တိရိစ္ဆာတို့၏ ဒေသပြောင်းရွေ့ခြင်း ဓလေ့
----
တိရိစ္ဆာန်တွေဟာ နှစ်စဉ်နှစ်တိုင်း ရာသီအလိုက် ဒေသတစ်ခုကနေ တစ်ခုကို ပြောင်းကူးတက်ပါတယ် ။ တိရိစ္ဆာန်တွေ ဒေသ ပြောင်းကူးရတဲ့ အကြောင်းအရင်းကတော့ သာမန်အားဖြင့် နှစ်မျိုးရှိတာဖြစ်တယ်လို့ ဒီလို ယူဆရတယ် ။ အဲ့ဒါကတော့ ရာသီဥတု အပြောင်းအလဲကြောင့် လည်းကောင်း / အစားအစာ ခေါင်းပါးခြင်း အရပ်ဒေသနဲ့ မမျှအောင်ကို တိရိစ္ဆာန်တွေ တိုးပွားလာခြင်းဆိုတဲ့ အချက်ပါပဲ ။ တိရိစ္ဆာန်များမှာဆိုရင် တွေ့မြင်ထင်ရှားနိုင်တာကို ပြောရရင် ငှက်တွေဟာ အစုအဖွဲ့နဲ့မြောက်များစွာ ဒေသကူးခြင်းကို မကြာခဏ တွေ့မြင်ခြင်းပဲဖြစ်ပါတယ် ။ အကြောင်းကတော့ ရာသီအလိုက် ငှက်တွေ ပျံသန်းပြောင်းရွေ့နေပုံကို တွေ့မြင်ရတာကြောင့် ဖြစ်တယ် ။ အချို့ငှက်တွေဟာ ဒေသကူးပြောင်းရာမှာ မိုင်ပေါင်း ထောင်သောင်းမက ပျံသန်းနိုင်ကြတယ် ။
ဥတုအလိုက်နဲ့ ဒေသပြောင်းတဲ့ တိရိစ္ဆာန်များစွာလဲ ရှိပါတယ် ။ သမင်တို့ဟာ ဆောင်းဝင်တဲ့အခါ တောင်မြင့်ဒေသကို စွန့်ခွါပြီး မြေနိမ့်အရပ်ကို ဆင်းလာတက်ကြပါတယ် ။ သမင်တွေနဲ့အတူ သားစားဝံပုလွေနဲ့ အခြားတိရိစ္ဆာန်များလဲ လိုက်ပါလာတက်ကြတယ် ။ ရှေးအခါက အမေရိကန်လွင်ပြင်များမှာ ကျွဲအုပ်ကြီးများက နွေကူးဥတုတွေမှာ မြောက်အရပ်ကို ဖြစ်စေ/ ဆောင်းကူး ဥတုတွေမှာ တောင်အရပ်ကိုဖြစ်စေ ပြောင်းကူးပြီး နေထိုင်ခဲ့ကြတယ် ။ အင်းဆက်ပိုးများဟာလဲ ဒေသအလိုက် ကူးပြောင်း တက်ကြပါသေးတယ် ။ ပနားမား ကျွန်းဆက်ကို ဖြတ်ပြီး ပင်လယ်ပြင်ဘက်ကို အချိန်အခါ ကျရောက်လာတဲ့အခါ ပျံသန်း ရွေ့ပြောင်းတက်ကြတဲ့ လိပ့်ပြာအုပ်ကြီးကို လည်းကောင်း သီဟိုဠ်ကျွန်းကိုဖြတ်ပြီး ပျံသန်းသွားကြတဲ့ လိပ့်ပြာအုပ်ကြီးကို လည်းကောင်း တွေ့ရတက်တယ် ။ အဲ့ဒီ့ လိပ်ပြာအုပ်ကြီးဟာ ဗျက် တစ်မိုက်ခန့် ကျယ်ပြီး လိုက်ပါလာတဲ့ လိပ့်ပြာတွေက ရက်ပေါင်းအတန်ကြာအောင် ဆက်တိုက် ပျံသန်းနေကြတယ်လို့ ဒီလိုဆိုပါတယ် ။
အချို့တိရိစ္ဆာန်များဟာ သားပေါက်အချိန်မှာ အရပ်တစ်ပါးကို ကူးပြောင်းရွေ့တက်ကြတယ် ။ ဆယ်မန်ငါးများဟာ မြစ်ညာမှာ သားပေါက်ကြပြီး အဲ့ဒီ့ သားပေါက်ငါးကလေးများက မြစ်ကို စုန်ဆင်းပြီး သမုဒ္ဒရာကြီးထဲမှာ ရှင်သန်ကြတယ် ။ အဲ့ဒီ့မြစ်ညာကိုပဲ ပြန်ဆန်တက်ပြီး ဥအုကြပါတယ်လို့ ဒီလိုဆိုတယ် ။ ( ဆယ်မန်ငါး -ရှု )
ဥရောပတိုက်နဲ့ အမေရိကန်တိုက်မှာရှိတဲ့ ငရှဥ့် တို့ဟာ ချောင်းမြောင်း အင်းအိုင်များကိုပစ်ပြီး အီကွေတာမြောက်ဘက်မှာရှိတဲ့ ပူနွေးမှုမှုများတည်ရာ အတ္တလန္တိတ်ရေထဲကို ဆင်းတက်ကြပါတယ် ။ အဲ့ဒီ့ရေမှာ ပေါက်ပြီးတဲ့အခါ သေကုန်ကြပြန်တယ် ။ ငရှဥ့်ပေါက်များဟာ ငရှဥ့်ကြီးတို့လာရာ နေရာဒေသီဆီကို ပြန်သွားတက်ကြပါတယ် ။ တစ်ခါတစ်ရံ ကျေးရွာများမှာ တိရိစ္ဆာန်များ အုပ်လိုက် ရောက်လာတက်တာမျိုး ရှိပြီး ချက်ချင်းပဲ တစ်ဆ တစ်ဆနဲ့ ပျောက်ကွယ်သွားတက်ပြန်တယ် ။ နော်ဝေးနိုင်ငံနဲ့ ဆွီဒင်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ တောင်တွေမှာ မြေကြွတ်တစ်မျိုးနဲ့ မျိုးတူသတ္တဝါများဖြစ်သော လင်းမင်း လို့ ခေါ်တဲ့ ကြွက်ကြီးတစ်မျိုး နေထိုင်ကြပါတယ် ။ သူတို့ဟာ အင်မတန် ထူးခြာလှတယ် ။ ၅ နှစ်ကနေ နှစ် ၂၀ ထိ ရောက်သည့်တိုင် အဲ့ဒီ့ နိုင်ငံများမှာရှိတဲ့ ကျေးလတ်တို့မှာ ရုတ်တရပ်ရောက်ရှိလာကြတာဖြစ်တယ် ။ သူတို့ဟာ အုပ်နဲ့ချီပြီး ခရီးတစ်လျောက်လုံး အပင်များကို စားကာ ပင်လယ် စူးစူးဆီသို့ သွားကြတယ် ။ ထူးခြားတာကတော့ အဲ့ ပင်လယ်ဆီကိုရောက်တဲ့အခါ ရေထဲကို ခုန်ချပြီး ကိုယ့်ကိုကိုယ် အသက်အသေခံကြတာပါပဲဖြစ်တယ် ။ ဒါဟာ အဲ့ဒီ့ နေရာဒေသတွေမှာ လင်းမင်းကြွက်တွေ များပြာလာတာကြောင့် ဒီလို ရွေ့ပြောင်းပြီး အသက်အသေခံကြတယ်လို့ ယူဆဖွယ်ရှိပါတယ် ။ ကြွက်အရေအတွက်တွေ များပြားလာတဲ့အခါ အဲ့ဒီ့နေရာဒေသတွေမှာရှိတဲ့ စားသောက်စရာတွေဟာ မလုံလောက်တော့ပဲ ဖြစ်လာကြပါတယ် ။ ဒါကြောင့် အချို့ကြွက်တွေက နေရာပြောင်းရွေ့ကြတာ ဖြစ်တယ် ။ သို့သော် နေရာပြောင်းရွေ့လာတဲ့ ကြွက်တိုင်းဟာ လမ်းတစ်လျောက် တွေ့တဲ့အစာဟူသမျှတွေကို စားပြီး ပင်လယ်စပ်ကို သွားကာ ရေထဲခုန်ချပြီး သေကုန်ကြတာချည်ပါပဲလို့ ဒီလို ထူးခြာဆန်းပြားတဲ့ အလေ့တွေကို လေ့လာရင်း ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ ။
ဗဟုသုတ ရရှိနိုင်ကြပါစေ
#htoohtoolay
myothetzaw23.blogspot.com
Comments
Post a Comment