခားအာရွေတာင္ပိုင္းနိုင္ငံမ်ားသို႕ ပ်ံ႕နွံ႕သြားခဲ႕ဟန္တူပါတယ္ ။
ပိဋကတ္စာေပဟာ အိႏၵိယျပည္မွာ စတင္ေပၚေပါက္ခဲ႕ျပီး သီဟိုဠ္သားတို႕က ပိဋကတ္ကို ျပင္ဆင္ေျပာင္းလဲျခင္းမျပဳပဲ အေသာကမင္းလက္ထပ္မွာ တတိယသံဂၤါယနာတင္ေသာ ဝိဘဇၨဝါဒီရဟန္းတို႕ ႏႈတ္ျဖင့္ ေဆာင္ခဲ႕ေသာ ေထရဝါဒ ပိဋကတ္ျဖစ္ပါတယ္။ အဲ႕ဒီမွာတစ္ခ်က္ ထင္ရွားတာဟာ ေထရဝါဒဂိုဏ္းသည္ ဒုတိယသဂၤါယနာတင္ျပီး ေပၚပါက္ခဲ႕ေသာ ေရွးဗုဒၶဂိုဏ္းႀကီး ၁၈ ဂိုဏ္းမွ တစ္ဂိုဏ္းျဖစ္ပါတယ္ ။ အဲ႕ဒီ႕ကထူးျခားတာက သဗၺတၱိဝါဒဂိုဏ္းပါပဲ ။ ထိုဂိုဏ္းရဲ႕ ပိဋကတ္ကို သကၠတဘာသာနဲ႕သာေရးသားထားျပီး အခ်ိဳ႕ေသာက်မ္းမ်ားက အာရွတိုက္အလယ္ပိုင္း အေရွ႕တာကစၥတန္ျပည္နဲ႕ နီေပါျပည္မွာ ေတြ႕ရပါတယ္။ အဲ႕ဒီလိုဂိုဏ္းကြဲေနေသာ္လည္း ပါဠိပဋကတ္က်မ္းမ်ားမွာ အားလံုးအေတာ္အတန္တူေနတာေတြ႕ရပါတယ္ ။ ဆိုပါစို႕ သကၠဝိနည္း ပိဋကတ္မွာေဖၚျပထားတဲ႕ ဝိနည္းသိကၡာပုဒ္မ်ားနဲ႕ ဘာမွ မကြဲျပားခဲ႕ပါဘူး။
တစ္ခ်ိဳ႕ သကၠတ ပိဋကတ္က်မ္းမ်ားကို တရုတ္ တိဗက္ ဂ်ပန္ စတဲ႕ ဘာသာမ်ားကိုျပန္ဆိူထားျပီး ထိုက်မ္းမ်ားဟာေတာ့ မဟာယာန က်မ္းမ်ား ျဖစ္ပါတယ္ ။ မဟာယာနက ဗုဒၶဝါဒီကို မည္မွ်ပင္ ခ်ဲ႕ကား အမႊမ္းတင္ျပီး ေရးဖြဲ႕ထားသည္ဆ္ုေသာ္လည္း ဝါဒသစ္မ်ား ဖန္တီး ေဖၚေဆာင္ကာမွ်ျဖင့္ အသံုးျပဳခဲ႕ေသာ စကားတို႕မွာ လံုးဝ ေျပာင္းလဲရနိုင္မယ္ ။ သို႕ေသာ္ မဟာယာနတင္မက ဗုဒၶရဲ႕ ဂိုဏ္းကြဲမ်ားပင္လ်င္ အိႏၵိယျပည္မွ ရရွိလာေသာမူရင္းက်မ္းကို ေျပာင္းလဲ ျခင္း လံုးဝမျပဳခဲ႕ႀကပါဘူး ။ ဒါဟာ ထင္ရွားတဲ႕ အခ်က္တစ္ခုပါ ။ တူညီတဲ႕ တရားေဒသနာမ်ားကို ပိဋကတ္ႏွစ္ခုမွာ စီစဥ္ခြဲျခားထားပံုမွာလဲ အတူတူပဲ ။ မတူညီတဲ႕ ေဒသနာမ်ားလည္းရွိတယ္ ။ သို႕ေသာ္ စဥ္းစားရမွာက တရားေဒသနာမ်ားကို ႏွစ္ေပါင္းမ်ားစြာ ႏႈတ္ျဖင့္ ေဆာင္ခဲ႕ရာမွ ျဖစ္ေပၚလာတဲ႕ ပိဋကတ္ႏွစ္ခုဟာ မည္ကဲ႕သို႕ တူညီေနသလဲဆိုတာ အံ႕ႀသစရာေကာင္းပါတယ္ ။ တခ်ိဳ႕ေနရာမ်ားကေတာ့ကာလေဒကိုလိုက္ျပီး ကြဲလႊဲနိုင္ပါတယ္ ။ ဒါလည္း ဓမၼတာပါပဲ။ သို႕ေသာ္ ကြဲလႊဲလာသမွ်ကို ဘုရားေဟာ လို႕ေတာ့့ ယူသံုးလို႕မရပါဘူး ။ ဥေရာပပညာရွင္တို႕ရဲ႕ အဆိုအားျဖင့္ေတာ့ ပိဋကတ္ႏွစ္ခုမွာ ဖြဲ႕စည္းပံုျခင္းမတူႀကပါဘူးလို႕ ေျပာပါတယ္ ။ အကၡရာမတင္မွီ ႏွစ္ေပါင္းအေတာ္ႀကာက ပိဋကတ္မ်ားကို စာျဖင့္ ေရးမွတ္တဲ႕အခါ စီကံုးဖြဲ႕ႏႊဲ႕တဲ႕ နည္းဟန္မေျပာင္လဲပဲ ႏႈတ္ငံုေဆာင္သည့္အတိုင္းေရးမွတ္ႀကေသာေႀကာင့္အေရးအသားေခ်ာမြတ္ျခင္းမရွိခဲ႕ပါဘူး ။ ထို႕ေနာက္မွသာ အာရွတိုက္အလယ္ပိုင္းမွာ စာေရးျခင္းအတက္ေပၚျပီးမွ စာေပအျဖင့္ကားေျပာင္းလာကာ စီစီရီရီ ေရးဖြဲ႕ခဲ႕ဟန္ရွိပါတယ္ ။
ဗုဒၶလက္ထက္က အိႏၵိယျပည္မွာ စာေရးျခင္းအတက္ ေပၚေပါက္ေနျပီျဖစ္ေႀကာင္း အေထာက္အထားမ်ားစြာရွိပါတယ္ ။ ဒါေပမယ့္ ထိုေခတ္အေနအေနအရ စာေပစကားထက္ ႏႈတ္စကားကို အေလးအျမတ္ထားခဲ႕ႀကေသာေႀကာင့္တာ အခ်ိ္န္ႀကာသည့္တိုင္ စာေပအကၡရာစီေရာက္မလာနိုင္ခဲ႕ျခင္းျဖစ္ပါတယ္ ။ ဂ်ိ္န္းဘာသာက ပိဋကတ္ဆိုရင္ ေအဒီ ၅ ရာစုေလာက္မွ စာေပျဖစ္လာခဲ႕တယ္လို႕ ေလ့လာဖူးပါတယ္ ။ ဝိမာန ဝတၱဳနဲ႕ ေပတဝတၴဳတို႕က ပိဋကတ္ထဲ အေတာ္ေနာက္က်မွ ဝင္လာဟန္ရွိပါတယ္ ။ ဘာေႀကာင့္လဲဆိုရင္ ေပတဝတၱဳမွာပါရွိတဲ႕ ပိဂၤေလာကဘုရင္မွာ ဘုရားရွင္ ပရိနိဗၺာန္စံဝင္ျပီးေနာက္ႏွစ္ေပါင္း ၂၀၀ ေက်ာ္မွ စူရတ္ျပည္ကို အုပ္စိုးတဲ႕ မင္းျဖစ္လို႕ပါပဲ ။ ၁၈၉၄ ခုႏွစ္က ယိုးဒယားဘုရင္ဟာ အေနာက္နိုင္ငံစာႀကည့္တိုက္မ်ားကိုေပးလွဴတဲ႕ ပိဋကတ္သံုးပံုမွာ အဲ႕ဒီ႕ဝတၴဳေတြ မပါဝင္ခဲ႕ပါဘူး ။ မဇၩိမနိကာယ္က အႆလာယနသုတ္မွာပါတဲ႕ ေယာနက ကေမ႓ာဇနိုင္ငံအမည္ကိုေထာက္ျပီး အေသာသမင္းလက္ထက္မတိုင္မီ ဂရိကို ဗက္ထရီးယားနိုင္ငံ ထင္ရွားရွိစဥ္က ျဖစ္ေပၚလာဟန္တူပါတယ္လို႕ အေနာက္နိုင္ငံ ပါဠိပညာရွင္တို႕က ေဖၚျပထားတာ ဖတ္ရႈဖူးပါတယ္ ။
ေနာက္ထက္တစ္ခုကို အလ်င္းသင့္လို႕ေဖၚျပေပးပါမယ္ ။ ဆင့္ခ်ိန္နိုင္စြမ္းရွိေအာင္ပါ။ ဒီလိုပါ ေထရဝါဒနဲ႕ မဟာယာနတို႕ရဲ႕ သဂၤါယနာတင္ပံုမွာ ေထရဝါဒ သဂၤါယနာတင္ပြဲက ၁ ရာဇၿဂိဳဟ္ ၂ ေဝသာလီ ၃ ပါဋလိပုတ္ ၄ သိဟိုဠ္ ၅ မေႏၱေလး ၆ ရန္ကုန္ ျဖစ္ျပီး မဟာယာနက ၁ ရာဇၿဂိဳလ္ ၂ ေဝသာလီ ၃ ကသွ်မီရလို႕တဲ႕ သံုူပြဲသာျဖစ္ပါတယ္။ ကသွ်မီရ သဂၤါရနာတင္ပြဲကို က်င္းပခဲ႕တဲ႕ ကန္နစ္သွ်ကမင္းဟာ ေထရဝါဒ နဲ႕ မဟာယာနႏွစ္ဂိုဏ္းစလံုးကို သက္ဝင္ယံုႀကည္သူျဖစ္တဲ႕အေလ်ာက္ သာသနာသကၠရာဇ္ ၇၀၀ ခုႏွစ္ခန္႕ ေအဒီ ၁၀၀ ေလာက္မွာ သဂၤါယနာပြဲကို ျပဳလုပ္ခဲ႕တယ္လို႕ သိရပါတယ္ ။ ခရစ္မေပၚမီ ဘီစီ ၅၄၃ ခုႏွစ္မွာ အေဇာတသတ္မင္းက ဒါယိကာအျဖင့္ဦးေဆာင္ျပီး သဂါရနာပြဲမွာ မပါဝင္တဲ႕ ရဟန္ူေတာ္မ်ားအားလံုး ရာဇျဂိဳလ္ျပည္မွာ ဝါမဆိုရလို႕ မင္းအာဏာထုတ္ျပီး အမိန္႕ထု္ခဲ႕ပါတယ္ ။ အဲ႕ဒီ႕အမိန္႕ကို စာေပမွာ သဂၤါရနာတင္အႀကီးမွဴးတို႕၏ ကမၼဝါစာ ညွပ္၍ ထုတ္ရေသာ အမိန္႕လို႕ ဆိုပါတယ္ ။ ေနာက္ေတာ့ဘခရစ္မေပၚမီ ဘီစီ ၄၄၄ ( အဇာတသတ္မင္းႀကီးျဖိဳခြင္းသည့္သကၠရာဇ္ ၁၀၀ ႏွစ္ ) သာသနာသကၠရာဇ္ ၁၀၀ ခုႏွစ္သို႕အေရာက္ ေဝသာလီျပည့္ရွင္ ကာလာေသာကမင္း အသက္က ၁၀ ႏွစ္ေျမာင္ ထပ္မံ မတရားအဓမၼဝတၳဳ ၁၀ ပါးေပၚထြက္ခဲ႕ပါတယ္ ။ အဲ႕ဒါကိုအေႀကာင္းျပဳျပီး ေဝႆာလီဘုရင္ကာလာေသာကမင္းႏွင့္တကြ အရွင္မဟာယႆေထရ္ တို႕အမွဴးျပဳဦးစီးျပီး ဒုတယအႀကိမ္ တင္ခဲ႕ပါတယ္။ အဲ႕ဒီ႕အခ်ိန္က ျမန္မာနိုင္ငံမွာ သေရေခတၱရာ ဒုတိယမင္း ဒြတၱေပါင္မင္းနဲ႕ ထီးျပိဳင္ နန္းျပိဳင္လို႕ ေတြ႕ရွိရပါတယ္ ။
သာသနာသကၠရာဇ္ ၂၃၅ ခုႏွစ္လဲေရာက္ေရာ သီရိဓမၼာေသာကမင္းႀကီးက တတိယသဂါယနာတင္ခဲ႕ပါတယ္ ။ ထိုမင္းလက္ထက္မွ သာသနာမွာအလြန္အမင္ ထြန္းလင္းခဲ႕ရျပီး ကိုးတိုင္း ကိုးဌာနကို သာသနာေစလႊတ္တဲ႕အခါ ရွင္ဓမၼရကၡိတက ျမန္မာနိုင္ငံနဲ႕တရုတ္နိုင္ငံဘက္ကိုေရာက္ရွိျပီး ရွင္ေသာဏနဲ႕ ရွင္ဥတၲရတို႕က သုဝ႑ဘံုမိ(အင္ဒိုခ်ိဳင္းနားကြ်န္းဆြယ္ သို႕မဟုတ္ သထံု ) ကိုေရာက္ရွိကာ သီရိဓမၼာေသာသမင္းႀကီးရဲ႕သားေတာ္ ရွင္မဟိႏၵက သီဟိုဠ္နိုင္ငံကို ေရာက္ရွိတယ္လို႕ ေတြ႕ရွိရပါတယ္ ။ အဲ႕ဒီ႔ေနာက္ သာနာသကၠရာဇ္ ၄၅၀ ဘီစီ ၉၄ မွာ လကၤာဒီပ သီဟဠတည္းဟုေသာ သီဟိုဠ္နိုင္ငံ ဘုရင္ ဝဋၬဂါမဏိ မင္းႀကီးလက္ထက္၌ မာလာယဇနပုဒ္ အာေလာကလႈိင္ဂူမွာ ပိဋကတ္သံုးပံုကို အာငံုတိုက္ေဆာင္ႀကကုန္ေသာ ရဟန္းသံဃာေတာ္ျမတ္တို႕က ေနာင္အနာဂတ္ကာလမွာ သာသနာေပ်ာက္ပ်က္မွာစိုးတဲ႕အတြက္ေႀကာင့္ သီဟိုဠ္ဘာသာျဖင့္ ေပထက္မွာေရးလ်က္ ေပထက္အကၡရာကို စတုတၱအႀကိမ္ တင္ခဲ႕ႀကပါတယ္ ။ အဲ႕ဒီ႕ေနာက္မွ ေကာဇာသကၠရာဇ္ ၁၂၃၃ လည္းေရာက္ေရာ သာသနာသကၠရာဇ္ ၂၄၁၅ ခုႏွစ္မွာ မႏၱေလး ရတနာပံုေနျပည္ေတာ္ စတင္တည္ေထာင္ခဲ႕တဲ႕ဘုရင္မင္းျမတ္ မင္းတုန္းမင္းတရားႀကီးက ဓမၼတရားေတာ္ကို တည္တံ႕ေအာင္ဆိုျပီး ေပထက္အကၡရာကေန ေက်ာက္ထပ္အကၡရာသို႕ေရးထြင္းျပီး ပဥၶအႀကိမ္ သဂၤါယနာတင္ခဲ႕ျပန္ပါတယ္ ။ ေနာက္ဆံုးေျခာက္ႀကိမ္ေျမာက္ သဂၤါယနာကိုေတာ့ သာသနာသကၠရာဇ္ ၂၅၀၀ ခုႏွစ္ ျမန္မာနိုင္ငံ ဖဆပလ အစိုးရလက္ထပ္မွာ ရန္ကုန္ျမိဳ႕ ကမၻာေအး ကုန္းေျမမွာ ဓမၼစက္တရားေနာ္မ်ားကို ေပထက္အကၡရာ ေက်ာက္ထက္အကၡရာမွ စကၠဴထက္အကၡရာသို႕ေရးျပီး ယခုထပ္တိုင္ ျပန္႕ပြားလာခဲ႕ျခင္းျဖစ္ပါတယ္။
စာလည္း နည္းနည္းရွည္သြားျပီ ။ ဗဟုသုတေတြလဲ ရေလာက္လိမ့္မယ္လို႕ထင္မိပါတယ္ ။ ဒါေႀကာင့္ အခ်ဳပ္အေနနဲ႕ေျပာရရင္ေတာ့ ဆရာႀကီး ဦးေအးေမာင္စကားနဲ႕တာ အဆံုးသတ္ပါရေစ ။ ဆရာႀကီးရဲ႕အာေဘာ္က " တစ္ခုနဲ႕ တစ္ခု ဆန္႕က်င္တစ္ေယာင္ျဖသ္ေနေသာ အခ်ိဳ႕ပိဋကတ္ ေဒသနာမ်ားကို ေလ့လာရာ၌ကား ႀကားနာေသာပုဂၢိဳလ္ႏွင့္ ကာလေဒသကို ထည့္သြင္းစဥ္းစားရေပမည္ ။ တစ္နညး္ဆိုေသာ္ ဗုဒၶတရားကို ေကာင္းစြာ သိျမင္နားလည္ရန္ ဗုဒၶဝါဒ၏ သမိုင္း ဗုဒၶမပြင့္မီက ရွိႏွင့္ျပီးျဖစ္ေသာ အိႏၵိယဝါဒ၏ အယူ ။ အေတြးအေခၚႏွင့္ ေခတ္အေျခအေနကို သိရွိဖို႕လို၏ ။ ဗုဒၶသည္ မည္သို႕ေသာ ပုဂၢိဳလ္ျဖစ္သည္ ။ မည္သို႕ေသာသူမ်ိဳးကို ေဟာေျပာသည္ ။ ေဟာေျပာရာ၌ မည္သို႕ေသာနည္းကိုသံုးသည္ ။ စသည္တို႕ကို ေကာင္းစြာ နားလည္ထားရေပမည္ ။ အယူဝါဒသစ္တစ္ခု ေပၚထြန္းမႈသည္ ေရွးဦးပထမေဟာေျပာေသာ ပုဂၢိဳလ္ႏွင့္ ပတ္ဝန္းက်င္အေျခေနေပၚ၌ တည္ေႀကာင္း ကြ်နပ္တို႕ မေမ့သင့္ေခ် " လို႕ ေရးသာူခဲ႕ပါတယ္ ။ ယခုလက္ရွိပါဠိပိဋကတ္မ်ားမွာလည္း အေနာက္တိုင္းပညာရွင္မ်ားျဖစ္ႀကသည့္ ေဒါက္တာရိုင္ေဒးဗစ္ အစရွိေသာ ပါဠိကို ႏွံ႕စက္ေအာင္ ေလ့လာခဲ႕သည့္ဘပညာရွင္တို႕ပင္လွ်င္ ပိဋကတ္မွာ ျမတ္စြာဘုရား၏ အဆံုးအမကိုဆန္႕က်င္၍ ကြဲျပားလာဟန္လံုးဝမရွိပါဟု အတည္အလင္း ထုတ္ေဖၚ ေရးသားခဲ႕ျပီးျဖစ္ပါတယ္ ။ ဒါေႀကာင့္ အနည္းနည္းေျပာင္းလဲလာေသာ ေခတ္အေနအေနကိုလိုက္ကာ ဘုရားေဟာခဲ႕ေသာတရားမဟုတ္ပါဟု ျငင္းဆိုမႈသည္ !
ဗဟုသုတရႀကပါေစခင္ဗ်ာ ။
#htoohtoolay
----
ပိဋကတ်ဟူသည်
----
ဘာသာရေးကျမ်းများကိုလေ့လာတဲ့အခါ ဗုဒ္ဓကျမ်းများတင်မကပါဘူး ဘာသာပေါင်းစုံမှ ခရစ်ယာန် အစ္စလာမ် ဟိန္ဒူ အစရှိသရွေ့ ကျမ်းများမှာ ရှေးအစဉ်အဆက်က မူတစ်မျိုးတည်းသာ ဖြစ်ပါသလားဆိုတာ အတိအကျမည်သူမှျှ ဖြေဆိုထောက်ပြနိုင်လိမ့်မယ်လို့ မထင်ပါဘူးခင်ဗျာ ။ ဘာကြောင့်လဲဆိုရင် ရွေ့လျားလာတဲ့ သာသနာခရီးတစ်လျောက် စောင့်ထိန်းလာခဲကြတဲ့ သာသနာ့စာပေပညာရှင်များစွာရှိသည့်အလျောက် ထိုသူတို့ရဲ့ အာဘော်များလည်း ပါဝင်နိုင်ပါလိမ့်မယ် ။ ထို့အတူပဲ ပိဋကတ်စာပေများးကို ဘုရားဟော ဟုတ်မဟုတ် တိကျလား မကျလားဆ်ိုတာ နည်းနည်းလေ့လာကြည့်မယ်ဆိုရင် ကာလဒေသကို ထည့်သွင်းစဉ်းစားရပါမယ် ။ နောက်ပြီး သမိုင်းကြောင်းရယ် ထိုခေတ်က အခြေအနေအပြင် ထိုအယူဝါဒ မပေါ်မီ ရှေ့ဦးရှိနှင့်ပြီးသော ခေတ်ကာလ ဒေသအယူဝါဒနဲ့ အခြေအနေတို့ကို အတက်နိုင်ဆုံး နားလည်ထားရမှာဖြစ်ပါတယ် ။ နည်းနည်းလေ့လာကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက ပါဠိပိဋကတ်ဟာ သီဟိုဠ်ကျွန်းမှ ရောက်ရှိလာတဲ့ပိဋကတ်ကျမ်းများဖြစ်ပါတယ် ။ သီဟိုဠ်သားတို့ရဲ့ ဗုဒ္ဓဝင်ကျမ်းများမှာ ဘီစီ ၃ ရာစု သု့မဟုတ် ခရစ်မပေါ်မှီ တတိယ ရာစုခေတ်လောက်က အိန္ဒိယပြည်မြောက်ပိုင်းမှ သီဟိုဠ်ကျွန်းသို့ရောက်ရှိလာပြီး သီဟိုဠ်သားတို့က ပိဋကတ်ကို နှုတ်ဖြင့်ဆောင်ခဲ့ကာ ဘီစီ ပထမခေတ်ကုန်ခါနီးလောက်မှ ပေထက်အက္ခရာ တင်ခဲ့ခြင်းဖြစ်ပါတယ် ။ သီဟိုဠကျွန်းဟာ အိန္ဒိယပြည်မှ ပထမဦးစွာ အခြေစိုက်သော ဗုဒ္ဓဝါဒဖြစ်ပြီး အဲ့ဒီ့နောက်မှ ပိဋကတ်စာပေကို အခြားအာရှတောင်ပိုင်းနိုင်ငံများသို့ ပျံ့နှံ့သွားခဲ့ဟန်တူပါတယ် ။
ပိဋကတ်စာပေဟာ အိန္ဒိယပြည်မှာ စတင်ပေါ်ပေါက်ခဲ့ပြီး သီဟိုဠ်သားတို့က ပိဋကတ်ကို ပြင်ဆင်ပြောင်းလဲခြင်းမပြုပဲ အသောကမင်းလက်ထပ်မှာ တတိယသံင်္ဂါယနာတင်သော ဝိဘဇ္ဇဝါဒီရဟန်းတို့ နှုတ်ဖြင့် ဆောင်ခဲ့သော ထေရဝါဒ ပိဋကတ်ဖြစ်ပါတယ်။ အဲ့ဒီမှာတစ်ချက် ထင်ရှားတာဟာ ထေရဝါဒဂိုဏ်းသည် ဒုတိယသင်္ဂါယနာတင်ပြီး ပေါ်ပါက်ခဲ့သော ရှေးဗုဒ္ဓဂိုဏ်းကြီး ၁၈ ဂိုဏ်းမှ တစ်ဂိုဏ်းဖြစ်ပါတယ် ။ အဲ့ဒီ့ကထူးခြားတာက သဗ္ဗတ္တိဝါဒဂိုဏ်းပါပဲ ။ ထိုဂိုဏ်းရဲ့ ပိဋကတ်ကို သက္ကတဘာသာနဲ့သာရေးသားထားပြီး အချို့သောကျမ်းများက အာရှတိုက်အလယ်ပိုင်း အရှေ့တာကစ္စတန်ပြည်နဲ့ နီပေါပြည်မှာ တွေ့ရပါတယ်။ အဲ့ဒီလိုဂိုဏ်းကွဲနေသော်လည်း ပါဠိပဋကတ်ကျမ်းများမှာ အားလုံးအတော်အတန်တူနေတာတွေ့ရပါတယ် ။ ဆိုပါစို့ သက္ကဝိနည်း ပိဋကတ်မှာဖေါ်ပြထားတဲ့ ဝိနည်းသိက္ခာပုဒ်များနဲ့ ဘာမှ မကွဲပြားခဲ့ပါဘူး။
တစ်ချို့ သက္ကတ ပိဋကတ်ကျမ်းများကို တရုတ် တိဗက် ဂျပန် စတဲ့ ဘာသာများကိုပြန်ဆိူထားပြီး ထိုကျမ်းများဟာတော့ မဟာယာန ကျမ်းများ ဖြစ်ပါတယ် ။ မဟာယာနက ဗုဒ္ဓဝါဒီကို မည်မျှပင် ချဲ့ကား အမွှမ်းတင်ပြီး ရေးဖွဲ့ထားသည်ဆ်ုသော်လည်း ဝါဒသစ်များ ဖန်တီး ဖေါ်ဆောင်ကာမျှဖြင့် အသုံးပြုခဲ့သော စကားတို့မှာ လုံးဝ ပြောင်းလဲရနိုင်မယ် ။ သို့သော် မဟာယာနတင်မက ဗုဒ္ဓရဲ့ ဂိုဏ်းကွဲများပင်လျင် အိန္ဒိယပြည်မှ ရရှိလာသောမူရင်းကျမ်းကို ပြောင်းလဲ ခြင်း လုံးဝမပြုခဲ့ကြပါဘူး ။ ဒါဟာ ထင်ရှားတဲ့ အချက်တစ်ခုပါ ။ တူညီတဲ့ တရားဒေသနာများကို ပိဋကတ်နှစ်ခုမှာ စီစဉ်ခွဲခြားထားပုံမှာလဲ အတူတူပဲ ။ မတူညီတဲ့ ဒေသနာများလည်းရှိတယ် ။ သို့သော် စဉ်းစားရမှာက တရားဒေသနာများကို နှစ်ပေါင်းများစွာ နှုတ်ဖြင့် ဆောင်ခဲ့ရာမှ ဖြစ်ပေါ်လာတဲ့ ပိဋကတ်နှစ်ခုဟာ မည်ကဲ့သို့ တူညီနေသလဲဆိုတာ အံ့သြစရာကောင်းပါတယ် ။ တချို့နေရာများကတော့ကာလဒေကိုလိုက်ပြီး ကွဲလွှဲနိုင်ပါတယ် ။ ဒါလည်း ဓမ္မတာပါပဲ။ သို့သော် ကွဲလွှဲလာသမျှကို ဘုရားဟော လို့တော့့ ယူသုံးလို့မရပါဘူး ။ ဥရောပပညာရှင်တို့ရဲ့ အဆိုအားဖြင့်တော့ ပိဋကတ်နှစ်ခုမှာ ဖွဲ့စည်းပုံခြင်းမတူကြပါဘူးလို့ ပြောပါတယ် ။ အက္ခရာမတင်မှီ နှစ်ပေါင်းအတော်ကြာက ပိဋကတ်များကို စာဖြင့် ရေးမှတ်တဲ့အခါ စီကုံးဖွဲ့နွှဲ့တဲ့ နည်းဟန်မပြောင်လဲပဲ နှုတ်ငုံဆောင်သည့်အတိုင်းရေးမှတ်ကြသောကြောင့်အရေးအသားချောမွတ်ခြင်းမရှိခဲ့ပါဘူး ။ ထို့နောက်မှသာ အာရှတိုက်အလယ်ပိုင်းမှာ စာရေးခြင်းအတက်ပေါ်ပြီးမှ စာပေအဖြင့်ကားပြောင်းလာကာ စီစီရီရီ ရေးဖွဲ့ခဲ့ဟန်ရှိပါတယ် ။
ဗုဒ္ဓလက်ထက်က အိန္ဒိယပြည်မှာ စာရေးခြင်းအတက် ပေါ်ပေါက်နေပြီဖြစ်ကြောင်း အထောက်အထားများစွာရှိပါတယ် ။ ဒါပေမယ့် ထိုခေတ်အနေအနေအရ စာပေစကားထက် နှုတ်စကားကို အလေးအမြတ်ထားခဲ့ကြသောကြောင့်တာ အချိ်န်ကြာသည့်တိုင် စာပေအက္ခရာစီရောက်မလာနိုင်ခဲ့ခြင်းဖြစ်ပါတယ် ။ ဂျိ်န်းဘာသာက ပိဋကတ်ဆိုရင် အေဒီ ၅ ရာစုလောက်မှ စာပေဖြစ်လာခဲ့တယ်လို့ လေ့လာဖူးပါတယ် ။ ဝိမာန ဝတ္တုနဲ့ ပေတဝတ္ထုတို့က ပိဋကတ်ထဲ အတော်နောက်ကျမှ ဝင်လာဟန်ရှိပါတယ် ။ ဘာကြောင့်လဲဆိုရင် ပေတဝတ္တုမှာပါရှိတဲ့ ပိင်္ဂလောကဘုရင်မှာ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီးနောက်နှစ်ပေါင်း ၂၀၀ ကျော်မှ စူရတ်ပြည်ကို အုပ်စိုးတဲ့ မင်းဖြစ်လို့ပါပဲ ။ ၁၈၉၄ ခုနှစ်က ယိုးဒယားဘုရင်ဟာ အနောက်နိုင်ငံစာကြည့်တိုက်များကိုပေးလှူတဲ့ ပိဋကတ်သုံးပုံမှာ အဲ့ဒီ့ဝတ္ထုတွေ မပါဝင်ခဲ့ပါဘူး ။ မဇ္ဈိမနိကာယ်က အဿလာယနသုတ်မှာပါတဲ့ ယောနက ကမ္ဘောဇနိုင်ငံအမည်ကိုထောက်ပြီး အသောသမင်းလက်ထက်မတိုင်မီ ဂရိကို ဗက်ထရီးယားနိုင်ငံ ထင်ရှားရှိစဉ်က ဖြစ်ပေါ်လာဟန်တူပါတယ်လို့ အနောက်နိုင်ငံ ပါဠိပညာရှင်တို့က ဖေါ်ပြထားတာ ဖတ်ရှုဖူးပါတယ် ။
နောက်ထက်တစ်ခုကို အလျင်းသင့်လို့ဖေါ်ပြပေးပါမယ် ။ ဆင့်ချိန်နိုင်စွမ်းရှိအောင်ပါ။ ဒီလိုပါ ထေရဝါဒနဲ့ မဟာယာနတို့ရဲ့ သင်္ဂါယနာတင်ပုံမှာ ထေရဝါဒ သင်္ဂါယနာတင်ပွဲက ၁ ရာဇဂြိုဟ် ၂ ဝေသာလီ ၃ ပါဋလိပုတ် ၄ သိဟိုဠ် ၅ မန္တေလေး ၆ ရန်ကုန် ဖြစ်ပြီး မဟာယာနက ၁ ရာဇဂြိုလ် ၂ ဝေသာလီ ၃ ကသျှမီရလို့တဲ့ သုံူပွဲသာဖြစ်ပါတယ်။ ကသျှမီရ သင်္ဂါရနာတင်ပွဲကို ကျင်းပခဲ့တဲ့ ကန်နစ်သျှကမင်းဟာ ထေရဝါဒ နဲ့ မဟာယာနနှစ်ဂိုဏ်းစလုံးကို သက်ဝင်ယုံကြည်သူဖြစ်တဲ့အလျောက် သာသနာသက္ကရာဇ် ၇၀၀ ခုနှစ်ခန့် အေဒီ ၁၀၀ လောက်မှာ သင်္ဂါယနာပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ် ။ ခရစ်မပေါ်မီ ဘီစီ ၅၄၃ ခုနှစ်မှာ အဇောတသတ်မင်းက ဒါယိကာအဖြင့်ဦးဆောင်ပြီး သဂါရနာပွဲမှာ မပါဝင်တဲ့ ရဟန်ူတော်များအားလုံး ရာဇဂြိုလ်ပြည်မှာ ဝါမဆိုရလို့ မင်းအာဏာထုတ်ပြီး အမိန့်ထု်ခဲ့ပါတယ် ။ အဲ့ဒီ့အမိန့်ကို စာပေမှာ သင်္ဂါရနာတင်အကြီးမှူးတို့၏ ကမ္မဝါစာ ညှပ်၍ ထုတ်ရသော အမိန့်လို့ ဆိုပါတယ် ။ နောက်တော့ဘခရစ်မပေါ်မီ ဘီစီ ၄၄၄ ( အဇာတသတ်မင်းကြီးဖြိုခွင်းသည့်သက္ကရာဇ် ၁၀၀ နှစ် ) သာသနာသက္ကရာဇ် ၁၀၀ ခုနှစ်သို့အရောက် ဝေသာလီပြည့်ရှင် ကာလာသောကမင်း အသက်က ၁၀ နှစ်မြောင် ထပ်မံ မတရားအဓမ္မဝတ္ထု ၁၀ ပါးပေါ်ထွက်ခဲ့ပါတယ် ။ အဲ့ဒါကိုအကြောင်းပြုပြီး ဝေဿာလီဘုရင်ကာလာသောကမင်းနှင့်တကွ အရှင်မဟာယဿထေရ် တို့အမှူးပြုဦးစီးပြီး ဒုတယအကြိမ် တင်ခဲ့ပါတယ်။ အဲ့ဒီ့အချိန်က မြန်မာနိုင်ငံမှာ သရေခေတ္တရာ ဒုတိယမင်း ဒွတ္တပေါင်မင်းနဲ့ ထီးပြိုင် နန်းပြိုင်လို့ တွေ့ရှိရပါတယ် ။
သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်လဲရောက်ရော သီရိဓမ္မာသောကမင်းကြီးက တတိယသဂါယနာတင်ခဲ့ပါတယ် ။ ထိုမင်းလက်ထက်မှ သာသနာမှာအလွန်အမင် ထွန်းလင်းခဲ့ရပြီး ကိုးတိုင်း ကိုးဌာနကို သာသနာစေလွှတ်တဲ့အခါ ရှင်ဓမ္မရက္ခိတက မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံဘက်ကိုရောက်ရှိပြီး ရှင်သောဏနဲ့ ရှင်ဥတ္တရတို့က သုဝဏ္ဍဘုံမိ(အင်ဒိုချိုင်းနားကျွန်းဆွယ် သို့မဟုတ် သထုံ ) ကိုရောက်ရှိကာ သီရိဓမ္မာသောသမင်းကြီးရဲ့သားတော် ရှင်မဟိန္ဒက သီဟိုဠ်နိုင်ငံကို ရောက်ရှိတယ်လို့ တွေ့ရှိရပါတယ် ။ အဲ့ဒီ့နောက် သာနာသက္ကရာဇ် ၄၅၀ ဘီစီ ၉၄ မှာ လင်္ကာဒီပ သီဟဠတည်းဟုသော သီဟိုဠ်နိုင်ငံ ဘုရင် ဝဋ္ဋဂါမဏိ မင်းကြီးလက်ထက်၌ မာလာယဇနပုဒ် အာလောကလှိုင်ဂူမှာ ပိဋကတ်သုံးပုံကို အာငုံတိုက်ဆောင်ကြကုန်သော ရဟန်းသံဃာတော်မြတ်တို့က နောင်အနာဂတ်ကာလမှာ သာသနာပျောက်ပျက်မှာစိုးတဲ့အတွက်ကြောင့် သီဟိုဠ်ဘာသာဖြင့် ပေထက်မှာရေးလျက် ပေထက်အက္ခရာကို စတုတ္တအကြိမ် တင်ခဲ့ကြပါတယ် ။ အဲ့ဒီ့နောက်မှ ကောဇာသက္ကရာဇ် ၁၂၃၃ လည်းရောက်ရော သာသနာသက္ကရာဇ် ၂၄၁၅ ခုနှစ်မှာ မန္တလေး ရတနာပုံနေပြည်တော် စတင်တည်ထောင်ခဲ့တဲ့ဘုရင်မင်းမြတ် မင်းတုန်းမင်းတရားကြီးက ဓမ္မတရားတော်ကို တည်တံ့အောင်ဆိုပြီး ပေထက်အက္ခရာကနေ ကျောက်ထပ်အက္ခရာသို့ရေးထွင်းပြီး ပဉ္ဓအကြိမ် သင်္ဂါယနာတင်ခဲ့ပြန်ပါတယ် ။ နောက်ဆုံးခြောက်ကြိမ်မြောက် သင်္ဂါယနာကိုတော့ သာသနာသက္ကရာဇ် ၂၅၀၀ ခုနှစ် မြန်မာနိုင်ငံ ဖဆပလ အစိုးရလက်ထပ်မှာ ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေမှာ ဓမ္မစက်တရားနော်များကို ပေထက်အက္ခရာ ကျောက်ထက်အက္ခရာမှ စက္ကူထက်အက္ခရာသို့ရေးပြီး ယခုထပ်တိုင် ပြန့်ပွားလာခဲ့ခြင်းဖြစ်ပါတယ်။
စာလည်း နည်းနည်းရှည်သွားပြီ ။ ဗဟုသုတတွေလဲ ရလောက်လိမ့်မယ်လို့ထင်မိပါတယ် ။ ဒါကြောင့် အချုပ်အနေနဲ့ပြောရရင်တော့ ဆရာကြီး ဦးအေးမောင်စကားနဲ့တာ အဆုံးသတ်ပါရစေ ။ ဆရာကြီးရဲ့အာဘော်က " တစ်ခုနဲ့ တစ်ခု ဆန့်ကျင်တစ်ယောင်ဖြသ်နေသော အချို့ပိဋကတ် ဒေသနာများကို လေ့လာရာ၌ကား ကြားနာသောပုဂ္ဂိုလ်နှင့် ကာလဒေသကို ထည့်သွင်းစဉ်းစားရပေမည် ။ တစ်နညး်ဆိုသော် ဗုဒ္ဓတရားကို ကောင်းစွာ သိမြင်နားလည်ရန် ဗုဒ္ဓဝါဒ၏ သမိုင်း ဗုဒ္ဓမပွင့်မီက ရှိနှင့်ပြီးဖြစ်သော အိန္ဒိယဝါဒ၏ အယူ ။ အတွေးအခေါ်နှင့် ခေတ်အခြေအနေကို သိရှိဖို့လို၏ ။ ဗုဒ္ဓသည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်သည် ။ မည်သို့သောသူမျိုးကို ဟောပြောသည် ။ ဟောပြောရာ၌ မည်သို့သောနည်းကိုသုံးသည် ။ စသည်တို့ကို ကောင်းစွာ နားလည်ထားရပေမည် ။ အယူဝါဒသစ်တစ်ခု ပေါ်ထွန်းမှုသည် ရှေးဦးပထမဟောပြောသော ပုဂ္ဂိုလ်နှင့် ပတ်ဝန်းကျင်အခြေနေပေါ်၌ တည်ကြောင်း ကျွနပ်တို့ မမေ့သင့်ချေ " လို့ ရေးသာူခဲ့ပါတယ် ။ ယခုလက်ရှိပါဠိပိဋကတ်များမှာလည်း အနောက်တိုင်းပညာရှင်များဖြစ်ကြသည့် ဒေါက်တာရိုင်ဒေးဗစ် အစရှိသော ပါဠိကို နှံ့စက်အောင် လေ့လာခဲ့သည့်ဘပညာရှင်တို့ပင်လျှင် ပိဋကတ်မှာ မြတ်စွာဘုရား၏ အဆုံးအမကိုဆန့်ကျင်၍ ကွဲပြားလာဟန်လုံးဝမရှိပါဟု အတည်အလင်း ထုတ်ဖေါ် ရေးသားခဲ့ပြီးဖြစ်ပါတယ် ။ ဒါကြောင့် အနည်းနည်းပြောင်းလဲလာသော ခေတ်အနေအနေကိုလိုက်ကာ ဘုရားဟောခဲ့သောတရားမဟုတ်ပါဟု ငြင်းဆိုမှုသည် !
ဗဟုသုတရကြပါစေခင်ဗျာ ။
#htoohtoolay
myothetzaw23.blogspot.com

Comments
Post a Comment